Pages

Thursday, December 31, 2015



နှစ်​သစ်​ကူးအားလပ်​ရက်​  ခြိမ်း​ခြောက်​မူ့ကို အ​မေရိကန်​လုံခြုံ​ရေးတင်းကျပ်


    အမေရိကန် ပြည်ထောင်စုနှင့် ပြည်တွင်း လုံခြုံရေး အရာရှိများက အမေရိကန်နိုင်ငံတွင် နှစ်သစ်ကူး ကြိုဆိုပွဲ များ ကျင်းပမည့် နာမည်ကြီး နေရာများနှင့် နှစ်သစ်ကူး အားလပ်ရက် များအတွင်း လုံခြုံရေး ခြိမ်းခြောက်မှုများ ရှိနိုင်မည့် နေရာများအား လုံခြုံရေး တင်းကျပ်ထားကြောင်း ပြည်တွင်း မီဒီယာက ဒီဇင်ဘာလ ၃၁ ရက်က တင်ပြ ထားသည်။

အဆိုပါ ခြိမ်းခြောက်မှုများ အနက် အမေရိကန်မြို့များ ဖြစ်သည့် နယူးယောက်၊ လော့စ်အိန်ဂျလစ် နှင့် ဝါရှင်တန် မြို့များတွင် ခရစ္စမတ်နှင့် နှစ်သစ်ကူး အားလပ်ရက်များ အကြား တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ပြည်ပမှ ခြိမ်းခြောက်မှု တစ်ရပ် ရရှိထားကြောင်း အမည်မဖော်လိုသော အကြီးတန်း အရာရှိ၏ ပြောစကားကို ကိုးကား၍ သတင်းဋ္ဌာနက တင်ပြထားသည်။ ထိုသတင်းမှာ သတင်းရင်းမြစ် တစ်ခုထဲကိုသာ အခြေခံထားပြီး အတည်မပြုနိုင်သေးကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

သတင်း တင်ပို့ထားချက်အရ အမေရိကန် လုံခြုံရေး အရာရှိများသည် နယူးယောက် Times Square နှင့် လော့စ် အိန်ဂျလစ် အနီးတွင် ပြုလုပ်မည့် ပျော်ရွှင်ဖွယ် Rose Bowl အစီအစဉ်များ ကျင်းပမည့် နေရာများအား အမေရိကန် လုံခြုံရေး အရာရှိများက လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။
နယူးယောက်တွင် ရဲအရာရှိ ၆,၀၀၀၊ လုံခြုံရေး ခွေးများ၊ လေကြောင်းနှင့် ရေကြောင်း ကင်းလှည့်ခြင်းနှင့် လက်ဖြောင့် တပ်သားများသည် Times Square တွင် တာဝန် ချထားကြောင်းနှင့် နှစ်သစ်အကြို ball drops အစီအစဉ် အတွက် လာရောက်ကြမည့် ခရီးသွား ဧည့်သည်ပေါင်း ၁ သန်းခန့်အား လုံခြုံရေး ပေးနိုင်မည် ဖြစ်ကြောင်း နယူးယောက် မြို့တော်ဝန်က ပြောသည် ။


Saturday, December 19, 2015

ဗြိတိန် နောက်ဆုံး ကျောက်မီးသွေးတွင်း ပိတ်လိုက်ပြီ

ဗြိတိန်နိုင်ငံမှာ နောက်ဆုံးကျန်တဲ့ ကျောက်မီးသွေးတွင်းကို သောကြာနေ့က ပိတ်ပစ်လိုက်တဲ့အတွက် ကျောက်မီးသွေးတွင်းတူး လုပ်သား ၄၅၀ လောက် အလုပ်လက်မဲ့ ဖြစ်သွားပြီး ကျောက်မီးသွေးလုပ်ငန်း ရပ်ဆိုင်းတော့မယ့် လက္ခဏာတွေ တွေ့လာရပါသည်။

မြောက်ပိုင်း Yorkshire အခြေစိုက် Kellingley Colliery မိုင်းကို ပိတ်ပစ်လိုက်တာဟာ ဗြိတိန်နိုင်ငံမှာ ၂၀၂၅ ခုနှစ်ကျရင် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံအားလုံး ပိတ်ပစ်ဖို့ တွန်းအားပေးမှုကြောင့်ဖြစ်ပါသည်။ တချိန်က နိုင်ငံတော် စက်မှုလုပ်ငန်းတခုဖြစ်ခဲ့တဲ့ ကျောက်မီးသွေးလုပ်ငန်းကို ၂၀၂၅ ခုနှစ်မှာ အဆုံးသတ်စေမှာ ဖြစ်ပါသည်။

၁၉၅၀ ခုနှစ် Wall Street စာစောင်ရဲ့ မှတ်တမ်းအရ ဗြိတိန်နိုင်ငံမှာ နက်ရှိုင်းတဲ့ ကျောက်မီးသွေးမိုင်း တွင်းပေါင်း ၁၃၃၀ ရှိခဲ့ပြီး နိုင်ငံတွင်း စွမ်းအင်လိုအပ်ချက်ရဲ့ ၉၅ ရာခိုင်နှုံးကို ဖြည့်တင်းပေးခဲ့တယ်လို့ ဆိုပါသည်။ စနေနေ့ကစပြီး နိုင်ငံအတွင်း မြေအောက် ကျောက်မီးသွေးမိုင်း တူးဖေါ်တဲ့ လုပ်ငန်း တခုမှရှိတော့မှာ မဟုတ်ပေမယ့် မြေပြင်ပေါ် တူးဖေါ်တဲ့ မိုင်းတွေကိုတော့ ဆက်လက်လုပ်ကိုင်ခွင့်ပြုထားသည်။

ကျောက်မီးသွေးလုပ်ငန်းဟာ ညစ်ညမ်းမှု အများဆုံး ဇီဝလောင်စာထုတ်တဲ့ လုပ်ငန်းတခု ဖြစ်ပါသည်။ ရုရှားနဲ့ ကိုလံဘီယာကနေ ဈေးပိုပေါတဲ့ ကျောက်မီးသွေး တင်သွင်းမှုတွေနဲ့အတူ ဗြိတိန်နိုင်ငံတွင်း ကျောက်မီးသွေးလုပ်ငန်း ကျဆင်းလာခဲ့တာ ဖြစ်ပါသည်။

အလုပ်လက်မဲ့ပြဿနာ ကြုံနေရတဲ့ ဒီဒေသအတွက်တော့ ကျောက်မီးသွေးမိုင်းတွေ ပိတ်ပစ် လိုက်တဲ့အတွက် အလုပ်အကိုင်ပို နဲပါးသွားတာ ဖြစ်ပါသည်။ ဒါပေမယ့်လည်း ဒါဟာ သဘာဝဝန်းကျင် ပိုမိုသန့်စင်ရေးကို ဦးတည်နေတာမို့ ရလဒ်ကောင်းဖြစ်ပါသည်။


Posted via Blogaway

ဗြိတိန် နောက်ဆုံး ကျောက်မီးသွေးတွင်း ပိတ်လိုက်ပြီ

ဗြိတိန်နိုင်ငံမှာ နောက်ဆုံးကျန်တဲ့ ကျောက်မီးသွေးတွင်းကို သောကြာနေ့က ပိတ်ပစ်လိုက်တဲ့အတွက် ကျောက်မီးသွေးတွင်းတူး လုပ်သား ၄၅၀ လောက် အလုပ်လက်မဲ့ ဖြစ်သွားပြီး ကျောက်မီးသွေးလုပ်ငန်း ရပ်ဆိုင်းတော့မယ့် လက္ခဏာတွေ တွေ့လာရပါသည်။

မြောက်ပိုင်း Yorkshire အခြေစိုက် Kellingley Colliery မိုင်းကို ပိတ်ပစ်လိုက်တာဟာ ဗြိတိန်နိုင်ငံမှာ ၂၀၂၅ ခုနှစ်ကျရင် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံအားလုံး ပိတ်ပစ်ဖို့ တွန်းအားပေးမှုကြောင့်ဖြစ်ပါသည်။ တချိန်က နိုင်ငံတော် စက်မှုလုပ်ငန်းတခုဖြစ်ခဲ့တဲ့ ကျောက်မီးသွေးလုပ်ငန်းကို ၂၀၂၅ ခုနှစ်မှာ အဆုံးသတ်စေမှာ ဖြစ်ပါသည်။

၁၉၅၀ ခုနှစ် Wall Street စာစောင်ရဲ့ မှတ်တမ်းအရ ဗြိတိန်နိုင်ငံမှာ နက်ရှိုင်းတဲ့ ကျောက်မီးသွေးမိုင်း တွင်းပေါင်း ၁၃၃၀ ရှိခဲ့ပြီး နိုင်ငံတွင်း စွမ်းအင်လိုအပ်ချက်ရဲ့ ၉၅ ရာခိုင်နှုံးကို ဖြည့်တင်းပေးခဲ့တယ်လို့ ဆိုပါသည်။ စနေနေ့ကစပြီး နိုင်ငံအတွင်း မြေအောက် ကျောက်မီးသွေးမိုင်း တူးဖေါ်တဲ့ လုပ်ငန်း တခုမှရှိတော့မှာ မဟုတ်ပေမယ့် မြေပြင်ပေါ် တူးဖေါ်တဲ့ မိုင်းတွေကိုတော့ ဆက်လက်လုပ်ကိုင်ခွင့်ပြုထားသည်။

ကျောက်မီးသွေးလုပ်ငန်းဟာ ညစ်ညမ်းမှု အများဆုံး ဇီဝလောင်စာထုတ်တဲ့ လုပ်ငန်းတခု ဖြစ်ပါသည်။ ရုရှားနဲ့ ကိုလံဘီယာကနေ ဈေးပိုပေါတဲ့ ကျောက်မီးသွေး တင်သွင်းမှုတွေနဲ့အတူ ဗြိတိန်နိုင်ငံတွင်း ကျောက်မီးသွေးလုပ်ငန်း ကျဆင်းလာခဲ့တာ ဖြစ်ပါသည်။

အလုပ်လက်မဲ့ပြဿနာ ကြုံနေရတဲ့ ဒီဒေသအတွက်တော့ ကျောက်မီးသွေးမိုင်းတွေ ပိတ်ပစ် လိုက်တဲ့အတွက် အလုပ်အကိုင်ပို နဲပါးသွားတာ ဖြစ်ပါသည်။ ဒါပေမယ့်လည်း ဒါဟာ သဘာဝဝန်းကျင် ပိုမိုသန့်စင်ရေးကို ဦးတည်နေတာမို့ ရလဒ်ကောင်းဖြစ်ပါသည်။


Posted via Blogaway

ကနေဒါမှ လေသန့်ဘူးဝယ်ရှူနေရသည့် ပေကျင်းတွင် လေထုညစ်ညမ်းမှုကြောင့် ဒုတိယအကြိမ် အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်


ကနေဒါနိုင်ငံ တောင်တန်းဒေသ များမှ ထွက်ရှိသည့် လေသန့်ဘူးများကို ဝယ်ယူရှူ နေ ရသော ပေကျင်းမြို့တွင် လေထု ညစ်ညမ်းမှု ထပ်မံမြင့်တက်လာခြင်းကြောင့် ဒီဇင်ဘာ ၁၈ ရက် နံနက်တွင် ဒုတိယအကြိမ် အနီရောင်အဆင့် သတိပေးချက်ကို တာဝန်ရှိသူ များက ထုတ်ပြန် ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။

ပထမအကြိမ် သတိပေးချက်ကို ပြီးခဲ့သည့် ရက်သတ္တပတ် က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး လေးရက် ကြာမြင့်မည့် ယခု ဒုတိယအကြိမ် သတိပေးချက် သည် ဒီဇင်ဘာ ၁၉ ရက် နံနက်မှစတင် အသက်ဝင်မည် ဖြစ်သည်။

ပေကျင်းမြို့တွင် လက်ရှိဖြစ်ပေါ် နေသည့် လေထု ညစ်ညမ်းမှု အခြေအနေများ အရ တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခန့် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန် သင့်ကြောင်း ပေကျင်းမြို့တော်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး ဗျူရိုမှ အင်ဂျင်နီယာချုပ် ယုကျန်ဟွာ က ပြောကြား ထားသည်။

ပေကျင်းမြို့တွင် လေထု ညစ်ညမ်းမှု သတိပေးချက်နှင့် ပတ်သက်၍ အရောင် လေးရောင် ခွဲခြားသတ်မှတ်မှု ကို ၂ဝ၁၃ ခုနှစ်၌စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပထမဆုံး အကြိမ် အနီရောင်အဆင့် သတိပေးမှုကို ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လေထု ညစ်ညမ်းမှုများ မြင့်တက် လာခြင်းကြောင့် ကနေဒါနိုင်ငံမှ စွန့်ဦးတီထွင် ကုမ္ပဏီ တစ်ခုသည် တောင်တန်းဒေသ များမှ သန့်ရှင်း လတ်ဆတ်သော လေများကို ဘူးအတွင်း ထည့်သွင်းကာ တရုတ်နိုင်ငံသို့ ရောင်းချမှုအား ပြီးခဲ့သည့် နှစ်လခန့်က စတင်ခဲ့ခြင်း ဖြစ်သည်။

ယင်း ကနေဒါ ကုမ္ပဏီသည် ၇ ဒသမ ၇ လီတာပါရှိ လေသန့်ဘူး တစ်ဘူးလျှင် ယွမ် ၁ဝဝ နှုန်းဖြင့် ရောင်းချနေခြင်း ဖြစ်ပြီး တရုတ်နိုင်ငံမှ ဖြန့်ချိ ရောင်းချသည့် သတ္တုဆား သို့မဟုတ် ဓာတ်ငွေ့ ပျော်ဝင်နေသည့် စမ်းရေဘူးများ၏ ဈေးနှုန်းထက် အဆ ၅ဝ ပိုမို ဈေးကြီးကြောင်း သိရသည်။


Posted via Blogaway

Monday, December 14, 2015

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို လှောင်ပြောင်သည်ဟု စွပ်စွဲ ခံထားရသူချစ်သမီး (ခ) ချောစန္ဒီထွန်း အမှုအား စွဲချက်တင်သင့်၊ မတင်သင့် ယနေ့အမိန့်ချမည်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို လှောင်ပြောင်သည်ဟု စွပ်စွဲခံရကာအီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့်တရားစွဲဆိုခံထားရသည့် မချောစန္ဒီထွန်းကို မအူပင်တရားရုံးတွင် အောက်တိုဘာ ၂၇ ရက်က စတင်ရုံးထုတ် စစ်ဆေးခဲ့ပြီး ဒုတိယမြောက် ရုံးချိန်းတွင် အသရေဖျက်မှု ပုဒ်မ ၅၀၀ကိုပါ ထပ်တိုးစွဲဆိုထားသည့် အမှုအား ဒီဇင်ဘာ ၁၄ ရက် (ယနေ့) ခုနစ်ကြိမ်မြောက်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့် ရုံးထုတ် စစ်ဆေး အမိန့်ချမည်ဖြစ်ကြောင်း သတင်းရရှိရှိသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၀တ်ဆင်ထားသော ယူနီဖောင်းသည် ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်ထားသည့် ထဘီအရောင်နှင့်ဆင်တူသည်ဟု လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ရေးသားဖော်ပြခဲ့ခြင်းကြောင့် မချောစန္ဒီထွန်းကို တပ်မတော်ကိုယ်စား ပုသိမ်အခြေစိုက်အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ပထမတန်း စစ်ရေးဦးစီးအရာရှိ
ဒုတိယဗိုလ်မှူးကြီး ကျော်ထင်က တရားလိုပြုလုပ် တရားစွဲဆိုထားခြင်းလည်းဖြစ်သည်။

မအူပင်နည်းပညာ တက္ကသိုလ်မှ B.Tech(EC) ဖြင့် ဘွဲ့ရထားသူ မချောစန္ဒီထွန်းသည် မအူပင်ခရိုင် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းက ပေါ်ပေါက်ခဲ့သည့် ကျောင်းသားသပိတ် စစ်ကြောင်းတွင်လိုက်ပါ၍ အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် ကျောင်းသားသမဂ္ဂမှ နုတ်ထွက်၍ မအူပင်မြို့နယ် NLD ပါတီသို့ဝင်ရောက်ကာ ပါတီအောင်နိုင်ရေး လုပ်ငန်းများ ၀ိုင်းဝန်းကူညီ ဆောင်ရွက်နေသူ လည်း ဖြစ်သည်။


Posted via Blogaway

Wednesday, December 9, 2015

တရားရေးဌာန အဂတိလိုက်စားမှု အဖြစ်ဆုံးလို့ လွှတ်တော်ကို ကော်မတီ တင်ပြ

မန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုနဲ့ ပြည်သူတွေရဲ့ လူမှုဘ၀လုံခြုံမှု အားနည်းနေတယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ တရားရေးမဏ္ဍိုင်ဟာလည်း အဂတိလိုက်စားမှု အဖြစ်ဆုံးနေရာ ဖြစ်နေတယ်လို့လည်း ထုတ်ဖော်ဝေဖန်ပါတယ်။

တရားသူကြီးအဆင့်ဆင့်နဲ့ ဥပဒေ၀န်ထမ်းအဆင့်ဆင့်မှာ အဂတိလိုက်စားမှု ရှိနေပြီး၊ ပြည်သူတွေမှာ နစ်နာနေတယ်လို့ ဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

တနင်္လာနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကဖွဲ့စည်းထားတဲ့ တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက သမ္မတ ဦးသိန်းစိန် အစိုးရတာဝန်ယူတဲ့ ၅ နှစ်တာ ကာလအတွင်း တရားစီရင်ရေးနဲ့ ပတ်သတ်တဲ့ကိစ္စတွေကို လေ့လာခဲ့တဲ့အပေါ် အခုလို အစီရင်ခံစာ တင်ပြလာခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုမှအစ ပြည်နယ်လွှတ်တော်အဆုံး အဆင့်ဆင့်ထောက်ခံမှုနဲ့ နေရာရနေကြတဲ့ တရားသူကြီးတွေဟာ အထက်မှာရှိနေတဲ့ ရာထူးအဆင့်ဆင့် သြဇာရှိသူတွေကို မလွန်ဆန်နိုင်ဘဲ တရားရေးမဏ္ဍိုင်ကို မျက်ကွယ်ပြုကာ လုပ်ဆောင်နေကြကြောင်း ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းက တင်ပြခဲ့ပါတယ်။

“တရားစီရင်ရေးအပိုင်းတွင် အဂတိတရားများ လွှမ်းခြုံလျက်ပင် ရှိနေသည်ကို တွေ့ရှိရပါတယ်။ တရားသူကြီး အဆင့်ဆင့်သည် အထက်တရားသူကြီး အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရာတွင် အပေးအယူကိစ္စများတွင် ကွင်းဆက်များရှိနေတာကို တွေ့ရှိရပါတယ်။ အလားတူပင် ဥပဒေ၀န်ထမ်း အဆင့်ဆင့်၌လည်း ကြီးကြပ်သူ အဆင့်ဆင့် ၀န်ထမ်းများသည် ကွင်းဆက်ရှိနေပြီး နားလည်မှုဖြင့် ဆောင်ရွက်လျက်ရှိနေတာကို တွေ့နေကြရပါတယ်။ အများအားဖြင့် ပြစ်မှုများတွင် အဆိုပါ အခြေအနေများ တွေ့ရှိနေရပါတယ်။ ခရိုင်တရားသူကြီးတဦးသည် အမှုတွဲရဲ့နေ့စဉ်မှတ်တမ်းကို မိမိနိုင်လိုတဲ့ဘက်က အသာရရှိရေးအတွက် ပထမတမျိုး မှတ်တမ်းတင်ပြီး အမှုစစ်ဆေးဆဲမှာပဲ ပထမမှတ်တမ်းကိုပြင်၍ နောက်တမျိုး မှတ်တမ်းတင်သည်။ သက်သေခံတင်သွင်းတဲ့ အထောက်အထားများကို ဘက်လိုက်၍ လက်ခံသည်။ သက်သေခံဥပဒေကို ကျင့်သုံးမှု လွန်စွာ အားနည်းနေကြောင်း တွေ့ရှိရပါတယ်။”

တရားမမှုပိုင်းဆိုင်ရာ စာချုပ်စာတမ်းတွေနဲ့ ပတ်သက်လို့ တရားရုံးတွေမှာ ဟန်ဆောင် အရောင်းအ၀ယ်တွေ ရှိနေသလို၊ အခွန်မှတ်ပုံတင်ရာမှာလည်း အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ သူက အခုလို ထောက်ပြခဲ့ပါသေးတယ်။

“တရားမမှုများတွင် အသေးအဖွဲ့ ငွေကြေးကအစ ငွေကျပ်သိန်း ၁၀၀ အထက် ငွေချေးမှုများနဲ့ ဟန်ဆောင် အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုသည့် အမှုများကို အများဆုံး တွေ့ရှိရပါတယ်။ ယခုအခါ မြန်မာနိုင်ငံ အနှံ့အပြားတွင် မြေဈေး အဆမတန် မြင့်မားလျက်ရှိရာ ယခင်က သိန်းဂဏန်းမရှိသော်လည်း ကာလပေါက်ဈေး သိန်းထောင်ကျော်လာတဲ့အတွက် ပိုင်ဆိုင်မှု အငြင်းပွားမှုများ၊ မတရားဖယ်ရှားမှုများ၊ စာချုပ်အတု ပြုလုပ်မှုများ၊  များပြားလျက်ရှိရာ အဆိုပါအမှုတွင် မှတ်ပုံတင်ရုံးများ၏ မသမာမှုများ အဂတိလိုက်စားမှုများ ရှိနေကြောင်း သုံးသပ်တွေ့ရှိရပါတယ်။”

လက်ရှိ တရားရေးမဏ္ဍိုင် ဖြောင့်မတ်ဖို့ဟာ အရေးတကြီး လိုအပ်နေပုံကိုလည်း သူက အခုလို လွှတ်တော်မှာ ဆွေးနွေး တင်ပြခဲ့ပါသေးတယ်။

“လိုင်စင်မဲ့ ငွေတိုးချေးစားသူများနှင့် စပ်လျဉ်း၍ လွှတ်တော်အသီးသီးတွင် တရားရုံးများ၏ မသမာမှုများကို တင်ပြခဲ့သော်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ဖြေကြားချက်များမှာ တရားစီရင်ရေးမူနှင့် ကိုက်ညီမှုမရှိကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ တရားရုံးများ၏ ဆောင်ရွက်ချက်များအပေါ် သံသယဖြစ်ဖွယ်ရာ အဆုံးအဖြတ်များကို နေရာတိုင်းလိုလိုတွင် တွေ့မြင်သိရှိရပါသဖြင့် အဆိုပါအမှုများ စုစည်းသုံးသပ်ပြီး လိုအပ်သော အရေးယူမှုများ ပြုလုပ်နိုင်ရေးအတွက် လွှတ်တော်သို့ တင်ပြရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ယနေ့ မြန်မာနိုင်ငံတော်တွင် တရားဥပဒေစိုးမိုးမှု လွန်စွာ အားနည်းနေသောကြောင့် ပြည်သူများအနေဖြင့် လူမှုစီးပွားရေးဘ၀ လုံခြုံမှုမရှိဟု ခံစားနေကြရပါတယ်။”

လက်ရှိ တရားရေးမဏ္ဍိုင်ရဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ရုံးအဖွဲ့မှူး ဦးဇော်မင်းကတော့ အခုလို သုံးသပ်လိုက်ပါတယ်။

“အဓိကအခြေခံ အကြောင်းအရင်းက အာဏာရှင်စနစ်က ပြည်သူနဲ့ အစိုးရယန္တရားနဲ့ ဝေးကွာအောင် လုပ်သွားတဲ့အခါမှာ အစိုးရယန္တရားက အလိုလို တဆင့်မြင့်တယ်လို့ သူတို့ကိုယ်သူတို့ ခံယူထားပြီးတော့ ခေါက်ရိုးကျိုး နှစ်ရှည်လများ ကျင့်သုံးတဲ့ဟာကြီးက အခုထိကို စိုးမိုးနေတယ်။ တရားရေးမဏ္ဍိုင်ကို တက်လာမယ့် အုပ်ချုပ်ရေးအခန်းကဏ္ဍရဲ့ ယိမ်းယိုင်မှုတွေက တရားရေးမဏ္ဍိုင်မှာ ဆက်လက်သွားပြီးတော့ သက်ရောက်တယ်။ သက်ရောက်တဲ့အခါမှာ လိုရင် လိုသလို လွှမ်းမိုးတယ်၊ မလိုရင် မလိုသလို နောက်ဆုတ်ပြီး မသိချင်ယောင် ဆောင်တဲ့ဟာမျိုးတွေ အများကြီးဗျ။ တရားရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် ဆက်စပ်မှုတွေမှာ ခြစားပျက်ယွင်းမှုတွေ အများကြီးဖြစ်နေတာ တော်တော်လေး ပြင်ယူရမယ့် ကိစ္စခင်ဗျ။”

လတ်တလောမှာ တရားစီရင်ရေး၊ တရားဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီကို တရားရေးဆိုင်ရာ အဂတိလိုက်စားမှု  တိုင်ကြားစာပေါင်း ၁ သောင်းကျော် ရရှိခဲ့တယ်လို့ အဲဒီကော်မတီက ပြောဆိုထားပါတယ်။ ဒီလိုရလာတဲ့ တိုင်ကြားစာတွေကို သက်ဆိုင်ရာ တရားရုံးချုပ်ကို လွှဲပြောင်းကာ ဖြေရှင်းဖို့ တင်ပြခဲ့ရာမှာ ဖြေရှင်းပေးတဲ့ အမှုပေါင်းဟာ ၁ ထောင်နီးပါးသာ ရှိတယ်လို့ အဲဒီကော်မတီက ထုတ်ဖော်ပြောဆိုခဲ့ပြီး တရားရေးမဏ္ဍိုင်ကို အမြန်ဆုံး ပြုပြင်ဖို့ လိုအပ်နေကြောင်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။


Posted via Blogaway

Tuesday, December 8, 2015

ဒီနှစ်အတွင်း ဂျာမနီမှာ ခိုလှုံလိုသူ တစ်သန်းရှိတော့မယ်














ဂျာမနီနိုင်ငံမှာ ​အခုလောလောဆယ်အချိန်အထိ ​ခိုလှုံခွင့်တောင်းလိုသူ ​စုစုပေါင်း ​၉၆၄၅၇၄ ​ယောက်ရှိပြီး ​၂၀၁၅ ​နှစ်ကုန်အထိ ​တစ်သန်း ​ရှိလာနိုင်ပါတယ်။

နိုဝင်ဘာလ ​တစ်လအတွင်းမှာပဲ ​ခိုလှုံခွင့်တောင်းလိုသူ ​အယောက်ပေါင်း ​နှစ်သိန်းကျော် ​ဝင်ရောက်လာတာ ​ဖြစ်ပါတယ်။

ဒီနှစ် ​ဂျာမနီနိုင်ငံမှာ ​လာရောက် ​ခိုလှုံခွင့်တောင်းတဲ့ ​လူဦးရေဟာ ​အရင်နှစ်ထက် ​၄ ​ဆကျော် ​ပိုများနေတာ ​ဖြစ်ပါတယ်။

ခိုလှုံခွင့် ​တောင်းတဲ့ ​လူတွေက ​ဘယ်နိုင်ငံက ​ဖြစ်သလဲ ​ဆိုတာ ​အသေအခြာ ​မသိရပေမယ့် ​အရှေ့အလယ်ပိုင်းဒေသ၊ ​အာရှနဲ့ ​အာဖရိကတိုက်က ​ဆင်းရဲတဲ့လူတွေ၊ ​စစ်ဘေးဒဏ်သင့်သူတွေ ​ဖြစ်ကြတယ်လို့ ​ဆိုပါတယ်။

အရင်လတွေတုန်းကတော့ ​ဆီးရီးယား ​နိုင်ငံသားတွေ ​အများဆုံး ​ရောက်ရှိလာပေမယ့် ​ဒီလမှာတော့ ​လျော့ကျသွားပြီလို့ ​ဆိုပါတယ်။

အရင်တုန်းက ​တစ်ရက်အတွင်း ​လူပေါင်း ​၈၀၀၀ ​လောက် ​ရောက်လာလေ့ရှိပေမယ့် ​တူရကီနိုင်ငံက ​လူကုန်ကူးမှု ​တိုက်ဖျက်ရေးတွေ ​လုပ်လာပြီးတဲ့နောက် ​အခုဆိုရင် ​၂၀၀၀နဲ့ ​၃၀၀၀ ​ဝန်းကျင်လောက်သာ ​ရောက်ရှိလာတယ်လို့ ​ဆိုပါတယ်။

ဂျာမနီနိုင်ငံသာမက ​ခိုလှုံခွင့်တောင်းလိုသူတွေ ​ရောက်ရှိလာမှုက ​ဥရောပ ​တခွင်လုံးမှာ ​ရော့ကျသွားတာလို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။

တူရကီနိုင်ငံကနေ ​ဥရောပတိုက်ထဲ ​ဝင်မလာအောင် ​တားဆီးပေးတာတွေအပြင် ​ရာသီဥတုအေးလာလို့လည်း ​ဖြစ်နိုင်တယ်လို့လည်း ​ဆိုပါတယ်။

ခိုလှုံခွင့် ​တောင်းလိုသူတွေကို ​ဂျာမနီဝန်ကြီးချုပ်က ​ရက်ရက်ရောရော ​လက်ခံတဲ့အပေါ် ​ပြည်သူတွေ ​ထောက်ခံမှု ​များသလို ​ပါတီတွင်းမှာ ​မနှစ်မြို့သူတွေလည်း ​ရှိပါတယ်။


Posted via Blogaway

မူဆလင်အားလုံးအား အမေရိကန်သို့ခရီးသွားလာခွင့်ပိတ်ပင်သင့်ကြောင်း Trump ပြောကြား

တနင်္လာနေ့တွင် Donald Trump က မွတ်ဆလင်များအားလုံးအမေရိကန်ပြည်ထောင်စုသို့ဝင်ရောက်နေခြင်းကိုပိတ်ဆို့သင့်တယ်လို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်၊

အမေရိကန်ကို ​မုန်းတီးတဲ့ ​မွတ်ဆလင်တွေ ​များပြားတဲ့အတွက် ​အမေရိကန် ​နိုင်ငံမှာ ​အကြမ်းဖက်မှုတွေ ​ပိုဖြစ်နိုင်တယ်လို့လည်း ​ပြောပါတယ်။

အဲဒီ ​အမုန်းတရားတွေ ​ဘယ်ကနေ ​လာသလဲ ​ဆိုတာကို ​အဖြေရှာရမှာ ​ဖြစ်တယ်လို့လည်း ​ပြောပါတယ်။

မွတ်ဆလင်တွေကို ​အမေရိကန်နိုင်ငံထဲ ​ပေးမဝင်ဖို့ ​ပြောတဲ့အခါ ​အလည်အပတ်လာတဲ့ ​မွတ်ဆလင်တွေပါသလား၊ ​အမေရိကန်နိုင်ငံထဲ ​ရွှေ့ပြောင်းလာတဲ့ ​မွတ်ဆလင်တွေကိုပါ ​ပြောတာလား၊ ​ဒါမှမဟုတ် ​ပြည်ပကို ​ရောက်နေတဲ့ ​အမေရိကန်မွတ်ဆလင်တွေကို ​ပြောသလား ​ဆိုတာတော့ ​မသိရသေးပါဘူး။

သမ္မတလောင်း ​တစ်ဦးကနေ ​အခုလို ​ပြောဆိုတဲ့အပေါ် ​အမေရိကန် ​သမ္မတအပြင် ​တခြားပြိုင်ဘက် ​သမ္မတလောင်းတွေကလည်း ​Donald ​Trump ​ကို ​ဝေဖန်ခဲ့ကြပါတယ်။

Donald ​Trump ​ရဲ့ ​ပြောဆိုချက်က ​အမေရိကန်ရဲ့ ​ခံယူချက်နဲ့ ​ဆန့်ကျင်နေတယ်လို့ ​ပြောဆိုကြပါတယ်။

အိမ်ဖြူတော်ရဲ့ ​လုံခြုံရေးအရာရှိ ​Ben ​Rhodes ​ကတော့ ​အမေရိကန်နိုင်ငံရဲ့ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေထဲမှာ ​လွတ်လပ်စွာ ​ကိုးကွယ်ခွင့်ရှိတယ်လို့ ​ဖော်ပြထားသလို ​Donald ​Trump ​ရဲ့ ​ပြောဆိုမှုက ​အမေရိကန် ​လုံခြုံရဲ့နဲ့လည်း ​ဆန့်ကျင်နေတယ်လို့ ​ဆိုပါတယ်။

IS ​အဖွဲ့က ​အမေရိကန်ဟာ ​အစ္စလာမ်ကို ​ဆန့်ကျင်နေတယ်လို့ ​လူတွေကို ​အယုံသွင်းဖို့ ​ကြိုးစားတဲ့အချိန်မှာ ​အခုလို ​ပြောဆိုတာက ​မသင့်တော်ဘူးလို့ ​ဆိုပါတယ်။

တချို့ ​နိုင်ငံရေးသမားတွေကလည်း ​Donald ​Trump ​ရဲ့ ​ပြောဆိုမှုက ​ဖက်ဆစ်ဆန်သလို ​တချို့ကလည်း ​မွတ်ဆလင်တွေကိုသာ ​ပစ်မှတ်မထားပဲ ​အမေရိကန်နိုင်ငံထဲ ​ဝင်လာသူ ​မှန်သမျှကို ​စောင့်ကြည့်မှုတွေ ​လုပ်သင့်တယ်လို့ ​ပြောဆိုကြပါတယ်။


Posted via Blogaway

Monday, December 7, 2015

ဖားကန့်မြေစာပုံပြိုကျမှုကိစ္စ လာရောက်ဖြေရှင်းဖို့ အမျိုးသားလွှတ်တော်မှာ ကြေညာ

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့မှာ စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူ ၁၁၄ ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ၃ ပတ်အတွင်း သက်ဆိုင်ရာ အစိုးရဌာနက အမျိုးသားလွှတ်တော်မှာ လာရောက်ဖြေရှင်းဖို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီကနေ့ လွှတ်တော်မှာ ကြေညာပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၈ဦး ဆွေးနွေးခဲ့ပေမယ့် သက်ဆိုင်ရာအစိုးရဘက်က လာရောက်ရှင်းပြတာ မရှိတဲ့အတွက် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က အစိုးရအနေနဲ့ နောက်ထပ် ၂၁ ရက်အတွင်း လွှတ်တော်မှာ ရှင်းလင်းတင်ပြဖို့ ကြေညာလိုက်ပါတယ်။

"အခုတင်သွင်းတဲ့ အဆိုတဲ့စပ်လျဉ်းပြီး ၂ဝ၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၇၁ နည်းဥပဒေခွဲ ဂ အရ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ၂၁ ရက်အတွင်း ပြန်လည်ဖြေရှင်းဆွေးနွေးနိုင်တဲ့ အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လာရောက်ဆွေးနွေးနိုင်မယ့် နေ့ရက်မှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူမယ်ဖြစ်ကြောင်း ကြေညာမယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့က ပြိုကျခဲ့တဲ့ မြေစာပုံကို အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေက ၆ရက်ဆက်တိုက် ရှာဖွေရာမှာ ရုပ်အလောင်း ၁၁၄ လောင်းကို တွေ့ရှိပြီးနောက် ရှာဖွေမှုကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

ကျောက်မျက်ဥပဒေမှာ လုပ်ငန်းလုပ်တဲ့သူတွေကိုသာ အကာအကွယ်ပေးထားတာဖြစ်ပြီး တစ်ပိုင်တစ်နိုင် လုပ်စားနေသူတွေကို အကာအကွယ်ပေးထားတာ မရှိတဲ့အတွက် ဥပဒေအရ အားနည်းနေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်အောင်က ဆွေးနွေးခဲ့ပါတယ်


Posted via Blogaway

မန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တချို့ အမေရိကန် (၆)လ လျှော့ချ

မန်မာနိုင်ငံရဲ့အဓိကဆိပ်ကမ်းတခုမှာ အမေရိကန်ကုမ္ပဏီတွေကူးသန်းရောင်းဝင်ခွင့်ကို (၆)လတာခွင့်ပြုတဲ့အနေနဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ကုန်သွယ်ရေးပြစ်ဒဏ်ခတ်မှုတချို့ကို အမေရိကန်အစိုးရက တနင်္လာနေ့က ဖြေလျော့ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ခေတ်အမှီဆုံးဆိပ်ကမ်းတခုဖြစ်တဲ့ Asia World ကုမ္ပဏီပိုင်ဆိပ်ကမ်းမှာ ကုန်သွယ်ရေးအရ ငွေကြေးလွှဲပြောင်းမှုတွေပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကိုရှာဖွေနိုင်ဖို့ Clearing House Association နဲ့ (BAFT )Bankers Association of Finance and Trade တို့ဟာ အမေရိကန်ဘဏ္ဍာရေးဌာနကို ဂျူလိုင်လကတည်းက တောင်းဆိုထားတာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

မြန်မာအပေါ် ကုန်သွယ်ရေးပြစ်ဒဏ်ခတ်မှုတချို့ ဖြေလျော့ဖို့ အမေရိကန်အစိုးရက ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ မြန်မာနဲ့အမေရိကန်နှစ်နိုင်ငံကုန်သွယ်ရေးပိုမိုချောမွေ့စေဖို့ (၆)လ သက်တမ်းရှိတဲ့ GL 20 ဆိုတဲ့ အထွေထွေလိုင်စင်အမှတ် (၂၀)ကိုချမှတ်ပေးခြင်းအားဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို လျော့ချပေးလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္လာနေ့ကထုတ်ပြန်ကြေညာပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုရေးရာ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရအမျိုးသမီး Laura Robinson ကဗွီအိုအေကိုအခုလိုပြောပါတယ်။

“GL (20) ဟာ မြန်မာနိုင်ငံကို တင်ပို့တာ၊ မြန်မာနိုင်ငံကနေတင်သွင်းတဲ့ကုန်စည်တွေကိုအဆင်ပြေချောမွေ့စေဖို့ နည်းပညာပိုင်းအရ ပြင်ဆင်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ပတ်သက်တဲ့ စိုးရိမ်မကင်းဖြစ်မှုတွေကြောင့် အဓိကရန်ကုန်ဆိပ်ကမ်းတခုနဲ့ မြန်မာနိုင်ငံနဲ့ကုန်သွယ်ရာမှာ မထင်မှတ်ပဲ ဆိုင်းငံထားရတာတွေ ရှိတဲ့သတင်းတွေကို တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်ဘဏ္ဍာရေးဌာနက GL (20) ခေါ်အထွေထွေလိုင်စင်အမှတ် (၂၀)ကို ထုတ်ပြန်ပေးလိုက်တာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အခိုင်အမာဆက်လက်ထိန်းသိမ်းချမှတ်သွားဖို့အပြင် SDN ခေါ်အထူးပစ်မှတ်ထားတဲ့ မြန်မာနိုင်ငံသားတွေအပေါ် ဆက်လက်ဖိအားပေးသွားမှာဖြစ်ပါတယ်။”

Asia World ကုမ္ပဏီရဲ့ ဦးဆောင်ညွန်ကြားရေးမှုး စတီဖင်လော်ခေါ် ဦးထွန်းမြင့်နိုင်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ သူရဲ့ဖခင် လော်စစ်ဟန်တို့ဟာ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်မှုရှိပြီး မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်တဲ့လုပ်ငန်းနဲ့ ချမ်းသာလာသူတွေဖြစ်တာကြောင့် အမေရိကန်ပြည်ထောင်စုက ၂၀၀၈ ခုနှစ်မှာ SDN ခေါ် တဦးချင်းပစ်မှတ်ထားပိတ်ဆို့အရေးယူမှုစာရင်းထဲထည့်သွင်းခဲ့တာပါ။

ဒါပေမဲ့ ၂၀၁၁ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက် အမေရိကန်လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်လာခဲ့တာပါ။ အဲဒီမှာAsia World ကုမ္ပဏီပိုင်တဲ့ ရန်ကုန်မြို့ဆိပ်ကမ်းဟာ ပြည်ပကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ အသက်သွေးကြောသဖွယ်ဖြစ်လာတာကို အမေရိကန်လုပ်ငန်းရှင်တွေဘက်ကတွေ့ရှိခဲ့ရပြီး ဒီဆိပ်ကမ်းကို ဖြတ်သန်းပြီး ငွေကြေးလွှဲပြောင်းမှုတွေကို ခွင့်ပြုပေးဖို့အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာနခွဲ (OFAC) ကို ပြီးခဲ့တဲ့ဂျူလိုင်လက စာရေးသားပေးပို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။

GL (20) လိုင်စင်ကြောင့် Asia World ဆိပ်ကမ်းကို အသုံးပြုခ၊ သင်္ဘောတင်ပို့ခ၊ ကုန်တင်ကုန်ချခ စတဲ့ကုန်ကျစရိတ်တွေအတွက် အမေရိကန်ဘဏ်တွေ၊ ကုမ္ပဏီတွေအနေနဲ့ ငွေကြေးလွှဲပြောင်းတာကို အမေရိကန်အစိုးရက ခွင့်ပြုမှာဖြစ်ပါတယ်။

အခုလို ကုန်သွယ်ရေးပစ်ဒဏ်ခတ်မှုတချို့ (၆)လကြာဖြေလျော့ပေးလိုက်ပေမဲ့ မြန်မာနိုင်ငံအပေါ် တဦးချင်းပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေနဲ့ အခြားကျန်နေတဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုတွေဟာဆက်ပြီးရှိနေမှာဖြစ်တယ်လို့ Laura Robinson ကပြောပါတယ်။

“ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အထူးပစ်မှတ်ထားတဲ့ နိုင်ငံသားတွေအပေါ် ပိတ်ဆို့မှုတွေကိုဆက်လက်ဖိအားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ GL (20) အနေနဲ့ မြန်မာနိုင်ငံက ပို့ကုန်သွင်းကုန်တို့နဲ့ပတ်သက်တဲ့ သာမန်ငွေပေးချေမှု၊ပြင်ပရောက်တဲ့ စီးပွားရေးလုပ်ကိုင်မှုတွေကိုခွင့်မပြုပါဘူး။ ဥပမာ SDN ချမှတ်ခံထားရသူတွေနဲ့ပတ်သက်တဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို တိုးချဲ့တာ၊ ခေတ်မှီအောင်ပြုလုပ်တာ အစရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို ခွင့်မပြုပါဘူး။ လက်ရှိချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဆက်ပြီးရှိသွားမှာဖြစ်ပါတယ်။ ဒီပိတ်ပင်မှုတွေအနက် ကာကွယ်ရေးဝန်ကြီးဌာအပါအ၀င် SDN စာရင်းမှာပါနေတဲ့သူတွေနဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေမလုပ်ရတဲ့အပြင်၊ မြန်မာနိုင်ငံကထွက်တဲ့ ပတ္တမြား၊ ကျောက်စိမ်းနဲ့ အခြားကျောက်မျက်ရတနာတွေကိုလည်း အမေရိကန်ကိုတင်ပို့ခွင့် ပိတ်ပင်ထားတာပါ။”

ဒါအပြင် အခုလို ကုန်သွယ်ရေးဒဏ်ခတ်မှု တချို့ကို ဖြေလျော့ပေးတာဟာ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီအနိုင်ရခဲ့တာကို တုန့်ပြန်တာမဟုတ်ဘူးလို့ သူကအခုလိုပြောပါတယ်။

“GL (20) လိုင်စင်ထုတ်ပြန်ရခြင်းဟာ မကြာမှီက မြန်မာနိုင်ငံရွေးကောက်ပွဲရလဒ်တွေကို တုန့်ပြန်တာမဟုတ်သလို မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုမူဝါဒပြောင်းလဲမှု အရိပ်လက္ခဏာလဲမဟုတ်ပါဘူး။ ဒီလိုင်စင်ရဲ့သက်တမ်းဟာ (၆)လ ရှိပြီး အသစ်သက်တမ်းတိုးနိုင်သလို ပယ်ဖျက်နိုင်ခွင့်လဲရှိတာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာအပြည့်အ၀လွှဲပြောင်းပေးရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေး၊ ရိုဟင်ဂျာတွေအပါအ၀င် လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေးလေးစာရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးစတဲ့တိုးတက်မှုအခြေအနေတွေကို အမေရိကန်အစိုးရက ဆက်လက်စောင့်ကြည့်သွားမှာဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရအမျိုးသမီး Laura Robinson ကပြောပါတယ်။

အခုလို မြန်မာအပေါ် ကုန်သွယ်ရေးဒဏ်ခတ်မှုတချို့ဖြေလျော့ပေးလိုက်တာကို စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ ရီပါပလင်ကန် အမတ် Ed Royce က တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေက ထိထိရောက်ရောက်အရေးမယူနိုင်ပဲ အခုလို ကုန်သွယ်ရေးပိတ်ဆိုမှုတချို့ဖြေလျော့တာကို သူ့အနေနဲ့ အလွန်ပဲစိုးရိမ်မကင်းဖြစ်မိကြောင်း Ed Royce ကပြောပါတယ်။


Posted via Blogaway