ဒေါ်လာဈေး ၁၂၉၀ကျပ်ထိကျဆင်း
ဖေဖေါ်ဝါရီလ ပထမသီတင်းပတ်ဖြစ်တဲ့ ဒီနေ့မှာ ဈေးကွက်ထဲက ဒေါ်လာရောင်းဈေးက တစ်ဒေါ်လာကို ၁၂၉၀ကျပ်ထိ ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဒေါ်လာရောင်းဈေးက တစ်ဒေါ်လာကို ၁၂၉၄ကျပ်ဝန်းကျင်မှာ ငြိမ်နေခဲ့တယ်။ ဗဟိုဘဏ်ရည်ညွှန်းဒေါ်လာ ၀ယ်ဈေးကတော့ ဒီနေ့မှာ တစ်ဒေါ်လာကို ၁၂၉၃ကျပ်ဈေးနဲ့ဖွင့်ခဲ့ပြီး ဒီဈေးက ပြီးခဲ့တဲ့သီတင်းပတ်အကုန်ပိုင်းက ဈေးထက် တစ်ဒေါ်လာကို တစ်ကျပ်ကျဆင်းလာတာ ဖြစ်ပါတယ်။ ဗဟိုဘဏ် ရည်ညွှန်းဒေါ်လာ ရောင်းဈေးကတော့ တစ်ဒေါ်လာကို ၁၂၉၅ကျပ် ရှိပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ပုဂ္ဂလိကဘဏ်တချို့ရဲ့ ဒေါ်လာဝယ်ဈေးကတော့ တစ်ဒေါ်လာကို ၁၂၈၂ကျပ်ကနေ ၁၂၈၆ကျပ်ကြားမှာ ရှိပြီး ဒေါ်လာရောင်းဈေးကတော့ တစ်ဒေါ်လာကို ၁၂၉၅ကျပ်ကနေ ၁၃၀၀ကျပ် ကြားမှာ ရှိပါတယ်။

ကျေးဇူးတင်ပါတယ်မိတ်ဆွေ
ကျေးဇူးတင်ပါတယ်မိတ်ဆွေ
Pages
▼
No comments:
Post a Comment