Pages
Wednesday, September 28, 2016
ကလဲ့စားလား....သိပ်​​ချေချင်​တာ​ပေါ့
ကလဲ့စားလား
သိပ်ချေချင်တာပေါ့
နင် ငါ့အပေါ်မှာ သုံးသွားတဲ့ မာယာမျိုး
ငါလည်း အခွင့်အရေးရှိချင်တာပေါ့
နင် ငါ့နောက်ကျောကို ဓားနဲ့ ထိုးခဲ့သလိုမျိုး
ငါလည်း အခွင့်အရေးရှိချင်တာပေါ့
နင် ငါ့ပျော်ရွှင်ခြင်းတွေကို အသေသတ်ခဲ့သလိုမျိုး
ငါလည်း အခွင့်အရေးရှိချင်တာပေါ့
နင် ငါ့အိပ်မက်တွေကို အဆိပ်ခပ်ခဲ့သလိုမျိုး
ငါလည်း အခွင့်အရေးရှိချင်တာပေါ့
ငါခံစားရသလိုမျိုး 
နင့်ကိုလည်း ခံစားရစေချင်တာပေါ့
နာကျည်းသွားတတ်တဲ့ နှလုံးသားတစ်စုံကို
ရင်ဘတ်ထဲမှာထည့်ပြီး အသက်ရှင်ရတာ
ဘယ်လောက်မွန်းကျပ်တယ်ဆိုတာ
နင့်ကို သိစေချင်လို့ …………ပါ
ရေကြည်မြို့နယ် ကွမ်းသီးကုန်းကျေးရွာတွင် အဓမ္မပြုကျင့်မှုကြောင့် ပထမတန်းကျောင်းသူသေဆုံး
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ကွမ်းသီး ကုန်းကျေးရွာရှိ ကြယ်နီသုံးလုံး နှစ်ရှည်ပင်စိုက်ပျိုးခြံအတွင်း စက်တင်ဘာ (၂၆)ရက် ည(၇) နာရီအချိန်မှာ စက်စက်ယိုအခြေခံပညာမူလတန်းကျောင်းမှာ တက်ရောက်နေတဲ့ ပထမတန်း ကျောင်းသူ မလှသူဇာဝေ အဓမ္မပြုကျင့်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ(၂၆)ရက် ည(၇)နာရီခွဲအချိန် ကုန်းပြင်နယ်မြေရဲစခန်းမှာ ဒုရဲအုပ်ဝင်းမြင့်ရှိနေစဉ် ရေကြည်မြို့နယ်၊ ကက္ကူကြီး ကျေးရွာအုပ်စု၊ ကွမ်းသီးကုန်းကျေးရွာနေ ဦးရွှေနီရောက်ရှိလာပြီး သူ့ရဲ့မြေးဖြစ်သူ မလှသူဇာဝေကျောင်းဆင်းချိန်ကျော်လွန်ပေမယ့်လည်း ပြန်မရောက်လာ တဲ့အတွက်ကူညီရှာဖွေပေးဖို့လာရောက်ပြောကြားချက်အရစက်စက်ယိုကျေးရွာက ရပ်မိရပ်ဖဦးပေါက်တူး၊ ဦးအန်းတို့နဲ့အတူ သတင်းစုံစမ်းရှာဖွေရာမှာ မလှသူဇာဝေကို ကျောင်းဆင်းချိန်မှာအကိုဝမ်းကွဲတော်စပ်သူမိုးဇော်ဦးမှ ခေါ်ဆောင်သွားကြောင်းသတင်းရရှိတဲ့အတွက်မိုးဇော်ဦးကိုခေါ်ယူစစ်ဆေးရာ ငွေကြေးအခက်အခဲရှိတဲ့အတွက်ဇနီးဖြစ်သူမ၀င်းလဲ့ဇင်နဲ့တိုင်ပင်ပြီးညီမ၀မ်းကွဲတော်သူမလှသူဇာဝေကျောင်းဆင်းချိန်မှာ သွားရောက်စောင့်ခေါ်ကာ နားဆွဲယူဖို့စီစဉ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ကျောင်းဆင်းချိန်မှာ မိုးဇော်ဦးဟာ ဇနီးဖြစ်သူနဲ့အတူကျောင်းကိုသွားကာ စောင့်ခေါ်ခဲ့ပြီးနောက် ဇနီးဖြစ်သူကိုကားလမ်းမှာစောင့်ခိုင်းခဲ့ပြီးမလှသူဇာဝေကိုကြယ်နီသုံးလုံးနှစ်ရှည်ပင်စိုက်ခြံအတွင်း ခေါ်သွားခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး အစ်ကိုဝမ်းကွဲဖြစ်သူ မိုးဇော်ဦးက မလှသူဇာဝေကို လည်ပင်းညစ်ပြီး သားမယားအဖြစ်ပြုကျင့်စဉ်သေဆုံးသွားတဲ့အတွက် နားဆွဲ(၁)စုံခန့်မှန်း တန်ဖိုး(၈၀၀၀)ကျပ်ခန့်ကိုချွတ်ယူပြီးအလောင်းကိုခြံအတွင်းရှိ မြောင်းအတွင်းထားခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
မလှသူဇာဝေကိုလည်ပင်းညစ်ကာ သားမယားအဖြစ်ပြုကျင့်ပြီး နားဆွဲ(၁)စုံအားချွတ်ယူသူ မိုးဇော်ဦးနဲ့ မ၀င်းလဲ့ဇင်နှစ်ဦးတို့ကိုဒုရဲအုပ်ဝင်းမြင့်ကတရားလိုပြုလုပ်တိုင်တန်းခဲ့တဲ့အတွက် စက်တင်ဘာ(၂၆)ရက် ည(၁၁)နာရီအချိန်မှာ ကုန်းပြင်နယ်မြေရဲစခန်း(ပ)၆၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ (၃၀၂/၃၇၆/၃၉၂/ ၁၁၄(အမှုကြီးအမှတ်စဉ် ၁/၂၀၁၆)နဲ့ အမှုဖွင့်လှစ်ခဲ့ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မင်းဇော်ဦး(ရေကြည်)ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့တာဖြစ်ပါတယ်။
Tuesday, September 27, 2016
ကျော်ကိုကိုနှင့်သီဟဇော်ကို မြန်မာ့ လက်ရွေးစင်မှလျှော့ချ
ပဏာမ မြန်မာ့လက်ရွေးစင် အသင်း
ကစားသမား (၂)ဦး လျှော့ချခြင်း
ဂျာမနီနိုင်ငံတွင် ရောက်ရှိနေသည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် ဥရောပ ကလပ်အသင်းများနှင့် ခြေစမ်းပွဲ (၄)ပွဲ ကစားပြီးနောက် လက်ရှိ လူစာရင်း (၂၅)ဦးမှ (၂)ဦး လျှော့ချကာ ပဏာမ ကစားသမား ၂၃ ဦးဖြင့် ဆက်လက် လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ပဏာမ လူစာရင်းမှ ချန်လှပ်ခဲ့ရသည့် ကစားသမား (၂)ဦးမှာ ရှေ့တန်းလူ ကျော်ကိုကို နှင့် ကွင်းလယ်လူ သီဟဇော်တို့ ဖြစ်ကြပြီး ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့တွင် Emirates လေကြောင်းလိုင်း လေယာဉ်အမှတ် EK 56 ဖြင့် ဂျာမနီမှ ဒူဘိုင်း (ယူအေအီး)၊ ယင်းမှ လေယာဉ်အမှတ် Emirates - EK 388 ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် အသင်းနည်းပြ အဖွဲ့အနေဖြင့် အဆိုပါ ကစားသမား(၂)ဦးအား ဆိုက်ပရပ်စ် လေ့ကျင့်ရေး ခရီးစဉ်သို့ လိုက်လိုက လိုက်ပါ နေထိုင်ပြီးမှသာ အတူတကွ ရန်ကုန်သို့ပြန်ရန် (သို့မဟုတ်) ဆိုက်ပရပ်စ်ထိ မလိုက်တော့ဘဲ ဂျာမနီမှ ရန်ကုန်သို့ ပြန်မည်ဆိုက ပြန်ရန် ရွေးချယ်ခွင့်ပေးခဲ့ရာ ကစားသမားများမှ ရန်ကုန်သို့ ပြန်ရန်သာ ရွေးချယ်ခဲ့သဖြင့် လေယာဉ်ခရီးစဉ် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ပဏာမ မြန်မာ့လက်ရွေးစင် ကစားသမား (၂၃)ဦး စာရင်း
----------------------------------------------------
ဂိုး
၁။ ကျော်ဇင်ဖြိုး (မကွေး)
၂။ ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)
၃။ ရန်အောင်လင်း (ရတနာပုံ)
နောက်တန်း
၎။ ဒေးဗစ်ထန် (ရန်ကုန်)
၅။ ဇော်မင်းထွန်း (ရန်ကုန်)
၆။ ဖြိုးကိုကိုသိန်း (ဧရာဝတီ)
၇။ နန္ဒကျော် (မကွေး)
၈။ ကျော်ဇင်လွင် (မကွေး)
၉။ အောင်ဇော် (ဟံသာဝတီ)
၁၀။ ဇော်လင်း (ရှမ်း)
အလယ်တန်း
၁၁။ မျိုးကိုထွန်း (ရတနာပုံ)
၁၂။ ရဲကိုဦး (ရတနာပုံ)
၁၃။ ရန်အောင်ကျော် (ရန်ကုန်)
၁၄။ မောင်မောင်လွင် (ဟံသာဝတီ)
၁၅။ လှိုင်းဘိုဘို (ရတနာပုံ)
၁၆။ ဇင်ဖြိုးအောင် (ဇွဲကပင်)
၁၇။ ဟိန်းသီဟဇော် (ရှမ်း)
၁၈။ ရန်နိုင်ဦး (ရှမ်း)
၁၉။ ဆက်ဖြိုးဝေ (မကွေး)
ရှေ့တန်း
၂၀။ အောင်သူ (ရတနာပုံ)
၂၁။ သန်းပိုင် (ရန်ကုန်)
၂၂။ ၀င်းနိုင်စိုး (ရတနာပုံ)
၂၃။ ဆမ်လန်မန် (ချင်း)
Credit – MFF
Wednesday, June 15, 2016
ချစ်သူရဲ့ အနမ်းကြောင့် သေဆုံးသွားရသူ
သူမထံမှာ အစားအသောက်အချိ့နဲ့ ဓာတ်မတည့်တဲ့ ရောဂါရှိနေခဲ့တာပါ။
ကံမကောင်းရှာတဲ့ ကနေဒါ အမျိုးသမီးတစ်ဦးဟာ ချစ်သူဆီက အနမ်းခြွေခြင်း ခံခဲ့ရပြီးတဲ့နောက် သေဆုံးသွားခဲ့ရပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ သူမဟာ မြေပဲ နဲ့ ဓာတ်မတည့်တဲ့ ရောဂါရှိခဲ့သူဖြစ်ပါတယ်။
သူမရဲ့ ချစ်သူက ထောပတ်မြေပဲ ပါဝင်တဲ့ ဆင်းဒွစ်ခ်ျမုန့်တွေ တဝကြီးစားထားခဲ့တာကို သတိမမိခဲ့ပဲ အနမ်းခြွေခဲ့ကြတာဖြစ်ပါတယ်။ မြေပဲနဲ့ ဓာတ်မတည့်တဲ့ ရောဂါကြောင့် သူမထံမှာ ရောဂါလက္ခဏာတွေ ပေါ်လာခဲ့ပြီး အသက်ရှုမရတဲ့ အထိ ဖြစ်သွားခဲ့ပါတယ်။ သူမ အရေးပေါ် အခြေအနေဖြစ်ခဲ့ပြီးနောက် သူမရဲ့ ချစ်သူအမျိုးသားကက အရေးပေါ်ဌာနကကို အလျှင်အမြန် ဖုန်းဆက်ပြီး လူနာတင်ကား ခေါ်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း သူမဟာ အသက်ကို ခက်ခက်ခဲ ရှုခဲ့ရပြီးနောက် ဆေးရုံသွားတဲ့ လမ်းမှာတင်ပဲ သေဆုံးသွားခဲ့ရပါတယ်။ မိုင်ရီယန်လို့ ခေါ်တဲ့ သူမ မသေဆုံးခင် ရက်ပိုင်းအလိုမှာပဲ သူမရဲ့ အစားအသောက်ဓာတ်မတည့်မှု ရောဂါခံစားရမှုဟာ သက်သာလာခဲ့ကြောင်း အနီးအနားက မိသားစုဝင်တွေ ပြောခဲ့သေးတယ်လို့ သိရပါတယ်။
ဒီရောဂါတွေနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ ဆရာဝန်မက္ကကပ်စကာကတော့ ဒီလိုရောဂါမျိုးရှိရင် ကိုယ့်အနားက ဘယ်သူ့ကိုမဆို အမြဲသတိပေးထားသင့်တယ်လို့ ဆိုပါတယ်။
Monday, June 13, 2016
အဝတ်ဗီရိုထဲ သော့ပိတ် အဓမ္မပြုခံရတဲ့ ကလေး
ကလေးတစ်ယောက်ကို မိဘအရင်းချာများမှ သူတို့ အာသီသဖြေစရာ လိင်ကျွန်အဖြစ် အသုံးချနိုင်ဖို့အတွက် အဝတ်ဘီရိုထဲမှာ ၅ နှစ်လုံးလုံး သော့ပိတ်ချုပ်ထားခဲ့ပါတယ်။ Lauren Kavanaugh ဟာ ထမင်းစားခွင့်မရှိ၊ နှိပ်စက်ညှဉ်းဆဲခံရပြီး သူမ မိခင်နဲ့ ပထွေးတို့ရဲ့ မုဒိမ်းပြုကျင့်မှု ညစဉ်ညတိုင်း ခံစားခဲ့ရပါတယ်။
Austria နိုင်ငံရဲ့ လိင်မိစ္ဆာကောင် Josef Fritzel ဆိုသူ ကျင့်သုံးတဲ့ နှိပ်စက်မှုနဲ့ တစ်ပုံစံတည်း Lauren ရဲ့ ငယ်ဘဝဟာ ၃ နှစ်အရွယ်စက ၄ပေ ၉ပေ ရှိ အဝတ်ဗီရိုတစ်ခုထဲ အကျဉ်းချခံခဲ့ပြီး ညီကိုယ်မောင်နှမတွေ၊ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံခဲ့ရပါတယ်။ သူမ အသက် ၈ နှစ်အရွယ်မှာ ဗီရိုလေးထဲကနေ အပြင်ခေါ်ထုတ်ခံရချိန်မှာတော့ သူမကိုယ်အလေးချိန်ဟာ ၂ နှစ်အရွယ်ကလေးပမာ ၂၅.၆ ပေါင်သာ ရှိနေခဲ့ပါတယ်။
ကလေးတွေပေါ် ကာမစိတ်တိမ်းညွတ်မှုရှိတဲ့ ယင်းမိစ္ဆာတွေက Lauren ကို "little secret" လို့ ခေါ်ဆိုခဲ့ပါတယ်။ သူမကို မုဒိမ်းကျင့်၊ ညှဉ်းပန်းနှိပ်စက်ဖို့အတွက်သာ အပြင်ထုတ်ကြတာပါ။ ဒါပေမယ့် သူတို့ကို ရိတ်မိတဲ့ အိမ်နီးနားချင်းတွေကနေ ရဲတပ်ဖွဲ့ကို အသိပေးတဲ့အခါ ဖမ်းမိခဲ့ပါတယ်။ နောက် သူမကို အမြန်ဆုံး ခွဲစိတ်ကုသမှု ခံယူစေခဲ့ပါတယ်။
အခုအချိန်မှာ အသက် ၂၁ အရွယ် ကျောင်းသူလေးဘဝရောက်နေပြီဖြစ်တဲ့ Lauren ဟာ တခြား လိင်အလွဲသုံးစားမှုကနေ လွတ်မြောက်နိုင်အောင် သူမရဲ့ တုန်လှုပ်ခြောက်ခြားဖွယ် အတွေ့အကြုံကို ရဲရဲတင်းတင်းပြောဆိုလျက်ရှိပါတယ်။နောက်ပိုင်းမှာ ဗီရိုထဲကနေ ဆွဲထုတ်မုဒိမ်းကျင့်ခံတဲ့အကြောင်း Lauren ပြန်လည်ပြောပြခဲ့ပါတယ်။ အဲဒီတုန်းက သူမ ၃ နှစ်အရွယ်သာရှိခဲ့တယ်။ ရေမရှိ၊ စားစရာလည်းမရှိ အမှောင်ထုသာ ရှိတယ်။
သူတို့ ကျွန်မငိုသံ ဖုံးကွယ်ဖို့ ကန်းထရီးသီချင်းတွေ ကျယ်လောင်စွာ ဖွင့်ထားတယ်။ အချိန်ကြာကြီး နှိပ်စက်ပြီးနောက် ဗီရိုထဲ ပြန်သွင်းခံရပြီး နာကျင်မှုဒဏ်လူးလိမ့်အောင် ခံစားရပါတယ်။ အမှောင်ထဲမှာ ဘာမှလုပ်လို့မရဘူး။ အဲဒီမှာပဲအိပ်၊ အဲဒီမှာပဲ အိမ်သာတက်ရပါတယ်။ ကော်ဇောဆို စိုရွဲပြီး စိုနေတဲ့စောင်ခင်းပါးပါးလေးတစ်ခုပဲ ခြုံအိပ်ရတယ်လို့ သူမပြန်ပြောပါတယ်။
Lauren ဟာ ဆေးလိပ်နဲ့ မီးတို့ ညှဉ်းဆဲ ခံခဲ့ရပါသေးတယ်။ တစ်ရက်မခြား အတောမသတ်နိုင်အောင် နာကျင်မှုဝေဒနာခံစားနေချိန်မှာ နှိပ်စက်မှုမခံရတဲ့ အကိုအမတွေ အပြင်ဘက်မှာ ရယ်မောပြီး ကစားနေကြတာ သူမကြားရပါတယ်။ဆာလောင်မှုကြောင့် အားအင်ချိနဲ့ပြီး အတုတ်အနှောင်ခံရလို့လည်း ပြန်မခုခံနိုင်ခဲ့ပါဘူး။ ဗီရိုထဲ ရှိတဲ့ဟာကိုပဲ စားခွင့် သူမရရှိခဲ့ပါတယ်။ နှိပ်စက်ခံရဖို့အတွက်သာ သူမ အပြင်ထွက်ခွင့်ရခဲ့ပါတယ်။
၂၀၀၁ မှာ ကယ်ထုတ်ခံရပြီးနောက် သူမကို Lauren Sabrina နဲ့ Bill Kavanaugh မွေးစားခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ သူမဟာ အရုပ်တွေနဲ့ ဘယ်လိုကစားရမယ်ဆိုတာတောင် မသိခဲ့ပါဘူး။ မြက်ပင်ကို ပထမဆုံး တွေ့တဲ့အချိန်မှာ ကျွန်မ ၈ နှစ်အရွယ်ရှိပြီး မြက်ပင်တွေက ခြေထောက်ကို စူးနေသလို ခံစားရတယ်လို့ သူမက ဆိုပါတယ်။ ရေချိုးပေးတဲ့အချိန်မှာ "ရေနစ်မသတ်ကြနဲ့" လို့ အော်ဟစ်ခဲ့တယ်လို့လည်း သိရပါတယ်။
Lauren ဟာ ကျောင်းပြန်တက်ပြီး စာမေးပွဲတွေ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အခုချိန်မှာ သူမ လိင်ကိစ္စရဲ့သားကောင်ဖြစ်သွားကြသူတွေကို အကူအညီပေးလျက်ရှိပြီး ကောလိပ်ကျောင်းမှာ စိတ်ပညာ သင်ကြားလေ့လာနေပါတယ်။ နောက်နှစ် တက္ကသိုလ်ဆက်တက်ရန် စီစဉ်ထားပါတယ်။ ကျွန်မ စိတ်ကူးအိပ်မက်က အရည်အချင်းရှိတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦး ဖြစ်ဖို့ပါပဲလို့ သူမက ပြောဆိုခဲ့ပါတယ်။
သူမ မိခင် Barbara Atkinson နဲ့ ပထွေး Kenny Atkinson တို့မှာ Lauren ကို မတရားပြုကျင့်မှုကြောင့် ၂၀၀၂ ခုနှစ်မှာ အပြစ်ဒဏ်ချမှတ်ပြီး တစ်သက်တစ်ကျွန်းထောင်ဒဏ် ကျခံခဲ့ရပါတယ်။ ၂၀၃၁ ခုနှစ်ထိ လွတ်လမ်းမရှိကြောင်း သိရပါတယ်။ 
Saturday, May 14, 2016
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကြိုက်တဲ့နေရာ ရှုရှူး ပေါက်လိုရတယ်
ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဗြိတိန်နိုင်ငံရဲ့ မည်သည့်နေရာတွင် မဆိုလွတ်လပ်စွာ အပေါ့သွားခွင့်ရှိ
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ဥပဒေအရ ခွင့်ပြုပေးထားတဲ့ အထူးအခွင့်အရေးတွေက များပြားလှပါ တယ်။ အဲ့ဒီထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး အပေါ့သွားတဲ့ အခွင့် အရေး လည်းပါဝင်ပါတယ်။
ဗြိတိန်နိုင်ငံက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် အပေါ့သွား ချင်နေပြီဆိုရင် နိုင်ငံရဲ့ကြိုက်တဲ့နေရာမှာ ကြိုက်သလိုသွားခွင့်ရှိပါ တယ်လို့ ထုတ်ပြန်ပေးထားပါတယ်။
အဆင့်မြင့်ဆုံးဖြစ်တဲ့ နိုင်ငံအကြီးအကဲ နေအိမ်ကနေ၊ ဟိုးအောက် ခြေအဆင့်အနိမ့်ဆုံးဖြစ်တဲ့ ကား လမ်းမလည်ခေါင်မှာလည်း လွတ် လွတ်လပ်လပ်အပေါ့သွားလာခွင့်ရှိတယ်လို့ ခွင့်ပြုပေးထားပါတယ်။
လူကြားထဲမှာဖြစ်ဖြစ်၊ ဘတ်စ်ကားပေါ်၊ လုပ်ငန်းခွင်၊ သွားလာနေတဲ့ နေရာတွေမှာ လုံးဝမအောင့်နိုင်တော့တာတို့၊ အပေါ့သွားချင်စိတ် တွေ ဖြစ်ပေါ်လာတာတို့ဆိုရင် အဲ့ဒီနေရာမှာတင်ပဲ အပေါ့သွားချ လိုက်လို့ ရတာလည်းဖြစ်ပါတယ်။
Saturday, April 9, 2016
ထိုးသူတွေ ရှိလာတဲ့ တက်တူးအဖြူ
ထိုးသူတွေ ရှိလာတဲ့ တက်တူးအဖြူ
အရေးကြီးဆုံးဟာ ထိုးမယ့်တက်တူးပုံဒီဇိုင်းဖြစ်ပြီး ပြတ်သားရှင်းလင်းတဲ့ ဒီဇိုင်းမျိုးကို ရွေးသင့်တယ်လို့ အကြံပေးထားမှုတွေလည်း ရှိပါတယ်။
အစဉ်အလာထိုးနေကျ အရောင်တွေနဲ့မတူဘဲ အဖြူရောင်ဆေးနဲ့တက်တူးထိုးတာကို လူအချို့လုပ်လာကြပါတယ်။
အခြားဘာအရောင်မှ မသုံးဘဲ အဖြူရောင်ဆေးသီးသန့်ကိုပဲ သုံးတာဖြစ်ပြီး ထိုးတာကောင်းရင်တော့ အလွန်လှပေမဲ့ အခြေအနေမဟန်ရင် တက်တူးပုံဟာ ဆိုးဆိုးဝါးဝါးဖြစ်သွားနိုင်တယ်လို့ သိရပါတယ်။ ပရော်ဖက်ရှင်နယ်တက်တူးထိုးသူတွေဟာ ဆေးအဖြူသုံးဖို့ အားမပေးကြဘဲ အရောင်မှိန်၊အရောင်ကျ မြန်ပြီး အနာရွတ်ကြီးတစ်ခုလိုဖြစ်သွားတတ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နာမည်ကြီးတက်တူး ဝက်ဆိုက်အချို့ဟာ ပုံကောင်းဖို့ အာမခံနဲ့ထိုးပေးမယ်ဆိုတဲ့ ကြေညာမှုတွေလည်း ရှိနေပြီး ဆေးဖြူကို အခြားဆေးတွေနဲ့ ရောပြီး အရောင်တောက်အောင် ထိုးလို့ရတယ်လို့ သိရပါတယ်။ အရေးကြီးဆုံးဟာ ထိုးမယ့်တက်တူးပုံဒီဇိုင်းဖြစ်ပြီး ပြတ်သားရှင်းလင်းတဲ့ ဒီဇိုင်းမျိုးကို ရွေးသင့်တယ်လို့ အကြံပေးထားမှုတွေလည်း ရှိပါတယ်။
မျက်မှန်တပ်ရလို့ ပျော်တာ မဟုတ်တဲ့ ကလေးငယ်
ပုံမှာ မြင်တွေ့ရတဲ့ အသက် လေးလသား ကလေးငယ်လေးဟာ မျက်မှန်တပ်ရလို့ ပျော်နေတာ မဟုတ်ပါဘူး။ သူ့ဘဝမှာ မိခင်နဲ့ ဖခင်ကို ပထမဆုံးအကြိမ် ကြည်ကြည်လင်လင် မြင်ဖူးလို့ ဝမ်းသာ ပျော်ရွှင်နေခြင်း ဖြစ်ပါတယ်။ Oculocutaneous albinism လို့ ခေါ်တဲ့ ရောဂါဟာ လူနည်းစုမှာသာ ဖြစ်တတ်ပြီး သူက တစ်ကိုယ်လုံးကို ဖြူစေပါတယ်။ အရေပြား၊ ဆံပင် ကစလို့ အရာအားလုံး ဖြူပြီး အချို့ကသာ အမြင်အာရုံကောင်းပေမယ့် အများစုကတော့ မွေးကတည်းက အမြင်အာရုံကောင်း မပါဝင်လာပါဘူး။ မျက်ကြည်လွှာ အားနည်းချက် ရှိပြီး အမြင်မှုန်ဝါးကြပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့ ကလေးငယ်ဟာ ကမ္ဘာကျေ် Leo အမည်ရ ရုပ်ရှင်ရိုက်ကူးတဲ့ ရုပ်ရှင်ဒါရိုက်တာရဲ့ ကလေးငယ်ဖြစ်ပြီး ကလေးကိုလည်း Leopold လို့ အမည်ပေးထားပါတယ်။ ကလေးဟာ မွေးကတည်းက Oculocutaneous albinism ရောဂါဝေဒနာ ပါဝင်လာတာကြောင့် ကလေးငယ်ကို သေချာ ဂရုစိုက်ပြုစုခဲ့ကြပါတယ်။ ဒါပေမယ့် ကလေးငယ်ဟာ အပြင်လောကကို ရှင်းရှင်းလင်းလင်း မမြင်ရတာကြောင့် ပျော်ရွှင်ရယ်မောမှုဆိုတာ မရှိပဲ တစ်ယောက်တည်း ခေါင်းငိုက်ပြီးတော့ နေတတ်ပါတယ်။ သူမြင်ရတဲ့ အဝန်းဝိုင်းအနီးကပ်ကိုပဲ ကြည့်ပြီး နေတတ်နေလို့ ဖြစ်ပါတယ်။
တစ်ရက်တော့ သူ့မိဘနှစ်ပါးဟာ ဆရာဝန်များနဲ့ စစ်ဆေးပြီး ကလေးအတွက် မျက်မှန်တစ်လက် ပြုလုပ်ပေးခဲ့ပါတယ်။ မျက်မှန်ကို တပ်ပေးလိုက်တဲ့အခါ ကလေးငယ်ဟာ မိခင်နဲ့ ဖခင်ကို ရုတ်တရက် ကြည်ကြည်လင်လင်မြင်ရတာကြောင့် ပျော်ရွှင်သွားပြီး ခတ္တ ပြန်လည်ခေါင်းဆိုက်ပါတယ်။ လူသားတွေဟာ ကြီးမားတဲ့ ဝမ်းသာပျော်ရွှင်စရာတစ်ခုရရင် ချက်ချင်းထပျော်ပေမယ့် ဒါဟာ တကယ်အစစ်အမှန်ဟုတ်မဟုတ် သေချာဖို့အတွက် ခတ္တ ပြန်လည်တွေးခေါ်တဲ့ တစ်ဒင်္ဂ အချိန် ရှိပါတယ်။ ကလေးငယ်လေးဟာ ရုတ်တရက်ပြုံးပြီး ခေါင်းပြန်ငိုက်သွားတဲ့အခါ "မေမေတို့ကို မြင်ပြီလား သားလေး။ ချစ်စရာလေး" အစရှိသဖြင့် ဆက်တိုက် နွေးထွေးတဲ့ စကားများ ပြောတဲ့အခါ ခေါင်းပြန်မော့ပြီး ပြန်လည် ရယ်မော ပါတယ်။
ကြည့်ရှုပြီး မှတ်တမ်းတင်နေတဲ့ သူ့ရဲ့ ဖခင်တောင် ကင်မရာကို ကောင်းကောင်း မကိုင်နိုင်ပဲ မျက်ရည်ဝဲခဲ့ရကြောင်း ဆိုပါတယ်
Thursday, March 31, 2016
ဆော်ဒီဘောစိတွေ လန်ဒန်ကို ရွှေကားတွေနဲ့အလည်လာ
ဆော်ဒီဘောစိတွေ လန်ဒန်ကို ရွှေကားတွေနဲ့အလည်လာ
ခေတ်မီပါတယ်ဆိုတဲ့ ကားတွေတောင် အရောင်မှိန်သွားရတဲ့အထိပါပဲ။
လန်ဒန်မြို့ကို အလည်လာတဲ့ ဆော်ဒီသူဌေးတွေကြောင့် မြို့ရဲ့လမ်းတွေဟာ ချက်ခြင်းဆိုသလို လင်းလက်သွားခဲ့ရပါတယ်။ လာတာကိုက ရွှေနဲ့လုပ်ထားတဲ့ ကားတွေကို စီးလာခဲ့ကြလို့ပါပဲ။
တန်ဖိုးမြင့် ဇိမ်ခံကားကြီးတွေကို ရွှေသားတွေနဲ့ အထူးပြုလုပ်ထားပြန်တာကြောင့် ဆော်ဒီသူဌေးတွေရဲ့ ကားတွေကို လူတိုင်း လည်ပြန်ငေးမောခဲ့ကြပါတယ်။ ကားတွေကို လန်ဒန်မြို့က ကန်စင်တန်ရှေ့မှာ ပါကင်ထိုးထားတာကို တွေ့မြင်နိုင်မှာပါ။ ကားတစ်စီးချင်းစီရဲ့ တန်ဖိုးဟာ ပေါင် ၁ သန်းကျော် ရှိပါတယ်။
ပေါင် ၃၅၀,၀၀၀ တန်တဲ့ Rolls-Royce Phantom Coupe ရွှေကားရဲ့အရှေ့မှာ မောင်းလာတဲ့ Lamborghini Aventador ကားကလည်း ပေါင် ၃၅၀,၀၀၀ တန်ပါတယ်။
ဘီးခြောက်လုံးနဲ့ မာစီဒီးစ်ကားကိုလည်း ရွှေတွေနဲ့ပဲ ပြုလုပ်ထားတာပါ။ V8 အင်ဂျင်သုံး မော်ဒယ်မြင့်ကားလည်း ဖြစ်ပါတယ်။Bentley ရဲ့ Flying Spur ကားကို ရွှေတွေနဲ့ မွမ်းမံလိုက်ပြန်တော့ ပေါင် ၂၂၀,၀၀၀ လောက် တန်သွားပါတယ်။
ဘီးရဲ့အတွင်းပိုင်းတွေကိုပါ ရွှေတွေနဲ့ တန်ဆာဆင်ထားတာ တွေ့ရမှာပါ။
ပုံဆက်​ပြုလုပ်​နည်း
မိမိပုံဖြစ်​ဖြစ်​တခြားပုံဖြစ်​ဖြစ်​​ပေါ့ပုံအရှည်​ဆက်​ချင်​သူများအတွက်​sh​လေးနဲ့ပြထား​ပေးပါတယ်​ကြည့်​လုပ်​ပါ
လိုအပ်​တဲ့apk picsay နဲ့ပါ
Apkမရှိ​သေးသူများ​အောက်​မှာရယူပါ
ကံအဆိုးဆုံး (သို့) ကံအကောင်းဆုံးလူသား
ကံအဆိုးဆုံး (သို့) ကံအကောင်းဆုံးလူသား
လူတစ်ယောက်ဟာ ဘယ်လောက်ကံဆိုးပြီး ဘယ်လောက် ကံကောင်းနိုင်ပါသလဲ..။
မတော်တဆမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ရင် ဒီလူကို ကံဆိုးသူလို့ ဆိုရပါမယ်။ အဲဒီမတော်တဆ မှုတွေကနေလွတ်မြောက်သွား ရင်တော့ ကံကောင်းသူလို့ ဆိုရပါမယ်။ ဒီလို မတော်တဆမှုတွေ အကြိမ်ပေါင်းများ စွာကြုံခဲ့ပြီး ပွတ်သီကာသီလွတ်ခဲ့သူ တစ်ယောက် အကြောင်းပါ။ သူ့နာမည်က Frane Selak ဖြစ်ပြီး ခရိုအေးရှားက ဂီတဆရာတစ်ဦး ဖြစ်ပါတယ်။ ကဲ သူကြုံတွေ့ခဲ့တဲ့ အကောင်းအဆိုးတွေကို ကြည့်ကြရအောင်။
-၁၉၆၂ဇန်န၀ါရီမှာ Selakဟာရထားနဲ့ခရီးသွားခဲ့ပါတယ်။ သူစီးလာတဲ့ ရထားဟာ မတော်တဆမှု တစ်ခုဖြစ်ပြီး ရေထဲကိုပြုတ်ကျသွားခဲ့ပြီး လူ၁၇ယောက်သေဆုံးစေခဲ့ပါတယ်။ Selakကတော့ လက်တစ်ချောင်း
ပဲကျိုးပြီး အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။
-နောက်နှစ်မှာလည်း Zagreb ကနေ Rijekaကို ခရီးသွားခဲ့ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း လေယာဉ်မတော်တဆမှု့ တစ်ခုကနေ လူ ၁၉ယောက်သေဆုံးခဲ့ပေမယ့် Selak ကတော့ အသေးအဖွဲ ဒါဏ်ရာလေးလောက်ပဲ ရရှိခဲ့ပါတယ်။
-၁၉၆၆ခုနှစ်မှာ သူစီးလာတဲ့ဘစ်စကားဟာ စက်ချို့ယွင်းမှု့ဖြစ်ပြီး မြစ်ထဲကိုထိုးကျပြန်ပါတယ်။ ဒီတစ်ခါမှာလည်း လူ၎ဦး သေခဲ့ပေမယ့် Selakဟာလွတ်မြောက်လာခဲ့ပြန်ပါတယ်။
-၁၉၇၀ ခုနှစ်တုန်းကလည်း သူ့ကားရဲ့ဓာတ်ဆီ pump အမှားတစ်ခုကနေ ကားမီးလောင်မှု ဖြစ်ပွားရာက ပွတ်ကာသီကာလွတ်မြောက်ခဲ့ပြန်ပါတယ်။
-၁၉၇၃ခုနှစ် မှာလည်း air vent ကြောင့်သူ့ကားမီးထပ်လောင်ရာကနေ ဒါဏ်ရာဒါဏ်ချက်မရှိပဲ လွတ်မြောက်ပြန်ပါတယ်။
-၁၉၉၅ခုနှစ် မှာတော့ သူဟာ ဘတ်စ်ကားတစ်စီးနဲ့ အတိုက်ခံခဲ့ရပါတယ်။ ဒီတစ်ခါမှာလဲ ဒါဏ်ရာအသေးစားလေးတွေပဲရပြီး အသက်ရှင်လွတ်မြောက်ခဲ့ပြန်ပါတယ်။
-၁၉၉၆ခုနှစ် မှာလည်း သူ့မောင်းလာတဲ့ထရပ်ကားဟာ ချောက်ထဲကို ပြုတ်ကျခဲ့ပါတယ်။ သူဟာကားထဲကနေ ခုန်ထွက်ကာ သစ်ပင်တစ်ပင်ရဲ့အကိုင်းကို အချိန်မီတွယ်ထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ကားကတော့သူ့ရဲ့အောက်ဘက် ပေ၃၀၀အကွာ မှာ ပေါက်ကွဲပျက်စီးခဲ့ပါတယ်။
ဒါပေမယ့် ဒီအဖြစ်အပျက်တွေအပြီး ၂၀၀၃ခုနှစ်အရောက်မှာတော့ ကံကောင်းခြင်းဟာသူ့ဆီလာခဲ့ပါတယ်။ Selak ဟာ ခရိုအေးရှား ထီ ဒေါ်လာ၁သန်းကို အနိုင်ရရှိခဲ့ပါတယ်။
လူတိုင်းရဲ့ဘ၀မှာအဆိုးနဲ့အကောင်းကို အနည်းနဲ့အများကြုံတွေ့နိုင်ပေမယ့် Selak ကြုံခဲ့ရတဲ့ အကောင်း အဆိုးတွေ ကတော့ အံအားသင့်ဖွယ် အဖြစ်အပျက်တွေပါပဲ။
"ကျွန်တော်ဟာကံကောင်းမှု့ရော၊ကံဆိုးမှု့ပါရောနေတဲ့လူတစ်ယောက်ဖြစ်တယ်"လို့ Selakက ပြောသွားခဲ့ပါတယ်။