Pages

Monday, February 8, 2016

ကမ္ဘာ့အလှဆုံး​မော်​ဒယ်​​လေးများ

အမေရိကန်ရောက် ကမ္ဘာ့အလှဆုံးမော်ဒယ်လေး

ကမ္ဘာ့အလှဆုံး မိန်းကလေးအဖြစ် အသက် ၉ နှစ်မှာ လူတွေက ဝိုင်းဝန်းနာမည်ပေးခံထားရသူပါ။

ရုရှားက အသက် ၁၀ နှစ်ပဲ ရှိသေးတဲ့ မော်ဒယ်လှလှလေးက အမေရိကန်မှာ အခြေချ နေထိုင်ပါတော့မယ်။ အကြောင်းကတော့ သူမရဲ့ ပရော်ဖက်ရှ

င်နယ် မော်ဒယ်အလုပ်ကို လော့စ် အန်ဂျလိစ်မြို့မှာ အခြေစိုက်ပြီး လုပ်ကိုင်မှာဖြစ်လို့ပါပဲ။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ကမ္ဘာ့အလှဆုံးနဲ့ အသက်အငယ်ဆုံး မော်ဒယ်အဖြစ် လူတွေ အံ့သြငေးမောခဲ့ရတဲ့ ခရစ်စတီနာ ပိုင်မီနိုဗာဟာ အသက် ၁၀ နှစ်အရွယ် ရောက်လာချိန်မှာတော့ LA Models အေဂျင်စီနဲ့ စာချုပ်ချုပ်ပြီး ပရော်ဖက်ရှင်နယ် မော်ဒယ်အလုပ်အတွက် မော်စကိုကနေ လော့စ်အန်ဂျလိစ်ကို ပြောင်းလာတော့မှာ ဖြစ်ပါတယ်။ LA Models ဟာ နာမည်ကြီး မော်ဒယ်အေဂျင်စီတစ်ခုလည်း ဖြစ်ပါတယ်။

သူမအသက် ၃ နှစ် ကတည်းက ရှိုးပွဲတွေမှာ catwalk လျှောက်လာခဲ့ပြီး အသက် ၄ နှစ်မှာတော့ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်မှာ ပရိသတ်ပေါင်း ၂ သန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူမအသက် ၁၀ နှစ်ကို ရောက်လာချိန်ထိတိုင် သူမရဲ့မိခင်က စူပါမော်ဒယ်ပေါက်စလေးရဲ့ မန်နေဂျာအဖြစ်ရော လူမှုကွန်ရက်အကောင့်တွေကို ထိန်းချုပ်သတင်းပေးသူအဖြစ်ပါ တာဝန်ယူထားပါတယ်။ သူမရဲ့ လူမှုကွန်ရက်အကောင့်တွေကိုတော့ ခရစ်စတီနာကိုယ်တိုင်တော့ သုံးခွင့်မရသေးပါဘူး။

Credit - Duwun

ထူးခြားဆန်းပြားမှ မဖတ်ရသေးတဲ့ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို ပြန်လည် ဖတ်ရှုလိုတယ်ဆိုရင် ရာဇ၀င် ကြည့်ရန်မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။






No comments:

Post a Comment