ခွေးလောက်ရှိတဲ့ ယုန်ကြီးအတွက် အိမ်တစ်လုံးရှာဖွေနေ
သာမာန်ယုန်တစ်ကောင်ရဲ့ အရွယ်အစားထက် အတော်လေးပိုမိုထွားကြိုင်းနေတော့ ခက်တာပေါ့။
စကော့တလန်က တိရစ္ဆာန် ကယ်တင်စောင့်ရှောက်ရေး နေရာတစ်ခုမှာ သာမာန်ထက်ထွားတဲ့ ယုန်ကြီးတစ်ကောင်ကို မွေးမြူမယ့် အိမ်ကို ရှာဖွေနေပါတယ်။ အဲ့ဒီယုန်ကလည်း ခွေးငယ်တစ်ကောင်လောက်ကို ထွားနေတာပါ။
အသက် ၇ လပဲ ရှိသေးတာကြောင့် နောက်ထပ်လည်း ထွားလာနိုင်ဖွယ် ရှိနေပါသေးတယ်။ အက်လတ်စ်လို့ အမည်ပေးထားတဲ့သူ့ကို ပိုင်ရှင်က ဆက်လက်မွေးမြူဖို့ အဆင်မပြေတော့တာကြောင့် စကော့တိရစ္ဆာန်ကယ်တင်စောင့်ရှောက်ရေး (SPCA)ကို လာရောက်အပ်နှံခဲ့တာဖြစ်ပါတယ်။
လတ်တလောမှာတော့ အတ်လတ်စ်ဟာ လူတွေထံကနေ ခွေးလေးတစ်ကောင်လိုမျိုး ပွေ့ချီထွေးပွေ့မှုနဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။ SPCA ကတော့ အတ်လတ်စ်ကို မွေးမြူနိုင်မယ့်လူကို ရှာဖွေနေဆဲပါ။
ကျေးဇူးတင်ပါတယ်မိတ်ဆွေ
ကျေးဇူးတင်ပါတယ်မိတ်ဆွေ
Pages
▼
No comments:
Post a Comment