ဆော်ဒီဘောစိတွေ လန်ဒန်ကို ရွှေကားတွေနဲ့အလည်လာ
ခေတ်မီပါတယ်ဆိုတဲ့ ကားတွေတောင် အရောင်မှိန်သွားရတဲ့အထိပါပဲ။
လန်ဒန်မြို့ကို အလည်လာတဲ့ ဆော်ဒီသူဌေးတွေကြောင့် မြို့ရဲ့လမ်းတွေဟာ ချက်ခြင်းဆိုသလို လင်းလက်သွားခဲ့ရပါတယ်။ လာတာကိုက ရွှေနဲ့လုပ်ထားတဲ့ ကားတွေကို စီးလာခဲ့ကြလို့ပါပဲ။
တန်ဖိုးမြင့် ဇိမ်ခံကားကြီးတွေကို ရွှေသားတွေနဲ့ အထူးပြုလုပ်ထားပြန်တာကြောင့် ဆော်ဒီသူဌေးတွေရဲ့ ကားတွေကို လူတိုင်း လည်ပြန်ငေးမောခဲ့ကြပါတယ်။ ကားတွေကို လန်ဒန်မြို့က ကန်စင်တန်ရှေ့မှာ ပါကင်ထိုးထားတာကို တွေ့မြင်နိုင်မှာပါ။ ကားတစ်စီးချင်းစီရဲ့ တန်ဖိုးဟာ ပေါင် ၁ သန်းကျော် ရှိပါတယ်။
ပေါင် ၃၅၀,၀၀၀ တန်တဲ့ Rolls-Royce Phantom Coupe ရွှေကားရဲ့အရှေ့မှာ မောင်းလာတဲ့ Lamborghini Aventador ကားကလည်း ပေါင် ၃၅၀,၀၀၀ တန်ပါတယ်။
ဘီးခြောက်လုံးနဲ့ မာစီဒီးစ်ကားကိုလည်း ရွှေတွေနဲ့ပဲ ပြုလုပ်ထားတာပါ။ V8 အင်ဂျင်သုံး မော်ဒယ်မြင့်ကားလည်း ဖြစ်ပါတယ်။Bentley ရဲ့ Flying Spur ကားကို ရွှေတွေနဲ့ မွမ်းမံလိုက်ပြန်တော့ ပေါင် ၂၂၀,၀၀၀ လောက် တန်သွားပါတယ်။
ဘီးရဲ့အတွင်းပိုင်းတွေကိုပါ ရွှေတွေနဲ့ တန်ဆာဆင်ထားတာ တွေ့ရမှာပါ။
ကျေးဇူးတင်ပါတယ်မိတ်ဆွေ
ကျေးဇူးတင်ပါတယ်မိတ်ဆွေ
Pages
Thursday, March 31, 2016
ဆော်ဒီဘောစိတွေ လန်ဒန်ကို ရွှေကားတွေနဲ့အလည်လာ
ပုံဆက်ပြုလုပ်နည်း
မိမိပုံဖြစ်ဖြစ်တခြားပုံဖြစ်ဖြစ်ပေါ့ပုံအရှည်ဆက်ချင်သူများအတွက်shလေးနဲ့ပြထားပေးပါတယ်ကြည့်လုပ်ပါ
လိုအပ်တဲ့apk picsay နဲ့ပါ
Apkမရှိသေးသူများအောက်မှာရယူပါ
ဒီမှာဝင်ဒေါင်ရန်
ကံအဆိုးဆုံး (သို့) ကံအကောင်းဆုံးလူသား
ကံအဆိုးဆုံး (သို့) ကံအကောင်းဆုံးလူသား
လူတစ်ယောက်ဟာ ဘယ်လောက်ကံဆိုးပြီး ဘယ်လောက် ကံကောင်းနိုင်ပါသလဲ..။
မတော်တဆမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ရင် ဒီလူကို ကံဆိုးသူလို့ ဆိုရပါမယ်။ အဲဒီမတော်တဆ မှုတွေကနေလွတ်မြောက်သွား ရင်တော့ ကံကောင်းသူလို့ ဆိုရပါမယ်။ ဒီလို မတော်တဆမှုတွေ အကြိမ်ပေါင်းများ စွာကြုံခဲ့ပြီး ပွတ်သီကာသီလွတ်ခဲ့သူ တစ်ယောက် အကြောင်းပါ။ သူ့နာမည်က Frane Selak ဖြစ်ပြီး ခရိုအေးရှားက ဂီတဆရာတစ်ဦး ဖြစ်ပါတယ်။ ကဲ သူကြုံတွေ့ခဲ့တဲ့ အကောင်းအဆိုးတွေကို ကြည့်ကြရအောင်။
-၁၉၆၂ဇန်န၀ါရီမှာ Selakဟာရထားနဲ့ခရီးသွားခဲ့ပါတယ်။ သူစီးလာတဲ့ ရထားဟာ မတော်တဆမှု တစ်ခုဖြစ်ပြီး ရေထဲကိုပြုတ်ကျသွားခဲ့ပြီး လူ၁၇ယောက်သေဆုံးစေခဲ့ပါတယ်။ Selakကတော့ လက်တစ်ချောင်း
ပဲကျိုးပြီး အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။
-နောက်နှစ်မှာလည်း Zagreb ကနေ Rijekaကို ခရီးသွားခဲ့ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း လေယာဉ်မတော်တဆမှု့ တစ်ခုကနေ လူ ၁၉ယောက်သေဆုံးခဲ့ပေမယ့် Selak ကတော့ အသေးအဖွဲ ဒါဏ်ရာလေးလောက်ပဲ ရရှိခဲ့ပါတယ်။
-၁၉၆၆ခုနှစ်မှာ သူစီးလာတဲ့ဘစ်စကားဟာ စက်ချို့ယွင်းမှု့ဖြစ်ပြီး မြစ်ထဲကိုထိုးကျပြန်ပါတယ်။ ဒီတစ်ခါမှာလည်း လူ၎ဦး သေခဲ့ပေမယ့် Selakဟာလွတ်မြောက်လာခဲ့ပြန်ပါတယ်။
-၁၉၇၀ ခုနှစ်တုန်းကလည်း သူ့ကားရဲ့ဓာတ်ဆီ pump အမှားတစ်ခုကနေ ကားမီးလောင်မှု ဖြစ်ပွားရာက ပွတ်ကာသီကာလွတ်မြောက်ခဲ့ပြန်ပါတယ်။
-၁၉၇၃ခုနှစ် မှာလည်း air vent ကြောင့်သူ့ကားမီးထပ်လောင်ရာကနေ ဒါဏ်ရာဒါဏ်ချက်မရှိပဲ လွတ်မြောက်ပြန်ပါတယ်။
-၁၉၉၅ခုနှစ် မှာတော့ သူဟာ ဘတ်စ်ကားတစ်စီးနဲ့ အတိုက်ခံခဲ့ရပါတယ်။ ဒီတစ်ခါမှာလဲ ဒါဏ်ရာအသေးစားလေးတွေပဲရပြီး အသက်ရှင်လွတ်မြောက်ခဲ့ပြန်ပါတယ်။
-၁၉၉၆ခုနှစ် မှာလည်း သူ့မောင်းလာတဲ့ထရပ်ကားဟာ ချောက်ထဲကို ပြုတ်ကျခဲ့ပါတယ်။ သူဟာကားထဲကနေ ခုန်ထွက်ကာ သစ်ပင်တစ်ပင်ရဲ့အကိုင်းကို အချိန်မီတွယ်ထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ကားကတော့သူ့ရဲ့အောက်ဘက် ပေ၃၀၀အကွာ မှာ ပေါက်ကွဲပျက်စီးခဲ့ပါတယ်။
ဒါပေမယ့် ဒီအဖြစ်အပျက်တွေအပြီး ၂၀၀၃ခုနှစ်အရောက်မှာတော့ ကံကောင်းခြင်းဟာသူ့ဆီလာခဲ့ပါတယ်။ Selak ဟာ ခရိုအေးရှား ထီ ဒေါ်လာ၁သန်းကို အနိုင်ရရှိခဲ့ပါတယ်။
လူတိုင်းရဲ့ဘ၀မှာအဆိုးနဲ့အကောင်းကို အနည်းနဲ့အများကြုံတွေ့နိုင်ပေမယ့် Selak ကြုံခဲ့ရတဲ့ အကောင်း အဆိုးတွေ ကတော့ အံအားသင့်ဖွယ် အဖြစ်အပျက်တွေပါပဲ။
"ကျွန်တော်ဟာကံကောင်းမှု့ရော၊ကံဆိုးမှု့ပါရောနေတဲ့လူတစ်ယောက်ဖြစ်တယ်"လို့ Selakက ပြောသွားခဲ့ပါတယ်။
ရှားရှားပါးပါး သားပိုက်ကောင်ဖြူလေးကို တွေ့ပြီ..
ရှားရှားပါးပါး မြင်ရခဲတဲ့ သားပိုက်ကောင်ဖြူလေး
တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတာမျိုးကို အရင်က မမြင်ဖူးပါဘူး။
ချစ်ဖို့ကောင်းတဲ့ သားပိုက်ကောင်ဖြူလေးတစ်ကောင်ကို သြစတြေးလျက Tasmanian ကျွန်းငယ်လေးတစ်ခုမှာ မြင်တွေ့ခွင့်ရလိုက်ပါတယ်။အဲ့ဒီကျွန်းလေးမှာ အန္တရာယ်ရှိတဲ့ တောကောင်ကြီးတွေ မရှိတာကြောင့်လည်း ဒီသားပိုက်ကောင်ဖြူလေးက ရှင်သန်နေတာ ဖြစ်ပါလိမ့်မယ်။ ဒေသခံတွေကတော့ ဒီသားပိုက်ကောင်လေးကို အရမ်းချစ်ခင်ကြတယ်လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် သားပိုက်ကောင်တွေရဲ့အရောင်ဟာ အနီရောင် (ညိုဝါရောင်) ရှိပြီး ဒီသားပိုက်ကောင်လေးကတော့ ပုံမှန်မဟုတ်တဲ့ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် အဖြူရောင်ဖြစ်သွားပုံပါပဲ။ ခန္ဓာကိုယ်တွင်းက မယ်လနင်ဓာတ် မညီမျှမှုဟာ သူ့ကို ဆွတ်ဆွတ်ဖြူစေတဲ့ ကိုယ်ခန္ဓာအပြင် မျက်လုံးတွေ၊ ခြေသည်း လက်သည်းတွေနဲ့ နှာခေါင်းကိုပါ ပန်းရောင်ဖြစ်သွားစေပါတော့တယ်။
Monday, March 28, 2016
လမ်းလျှောက်ရင်း ဖုန်းနဲ့စာရိုက်ပါက ထောင်ဒဏ်ချမယ့် ဥပဒေ
လမ်းလျှောက်ရင်း ဖုန်းနဲ့စာရိုက်ပါက ထောင်ဒဏ်ချမယ့် ဥပဒေ
သူတို့ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်က ကားမောင်းသမားတွေကို အန္တရယ်ရှိစေတယ်လို့ ဥပဒေကိုတင်သွင်းသူက ပြောကြားထားပါတယ်။
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ လမ်းလျှောက်ရင်း ဖုန်းနဲ့စာရိုက်တာကို တားဆီးမယ့် ဥပဒေကိုပြဋ္ဌာန်းဖို့ စဉ်းစားမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပတ်ဝန်းကျင်ကို သတိမမူတဲ့ လမ်းလျှောက်သူတွေဟာ သတိမမူတဲ့ ကားမောင်းသမားတွေလိုပဲ သူတို့ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်က ကားမောင်းသမားတွေကို အန္တရယ်ရှိစေတယ်လို့ ဥပဒေကိုတင်သွင်းသူ ပန်မလာ လမ်းပစ်က ပြောကြားထားပါတယ်။
ဥပဒေကို ချိုးဖောက်သူတွေဟာ ဒေါ်လာ ၅၀ ကနေ ထောင်ဒဏ် ၁၅ ရက်ထိ ကျခံရမှာ ဖြစ်ပါတယ်။ အဆိုပါ ဥပဒေဟာ မလိုအပ်တဲ့ကိစ္စဖြစ်တယ်လို့ ဝေဖန်သူတွေရှိနေပြီး အချို့ကတော့ စဉ်းစားသင့်တဲ့ ဥပဒေဖြစ်တယ်လို့ ပြောကြားထားကြပါတယ်။
Saturday, March 26, 2016
အရက်မူးပြီး သစ်ပင်ပေါ် တက်အိပ်လို့ မီးသတ်က လာရောက်ကယ်ဆယ်ရ
အရက်မူးပြီး သစ်ပင်ပေါ် တက်အိပ်လို့ မီးသတ်က လာရောက်ကယ်ဆယ်ရ
သစ်ပင်ပေါ်မှာ အတော်လေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဂွီကျိုးပြည်နယ်အနောက်တောင်ပိုင်းက ဒေသတစ်ခုမှာ ရှိတဲ့ မီးသတ်ဌာနဟာ ထူးထူးဆန်းဆန်း ကယ်ဆယ်ရေးတစ်ခု ပြုလုပ်ခဲ့ရပါတယ်။
အမျိးသားတစ်ဦးဟာ အရက်အလွန်ကျွံသောက်ပြီး အမူးလွန်ကာ အပင်ပေါ်တက်သွားခဲ့ပါတယ်။ အပင်ပေါ် တက်ရုံတင်မကပါဘူး။ အဲဒီအပင်ပေါ်မှာသူ အိပ်ပျော်သွားခဲ့တာ ဖြစ်ပါတယ်။ မူးနေတဲ့ အမျိုးသား အိပ်နေတဲ့ အပင်အမြင့်ဟာ မြေကြီးကနေဆိုရင် ငါးမီတာလောက်ရှိတာကြောင့် ပြုတ်ကျရင် သူအန္တရာယ်ရှိနိုင်တဲ့အတွက် မီးသတ်ဌာနက မီးသတ်ဝန်ထမ်းတွေက လှေကားထောင်ပြီး သစ်ပင်ပေါ်တက်ကာ ကယ်ဆယ်ခဲ့ရပါတယ်။
မီးသတ်သမားတွေ တက်ရောက်ကယ်ဆယ်ရတဲ့ အချိန်အထိ အဆိုပါ အမျိုးသားဟာ သစ်ပင်က သစ်ကိုင်းတွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်ပါတယ်။ မြေကြီးပေါ် ရောက်တဲ့အထိ သူကအိပ်ပျော်နေဆဲ ဖြစ်တာကြောင့် ရဲစခန်းကိုသာ ခေါ်သွားခဲ့ရပါတယ်။
Thursday, March 24, 2016
အလုပ်မရလို့ ကျောင်းကို ပြန်တရားစွဲတဲ့ ဘွဲ့ရ
အလုပ်မရလို့ ကျောင်းကို ပြန်တရားစွဲတဲ့ ဘွဲ့ရ
သူမဟာ ခုချိန်ထိ ကျောင်းတက်ဖို့ ယူထားတဲ့ ချေးငွေတွေကို အကြေ မဆပ်ရသေးပါဘူး။
ဘွဲ့ရခဲ့ပြီးဖြစ်ပေမဲ့ အလုပ်မရတာကြောင့် ဘွဲ့ပေးခဲ့တဲ့ ကျောင်းကို ပြန်တရားစွဲတဲ့ အမှုတစ်ခု အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
အန်နာ အလဘာဒါလို့ခေါ်တဲ့ အမျိုးသမီးဟာ ၂၀၀၈ ခုနှစ်က Thomas Jefferson ဥပဒေကျောင်းကနေ အဆင့်မြင့်မြင့်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ ရှေ့နေအလုပ်ကို ခုထက်ထိ မရနိုင်သေးပါဘူး။ ဒီလိုဖြစ်ရတာဟာ ကျောင်းကြောင့်ဖြစ်ပြီး အဆိုပါကျောင်းဟာ ကျောင်းသားတွေတက်ချင်အောင် သူတို့ကျောင်းက ဘွဲ့ရသူတွေရဲ့ အလုပ်ရရှိမှုနှုန်းကို မမှန်မကန် လုပ်ခဲ့တယ်လို့ သူမက စွပ်စွဲထားပါတယ်။
လျော်ကြေးငွေ ဒေါ်လာ တစ်သိန်းခုနှစ်သောင်း ရရှိလိုကြောင်း သူမက တရားစွဲဆို တောင်းဆိုထားတာ ဖြစ်ပါတယ်။ အသက် ၃၇ ခုနှစ်ရှိနေပြီ ဖြစ်တဲ့ သူမဟာ ခုချိန်ထိ ကျောင်းတက်ဖို့ ယူထားတဲ့ ချေးငွေတွေကို အကြေ မဆပ်ရသေးပါဘူး။
စင်္ကာပူအသင်း နှင့် မြန်မာအသင်းပွဲစဉ်တိုက်ရိုက် (LIVE) ထုတ်လွှင့်
၂၀၁၆ မတ်လ (၂၄)ရက် ကြာသပတေးနေ့ မြန်မာစံတော်ချိန် ညနေ(၆း၁၅)တွင် ယှဉ်ပြိုင်ကစားမည့် စင်္ကာပူအသင်း နှင့် မြန်မာအသင်းပွဲစဉ်ကို MRTV Entertainment တွင် တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသမည်။
ကလေးကစားစရာ ကားနဲ့ တိုက်မိပြီး လျော်ပေးမှ ထမယ်ဆိုတဲ့လူ
ကလေးကစားစရာ ကားနဲ့ တိုက်မိပြီး လျော်ပေးမှ ထမယ်ဆိုတဲ့လူ
ကားတိုက်မှုဟာ တရုတ်အွန်လိုင်းမှာ ပြန့်နှံ့သွားခဲ့ပါတယ်။ထူးဆန်းတဲ့ ကားတိုက်မှုတစ်ခု တရုတ်နိုင်ငံ ဟူနန်ပြည်နယ် Changde မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ ပုံပါအတိုင်း ကလေးကစားစရာ ကားတစ်စီးဟာ အမျိုးသမီးတစ်ဦးကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ဒီလို တိုက်မိတဲ့အခါမှာ အမျိုးသမီးဟာ အလျော်မပေးမခြင်း မထတော့ဘူးဆိုပြီး ကားရှေ့မှာ ထိုင်နေပါတယ်။
ကားမောင်းလာတဲ့ ကလေးရဲ့မိဘတွေနဲ့ အဆိုပါအမျိုးသမီးဟာ လျော်ကြေးအတွက် စကားတွေ များကြပါတယ်။ အသက် ၅ နှစ်အရွယ် ကားမောင်းသမားဖြစ်သူကတော့ အမေဖြစ်သူရဲ့လက်ကိုဆုပ်ပြီး သူ့ရဲ့လုပ်ရပ်အတွက် ရှက်ရွံ့စွာ ကြည့်နေခဲ့ပါတယ်။ အဆိုပါ ကားတိုက်မှုဟာ တရုတ်အွန်လိုင်းမှာ ပြန့်နှံ့သွားခဲ့ပြီး ကလေးကစားစရာကားဖြစ်ပေမဲ့ တိုက်ခံရသူဟာ အသက်ကြီးနေပြီဖြစ်တာကြောင့် တစ်ခုခုဖြစ်သွားနိုင်တယ်လို့လည်း မှတ်ချက်ပေးသူတွေ ရှိခဲ့ကြပါတယ်။
Wednesday, March 23, 2016
သင်မသိသေးတဲ့ဝိန်းရွန်းနီအကြောင်း
မန်ယူတိုက်စစ်မှူး ၀ိန်းရွန်နီရဲ့ လူတွေသိပ်မသိသေးတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အကြောင်းအရာတွေက တစ်ချို့သိပြီးသားဖြစ်ပေမယ့် တစ်ချို့က မသိသေးတာတွေလည်း ပါဝင်ပါတယ်။ အကြောင်းအရာတွေများနေလို့ အပိုင်းတစ်အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
၁။ ရွန်နီဟာ ငယ်ငယ်က ကျောင်းနှစ်ရက်နားခဲ့ရဖူးပါတယ်။ အကြောင်းကတော့ သူ့ရဲ့ဘောလုံးကို သိမ်းသွားတာကြောင့် စိတ်ဆိုးပြီး ကျောင်းသိပ္ပံခန်းထဲက ပစ္စည်းတွေကို ကန်ကျောက်ခဲ့လို့ပါပဲ။
၂။ အဲဗာတန် ယူ-၁၁ အသင်းမှာ ကစားနေစဉ်တုန်းက ရွန်နီဟာ ပွဲ ၃၀ မှာ ၁၁၄ ဂိုးအထိသွင်းခဲ့ဖူးပါတယ်။
၃။ ရွန်နီရဲ့ ညာဘက်မျက်လုံးက ငယ်ငယ်ကတည်းက အားနည်းခဲ့ပါတယ်။ သူ့ကို သူ့ရဲ့ ညာဘက်မျက်လုံးက အမြင်မှားအောင် အမြဲ အရူးလုပ်ပါတယ်။ သူဟာ ကားမောင်းဖို့နဲ့ စာဖတ်ဖို့အတွက် မျက်မှန်အကူအညီယူရပါတယ်။ အဲ့ဒီအလုပ်တွေကို မျက်မှန်မတပ်ဘဲနဲ့လည်း ကြိုးကြိုးစားစားလုပ်လေ့ရှိပါတယ်။
၎။ ရွန်နီဟာ သူ့ရဲ့ မိဘတွေရဲ့အိပ်ယာမှာ အသက် ငါးနှစ်အရွယ်အထိ အိပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အ၀ါရောင်နဲ့ အစိမ်းရောင်ရှိတဲ့ ၀ိညာဉ်တွေကို မြင်ယောင်နေလို့ပါ။
၅။ ရွန်နီဟာ ပညာရေးပိုင်းမှာ ထူးချွန်သူမဟုတ်ပါဘူး။ ဒါပေမဲ့ ဘာသာရေးပိုင်းမှာတော့ ထူးချွန်တယ်လို့ ပြောရမှာပါ။ ရွန်နီရဲ့ ယေရှုအကြောင်းရေးသားမှုက အတော်လေးပြည့်စုံတယ်လို့ ချီးကျူးခံရပေမယ့် စပိန်ဘာသာနဲ့ ပထ၀ီဝင်ဘာသာတွေမှာတော့ ရမှတ် တစ်မှတ်တောင် မရခဲ့ပါဘူး။
၆။ ရွန်နီဟာ သူ့ရဲ့ အေးဂျင့်ကို အသက် ၁၄ နှစ်အရွယ်ကတည်းက ရရှိခဲ့သူဖြစ်ပါတယ်။ အေးဂျင့်ပီတာမက်လန်တော့ရှ်က ရွန်နီကို Umbro ကုမ္ပဏီကနေ ဂျာစီစပွန်ဆာရအောင် ပြုလုပ်ပေးခဲ့ပြီး တစ်နှစ်ကို ပေါင် နှစ်ထောင် ရရှိခဲ့ပါတယ်။
၇။ ၁၉၉၄ ခုနှစ်က အဲဗာတန်ရဲ့ တိုက်စစ်မှူးကြီး ဒန်ကန်ဖာဂူဆန် အဖမ်းခံရချိန်မှာ ရွန်နီက အသက် ကိုးနှစ်အရွယ်ပဲ ရှိပါသေးတယ်။ အဲ့ဒီအချိန်မှာ ရွန်နီက ဖာဂူဆန်ကို ဖမ်းဆီးတာဟာ တရားမျှတမှုမရှိကြောင်း နှစ်ကြိမ်တိုင်ရေးသားခဲ့ပြီး ဖာဂူဆန်က ရွန်နီကို ကျေးဇူးတင်ကြောင်း ပြန်လည်ရေးသားခဲ့ပါတယ်။
၈။ ရွန်နီက သူကွင်းထဲမှာ ဘောလုံးကစားနေချိန်မှာ အသင်းဖော်တွေ ဘယ်သူက ဘယ်နားမှာ ရှိတယ်ဆိုတာကို တစ်ခေါက်ကြည့်လိုက်ပြီးတာနဲ့ ဘောလုံးမပေးခင်မှာ ထပ်ကြည့်စရာမလိုတော့ဘူးလို့ ဆိုပါတယ်။ ဘယ်သူက ဘယ်နေရာရောက်နေပြီဆိုတာ သူ့ရဲ့ ပင်ကိုယ်စိတ်က အလိုလိုသိပြီးသားလို့ ဆိုပါတယ်။
၉။ ရွန်နီအမြဲစီးနေကျ အသေးစားမော်တော်ဆိုင်ကယ်လေး တစ်ဦးရှိပါတယ်။ အဲ့ဒီဆိုင်ကယ်လေးက ဂီယာသုံးခုပါပြီး ကလပ်မပါပါဘူး။ အဲ့ဒီဆိုင်ကယ်မှာ လိုင်စင်မရှိတာကြောင့် ရွန်နီဟာ ရဲတွေ ရှင်းတဲ့အထိစောင့်ပြီးမှ သွားလာရလေ့ရှိပါတယ်။
၁၀။ အဲဗာတန်မှာ ကစားနေစဉ်တုန်းက ရွန်နီဟာ နည်းပြ ဒေးဗစ်မိုယက်စ် ရေအိမ်ဝင်နေတုန်း ခေါင်းပေါ်ကနေ ရေခဲရေနဲ့ လောင်းချခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒါဘယ်သူလုပ်တယ်ဆိုတာကို မိုယက်စ် ဘယ်တုန်းကမှ မသိခဲ့ပါဘူး။
၁၁။ ရွန်နီဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘ၀မှာ ဂိုးပေါင်း ၂၅၀ ကျော်သွင်းယူခဲ့ပြီးဖြစ်ပေမယ့် အဲဗာတန်အသင်းမှာ ပထမဆုံးပွဲထွက်ခဲ့တဲ့ ပွဲစဉ်တုန်းက အဲဗာတန်ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။
၁၂။ အသက် ၁၇ နှစ်အရွယ်မှာ အဲဗာတန်အသင်းမှာ ပထမဆုံးပွဲချိန်ပြည့် ကစားခွင့် ရနေပြီဖြစ်ပြီး အဲ့ဒီအချိန်က တစ်ပတ်ကို ၇၅ ပေါင်သာ ရရှိခဲ့ပါတယ်။ ၁၇ နှစ်မှာပဲ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ချက်ချင်းဆိုသလို တစ်ပတ် ပေါင် ၈၀၀၀ ရရှိခဲ့ပါတယ်။
သမီးနဲ့တူချင်လို့ ပေါင်လေးသောင်းဖိုး ခွဲစိတ်တဲ့အမေ
သမီးနဲ့တူချင်လို့ ပေါင်လေးသောင်းဖိုး ခွဲစိတ်တဲ့အမေ
အမေ့ကိုကြည့်ပြီး သမီးကတော့ စိတ်တွေညစ်နေရှာတယ်။အင်္ဂလန်နိုင်ငံ၊ ဘန်လေမြို့သူ ဂျဲနက်ဟော်ရော့ခ်က အသက် ၅၇ နှစ် ရှိပါပြီ။ အသက် ၃၅ နှစ်အရွယ် သမီးဖြစ်သူ ဂျိန်းကန်လစ်ဖ်နဲ့ တူချင်လွန်းလို့ စတာလင်ပေါင် လေးသောင်းလောက် အကုန်အကျခံ ခွဲစိတ်ခဲ့ပါတယ်။
မျက်ရစ်ဖော်တာ၊ နှာခေါင်းပြုပြင်တာ အပါအဝင် botx လို့ခေါ်တဲ့ အသားအရည်နုပျိုတင်းရင်းစေတဲ့ ဆေးတွေကိုလည်း အဆက်မပြတ် ထိုးသွင်းနေတာပါ။ ဂျိန်းနဲ့ တူချင်တာကြောင့် ဝိတ်တွေလည်းချလိုက်ပါတယ်။ ဒါတင်မကဘဲ မျက်ခုံးတက်တူးထိုးတယ်၊ ဆံပင်ဆက်တယ်၊ ဆံပင်ဆေးဆိုးတာတွေပါ လုပ်ပစ်လိုက်တာပါ။ မွေးတဲ့ခွေးကိုတောင် သမီးမွေးတဲ့ခွေးနဲ့ ဆင်တူလေးပဲ မွေးထားပြန်ရော။
ဂျဲနက်ရဲ့ ခွဲစိတ်ပြုပြင် တုပမှုတွေကြောင့် သမီးဖြစ်သူ ဂျိန်းကတော့ စိတ်တွေညစ်နေပါတယ်။ " အဲ့တာ ကြောက်ဖို့ကောင်းတယ်။ ပြီးတော့ အမေဖြစ်သူက အတင်းကာရော ခွဲစိတ်ပြုပြင်တော့ ကျွန်မထက်ပိုပြီး နုပျိုနေတယ်လေ။ သမီးက အမေထက်အိုမင်းရင့်ရော်နေပုံပေါက်နေပြီ။ ဒါက ကျွန်မအတွက် မတရားဘူးလို့ ခံစားရတယ်" လို့ ဂျိန်းက ဝန်ခံပြောကြားပါတယ်။
Monday, March 14, 2016
အသက် ၉၃နှစ်မှာမှ အထက်တန်းကျောင်း အောင်လက်မှတ်ရရှိခဲ့တဲ့ အဖွားအို
အသက် ၉၃နှစ်မှာမှ အထက်တန်းကျောင်း အောင်လက်မှတ်ရရှိခဲ့တဲ့ အမေရိကန်က အမျိုးသမီးကြီး
အမေရိကန်နိုင်ငံ အိုဟိုင်းအိုးက အသက်၉၃နှစ်အရွယ် အမျိုးသမီးကြီးဟာ သူမဘ၀ရဲ့အကြီးမားဆုံးနောင်တတွေထဲက တစ်ခုဖြစ်တဲ့ အောင်လက်မှတ်ရယူဖို့ကို နှစ်ပေါင်း၇၀အကြာမှာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အသက်၉၃နှစ်အရွယ် ဒိုရိုသီ လစ်ဂတ်က သူမရဲ့မွေးနေ့ပါတီနဲ့အတူ ကျောင်းအောင်လက်မှတ်ရခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲအသေးစားလေးကို ပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားကို မိသားစုဝင်တွေနဲ့ Arkon Public Schoolက ဒါရိုက်တာတို့တက်ရောက်ခဲ့ကြပါတယ်။
လစ်ဂတ်က သူမဟာ လက်ထပ်ပြီးသားဖြစ်တယ်လို့ပြောခဲ့တဲ့နောက်မှာ ကျောင်းက ၁၉၄၂ခုနှစ်မှာ သူမကိုထုတ်ပယ်ခဲ့ပါတယ် ကျောင်းကထုတ်ပယ်ခံခဲ့ရတဲ့အတွက်သူမရဲ့ အထက်တန်းကျောင်း နောက်ဆုံးနှစ်ကိုမပြီးဆုံးခဲ့ပါဘူး။
လစ်ဂတ်က “အဲဒီအချိန်တွေတုန်းက လက်ထပ်လိုက်ရင်ကျောင်းဆက်တက်လို့မရတော့ဘူး”လို့ newnet5.comကိုပြောကြားခဲ့ပါတယ်။
လစ်ဂတ်က သူမရဲ့သတို့သားလောင်း ဂျွန် ဟူစတန်ကို လက်ထပ်ဖို့ ကန်တက်ကီကို ထွက်ပြေးခဲ့ပေမယ့် ဂျွန်က စစ်မှုထမ်းရတဲ့အထဲ ပါသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမက Gymနည်းပြ ဆရာတစ်ယောက်နဲ့ မမျှော်လင့်ဘဲ အိမ်ထောင်ကျခဲ့တယ်လို့ ဆိုပါတယ်။
လစ်ဂတ်က ပညာသင်ကြားနေစဉ်မှာ သူမရဲ့သမီးဖြစ်သူ ဂျနိုက်လာကင်ကို ကိုယ်ဝန်ရှိနေခဲ့တာပါ။
သူမရဲ့သမီး လာကင်က သူမအမေ ကျောင်းအောင်လက်မှတ်ရရှိဖို့ ကျောင်းဘုတ်အဖွဲ့ကို မေတ္တာရပ်ခံခဲ့ပါတယ်။
“အမေက ကျွန်မကို ကိုယ်ဝန်ဆောင်ခဲ့တဲ့အတွက် သူမကျောင်းထုတ်ခံခဲ့ရတယ် သူမတကယ်ခက်ခဲခဲ့ရပါတယ် အခုတော့ကျွန်မတာဝန်ကျေသလို ခံစားရတယ်”လို့ အသက် ၇၃နှစ်အရွယ် လာကင်က Arkon Beacon Journalကို ပြောခဲ့ပါတယ်။
လာကင်ရဲ့စာမှာ သူမအမေရဲ့လေးနက်တဲ့ စိတ်ဆန္ဒအကြောင်းရေးသားထားပြီး သူမတွေ့သမျှ လူတွေကို ဒီပညာရေးအတွက် စိတ်ဖိအားတွေဘယ်လောက်များနေလဲဆိုတာ သတိထားမိစေတယ်လို့ ရေးသားခဲ့ပါတယ်။သူမရဲ့စာအရ သူမအမေရဲ့ဇာတ်ကြောင်းကို ကျောင်းရဲ့ဒါရိုက်တာဒေးဗစ် ဒဗလျူ ဂျိမ်းက သတိပြုမိခဲ့ပါတယ်။
“ကျွန်တော် ဒီစာကို ဖတ်ပြီးတဲ့အခါ ပြန်ဆန်းစစ်ပါတယ်။ Ms. လစ်ဂတ်အခုလို ဖြစ်ခဲ့တဲ့အတွက်ကျွန်တော်စိတ်လည်းမကောင်းပါဘူး သူမကိုလုပ်ပေးနိုင်တာတစ်ခုခု လုပ်ပေးချင်ပါတယ် ကျောင်းမှာ ၁၃နှစ်လောက်အချိန်ကုန်ခံခဲ့ပြီး ကျောင်းသူကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့သူက အောင်လက်မှတ်မရဘူးဆိုတာ လုံးဝကို မှားယွင်းနေတယ် “လို့ ဂျိမ်းက ဆိုပါတယ်။
သူမရဲ့ပျော်ပွဲရွှင်ပွဲအခမ်းအနားမှာ လစ်ဂတ်က အနက်ရောင်ဘွဲ့ဦှးထုပ်ကို ရရှိခဲ့ပြီး သူမရဲ့ အောင်လက်မှတ်ကို ကျောင်းဒါရိုက်တာ ဂျိမ်းကပေးခဲ့ပါတယ် အောင်လက်မှတ်ပေးနေစဉ်မှာ ဂျိမ်းက လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။
သူမရဲ့ သား ဒေါ်နယ် ဟူစတန်ကတော့ သူ့မိခင်ရဲ့ ဆန္ဒတွေပြည့်ဝသွားပြီးလို့ ဆိုပါတယ်။
ဒေါ်နယ်က “သူမရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို ဖြစ်သွားတဲ့အတွက် တကယ်ပဲ ရင်ဖိုရပါတယ် ဒါကတကယ့်ကို အထူးမွေးနေ့လက်ဆောင်ပါပဲ အဲဒါက သူမရဲ့ကျန်ရှိနေတဲ့ဘ၀ကို ယုံကြည်လက်ခံမှု ရရှိစေမှာပါ”လို့ ဆိုပါတယ်။
တာဝါတိုင်နဲ့ တစ်ထပ်တိုက်ပု ကွာသလိုကွာတဲ့ အတွဲ
တာဝါတိုင်နဲ့ တစ်ထပ်တိုက်ပု ကွာသလိုကွာတဲ့ အတွဲ
Shaquille O'Neal လို့အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ အမေရိကန်မှ အင်မတန် အောင်မြင်ခဲ့တဲ့ ဘတ်စကတ်ဘော အားကစားသမား တစ်ဦး ဖြစ်ပါတယ်။ အရပ်အမောင်းအားဖြင့် ၇ ပေ ၁ လက်မ ရှိပြီး ပေါင်ချိန် ၃၂၀ ကျော်မှာ ရှိပါတယ်။ ၂၀၁၀ ခုနှစ်ကနေ သူစတွဲခဲ့တဲ့ သူ့ချစ်သူကတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း သေးငယ်ပါတယ်။ Nicole Alexander လို့အမည်ရတဲ့ မော်ဒယ် သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။
O'Neal ဟာ အသက် ၄၀ ကျော်ပြီဖြစ်ပြီး Nicolce ကတော့ ၃၀ ကျော်မှာ ရှိပါတယ်။ အသက်အားဖြင့် ၁၀ နှစ်ကျော်လောက်ကွာပါတယ်။ O'Neal ဟာ ပထမဇနီးနဲ့ ကွာရှင်းပြီးနောက် Nicole နဲ့ တရားဝင် တွဲခြင်းကို ၂၀၁၀ ခုနှစ်ကနေ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခု ဓာတ်ပုံဟာဆိုရင် သက္ကရာဇ် ၂၀၁၁ ခုနှစ်တုန်းက ကယ်လီဖိုးနီယား ပြည်နယ်မှာ ရှော့ပင်ထွက်နေတုန်း သတင်းသမားများ ရိုက်ကူးဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အင်မတန် ကွာလှတဲ့ ဘော်ဒီ အရွယ်ကြောင့် အင်တာနက်မှာ လူပြောအများဆုံး ဓာတ်ပုံတစ်ပုံ ဖြစ်ခဲ့ဖူးပါတယ်။
O'Neal ဟာဆိုရင် လက်ရှိမှာ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးအဖြစ် လုပ်ကိုင်နေပါတယ်။