Pages

Sunday, December 6, 2015

၂၁၀ ခရီးသည်တင်ယာဉ်အရှိန်လွန်ပြီး မှတ်တိုင်ရပ်ထားသော ယာဉ်အားနောက်မှ ၀င်တိုက်


ရန်ကုန်မြို့တွင်း ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက မဟာဗန္ဓုလလမ်း အတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း ဦးကျော်စိန်မောင်းနှင် လာသည့် ခရီးသည်တင်ယာဉ်အမှတ် (၂၁ဝ) 3B/--- သည် ၃၇ လမ်းထိပ် အရောက် အရှိန်လွန်ပြီး ကားမှတ် တိုင်တွင် ရပ်တန့်ထားသော ယာဉ်မောင်း ကိုသူရ မောင်းနှင်သည့် အမှတ်(၂၅၈) ခရီးသည်တင် ယာဉ် 5D/----ကို နောက်ဘက်မှ ဝင်ရောက် တိုက်မိပြီး အရှိန်လွန်ကာ ဘယ်ဘက် ယာဉ်ကြောကို ကျော်လွန်၍ ရေပေး ဝေသည့် အဝီစိရေ စက်အုတ်ခုံကို ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် အမှတ် (၂၅၈) ခရီးသည်ယာဉ်၏ နောက် ကျောဘက် ပျက်စီးသွားပြီး ဝင်တိုက် ခဲ့သည့် အမှတ်(၂၁ဝ) ခရီးသည် တင်ယာဉ် မှာ ခေါင်းပိုင်း ပျက်စီးခဲ့ပြီး ယာဉ်မောင်းမှာ (မစိုးရိမ်ရ) ဒဏ်ရာရ ခဲ့သည်။
ယာဉ်နှစ်စီးပေါ်ပါ ခရီးသည်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကို သက်ဆိုင်ရာ ယာဉ်မှုစစ်က အရေးယူဆောင် ရွက်လျက် ရှိကြောင်း သိရသည်။


Posted via Blogaway

No comments:

Post a Comment