Pages

Saturday, February 13, 2016

အိမ်သာသုံးစက္ကူထဲ ၀င်ပုန်းနေတဲ့ သားပိုက်ကောင်လေး

သစ်ပင်ပေါ်မှာနေတတ်တဲ့ သားပိုက်ကောင်က အိမ်သာသုံးစက္ကူ အမှိုက်ပုံးထဲမှာ လာရောက်ပုန်းခိုနေ

ပန်းခြံဝန်ထမ်းတွေက အိမ်သာသုံးစက္ကူ အမှိုက်ပုံးထဲမှာ ပုန်းခိုနေထိုင်နေတဲ့ သစ်ပင်တွေမှာသာနေတတ်တဲ့ သားပိုက်ကောင်လေးတစ်ကောင်ကို တွေ့ရှိခဲ့ကြပါတယ်။


Yarra Bend တွင် အိမ်သာသုံးစက္ကူတွေကို ဆွဲဖြဲကာ စက္ကူထည့်တဲ့ဘူးကို အိမ်လုပ်ကာနေတဲ့ သားပိုက်ကောင်လေးရဲ့ ဓါတ်ပုံကို Parks Victoria က ပြသခဲ့ပါတယ်။


အိမ်သာတွေကို သန့်ရှင်းရေးလုပ်နေတဲ့ ၀န်ထမ်းတစ်ယောက်က သားပိုက်ကောင်လေးကို တွေ့ရှိခဲ့ပြီး Cameron လို့ခေါ်တဲ့ပန်းခြံတာဝန်ရှိသူကို သားပိုက်ကောင်လေးရှိနေတာကို သတင်းပို့ခဲ့ပါတယ်။


သားပိုက်ကောင်လေးကို ဖယ်ရှားပြီးနောက်မှာ သူတို့တွေက သားပိုက်ကောင်လေးအတွက် သစ်ပင်ပေါ်မှာ အိမ်တစ်အိမ်ဆောက်ပေးခဲ့ကြပါတယ်။


No comments:

Post a Comment