ရေမသောက်ဘဲ ဝိုင်နီပဲသောက်လို့ အသက်ရာကျော်ရှည်
စပိန်က အသက် ၁၀၇ နှစ်အရွယ် အဘိုးအိုတစ်ဦးက သူ့ရဲ့ အသက်ရှည်နည်းကို ဖွင့်ချလိုက်ပါတယ်။ သူကတော့ ရေကို ဘယ်တော့မှမသောက်ဘဲ ဝိုင်နီကိုပဲ တစ်နေ့ လေးပုလင်း နေ့စဉ်သောက်ပါသတဲ့။
စပိန် အနောက်မြောက်ပိုင်းမှာနေတဲ့ အန်တိုနီယို ဒိုကမ်ဘိုဟာ ပြီးခဲ့တဲ့ သီတင်းပတ်က သေဆုံးသွားခဲ့ပြီး မသေခင်မှာ သူ့ရဲ့ အသက်ရှည်နည်းလျှို့ဝှက်ချက်ကို ပြောသွားခဲ့တာပါ။ ရေလုံးဝမသောက်ဘဲ အိမ်မှာလုပ်တဲ့ ဝိုင်နီကိုသာ တစ်နေ့ လေးပုလင်းနှုန်းနဲ့ နေ့စဉ်သောက်သုံးခြင်းကြောင့် သူအသက်ရှည်ကျန်းမာရတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒိုကမ်ဘိုဟာ နေ့လည်စာစားချိန်မှာ ဝိုင်နီ နှစ်ပုလင်း၊ ညနေစာ စားချိန်မှာ ဝိုင်နီ နှစ်ပုလင်းနှုန်းနဲ့ သောက်သုံးတယ်လို့ သိရပါတယ်။
"ကျွန်တော်တို့သားအဖနှစ်ယောက်လုံး အိမ်မှာရှိနေရင် တစ်လကို ဝိုင်နီ ၂၀၀ လီတာလောက် သောက်ဖြစ်တယ်။ အဖေက ရေကို ဘယ်တော့မှမသောက်ဘူးလေ " လို့ ဒိုကမ်ဘိုရဲ့သားဖြစ်သူက ဆိုပါတယ်။
ဒိုကမ်ဘိုမှာ ကိုယ်ပိုင် စပျစ်ခင်းလည်းရှိပြီး သူ့ရဲ့ စပျစ်ခင်းကထွက်တဲ့ ဓာတုလွတ် အော်ဂဲနစ်စပျစ်ဝိုင်ကို သူကိုယ်တိုင်ပဲ ပြုလုပ်သောက်သုံးခဲ့တာပါ။ သူ့ရဲ့စပျစ်ခင်းကနေ တစ်နှစ်ကို ဝိုင် လီတာ ၆၀,၀၀၀ လောက် ထွက်ရင် သူ့အတွက်သီးသန့် ဝိုင်နီ ၃,၀၀၀ လီတာလောက် ချန်ထားလေ့ရှိကြောင်း ဒိုကမ်ဘိုရဲ့ တူဖြစ်သူက ဖြည့်စွက်ပြောကြားပါတယ်။
Credit - Duwun
ထူးခြားဆန်းပြားမှ မဖတ်ရသေးတဲ့ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို ပြန်လည် ဖတ်ရှုလိုတယ်ဆိုရင် ရာဇ၀င် ကြည့်ရန်မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။


ကျေးဇူးတင်ပါတယ်မိတ်ဆွေ
ကျေးဇူးတင်ပါတယ်မိတ်ဆွေ
Pages
▼
No comments:
Post a Comment