Pages

Saturday, December 5, 2015

အသက်၁၁နှစ်အရွယ် ကလေးငယ်တစ်ဦးကို မိခင်အရင်းမှ သံချွန်မီးဖုတ်ထိုးခြင်းနှင့် ဆူးခတ်ပေါ်ခုန်ချခိုင်ခြင်းစသည့် လူမဆန်စွာ နှိပ်စက်မှုဖြစ်ပွား

ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာအုပ်စု ကန်ပြည့်ကျေးရွာတွင်အသက်၁၁နှစ်အရွယ် ယောင်္ကျားလေးဖြစ်သော ကလေးငယ်တစ်ဦးကိုမိခင်အရင်းဖြစ်သူကမကြာခဏဆိုသလိုလူမဆန်စွာ နှိပ်စက်မှုဖြစ်ပွားနေကြောင်းအဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးအပါအ၀င်ရပ်ရွာသာရေးနာရေး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးခင်မောင်ဝင်းက ပြောကြားသည်။

‘’ဒီကလေးက အလွန်သနားစရာကောင်းပါတယ် သူ့ကို ဆူးခတ်တွေအပေါ် ခုန်ချခိုင်းတာ တို့သံကိုမီးဖုတ်ပြီး အသားထဲထိုးသွင်းတာ တို့စတဲ့ နှိပ်စက်နည်းမျိုးစုံနဲ့ နှိပ်စက်ထားပါတယ် သူ့အကြောင်းကြားလို့ လာမေးတဲ့သူ ပြန်သွားတဲ့အခါ သူကိုနှိပ်စက်ပါတယ် ဦးဝီရသူက ခေါ်မေးတော့ ကျွန်မ မလုပ်တော့ပါဘူး ပြောပါတယ် ဘုန်းကြီးတွေပြန်သွားတော့ ထပ်နှိပ်စက်ပါတယ် တစ်ကိုယ်လုံးလည်း ရစရာမရှိတော့ပါဘူး ခေါင်းမှာ ဆံပင်တောင် မပေါက်တော့ဘူး’’ဟု ကန်ပြည့်ကျေးရွာ ရွာလယ် သိမ်းကျောင်းတွင် ၄.၁၂.၂၀၁၅ရက်နေ့တွင် ဥပုတ်လာစောင့်သော ကန်ပြည့်ကျေးရွာ သားများက ပြောဆိုသည်။ 

အဆိုပါကလေးငယ်ကိစ္စနှင့် ပတ်သတ်ပြီး ၁၉၉၃ခုနှစ်က အတည်ပြုပြဌာန်းထားသော ကလေးသူငယ်ဥပဒေအရ ကြပ်မတ်လုပ်ဆောင်ရန် မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက မကြာမီရက်ပိုင်းအတွင်း ကန်ပြည့်ကျေးရွာသို့ လာရောက်စုံစမ်းပြီး လိုအပ်သော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဟု ယင်းဌာနမှ တာဝန်ရှိသူ ဦးသစ္စာက ပြောဆိုသည်။

ယင်းကလေးငယ်၏ အမည်မှာ ဖုန်းပြည့်စုံနိုင်ဖြစ်ပြီး အသက်၁၁နှစ်အရွယ် စတုတ္တတန်းကျောင်းသားတစ်ဦး ဖြစ်ပြီး မိခင်ဖြစ်သူမှာ ဒေါ်ဌေးကြည်ဖြစ်သည်ဟု ဆိုသည်။ ကလေးငယ်၏ ခန္ဓာကိုယ်နှင့် ဦးခေါင်း၊ နှားရွက်နှစ်ဖက်တွင် နည်းမျိုးစုံဖြင့် နှိပ်စက်ထားသော ဒဏ်ရာပေါင်းများစွာကို တွေ့ရသည်။ ကလေးငယ်၏ မိခင်နှင့် ဖခင်မှာ ပေါင်းသင်းခြင်းမရှိပဲ ကွဲကွာနေသည်ဟု ဒေသများစွာက ပြောဆိုသည်။

ကလေးငယ်မှာ ကျောင်းတွင် မြန်မာစာကို ကောင်းကောင်းဖတ်နိုင်သည်ဟု ကန်ပြည့်ကျေးရွာအလယ်တန်းကျောင်းမှ ဆရာဆရာမများက ပြောပြသည်။

၁၉၉၃ခုနှစ်တွင် ပြဌာန်းထားသော ကလေးသူငယ်ဥပဒေအရ မိဘ၊အုပ်ထိန်းသူနှင့် ဆရာဆရာမများက ဆုံးမသည်ထက် ပိုသော ရိုက်နှပ်ဆုံးမခြင်း၊ တောင်းရမ်းစားသောက်ခိုင်းခြင်း၊ အရက်သေစာဝယ်ခိုင်ခြင်း စသော အပြုအမှုများ ပြုလုပ်ပါက တည်ဆဲ ဥပဒေအရ အများဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ပြစ်ဒဏ်ကျခံ ရနိုင်ကြောင်း ဖော်ပြထားသည်။လောလောဆယ် အဆိုပါကလေးငယ်၏ အခြေအနေမှာ လူဘ၀ဖြတ်သန်းရန် အရေးတကြီးအကူအညီလိုနေသော အခြေအနေများ ရှိနေကြောင်း သွားရောက် သတင်းရယူမှု မျက်မြင်တွေ့ရှိချက်အရ သိရသည်။


Posted via Blogaway

No comments:

Post a Comment