Pages

Wednesday, November 25, 2015

ခုနစ်လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ လေးဘီလီယံရှိ

ယခုဘဏ္ဍာနှစ်အစမှ အောက်တိုဘာလအထိ ခုနစ်လတာ ကာလအတွင်း မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ကန်ဒေါ်လာ လေးဘီလီယံခန့်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ စွမ်းအင်၊ ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ ဆောက်လုပ်ရေးလုပ် ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ဟို တယ်နှင့် ခရီးသွားလုပ်ငန်း၊ အိမ် ခြံမြေအကျိုးဆောင်လုပ်ငန်း၊ စက်မှုဇုန် အကျိုးဆောင်လုပ်ငန်း နှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများကို ပြည်ပနိုင်ငံမှ လုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံခွင့် ပေးထားသည်။
အဆိုပါ ခွင့်ပြုထားသည့် လုပ်ငန်းများတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ စွမ်းအင်၊ စက်မှုကုန် ထုတ်လုပ်မှုလုပ်ငန်း၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်း၊ သတ္တုတူး ဖော်ရေးလုပ်ငန်းနှင့် အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်ပနိုင်ငံများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု အမြင့်ဆုံး ကဏ္ဍများဖြစ်သည့် ရေနံနှင့် သဘာဝဓာတ် ငွေ့ကဏ္ဍတွင် ကန်ဒေါ်လာ နှစ် ဘီလီယံခန့်၊ စက်မှုကုန်ထုတ်လုပ် မှုကဏ္ဍတွင် ကန်ဒေါ်လာ သန်း ၆၀၀ ခန့်၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ကန်ဒေါ်လာ သန်း ၆၀၀ ကျော်၊ အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းတွင်ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံထားသည်။
တရုတ်၊ စင်ကာပူနှင့် ဟောင်ကောင်တို့က ရင်းနှီးမြှုပ်နှံမှု အမြင့်ဆုံးဖြစ်ပြီး ကာတာနှင့် တောင်အာဖရိကနိုင်ငံတို့သည် ၂၀၁၅ တွင်စတင် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံသစ်များဖြစ်သည်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ သည့် နိုင်ငံပေါင်း ၄၁ နိုင်ငံရှိ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်၌ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ ရှစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့သည်။
25.11.2015

Posted via Blogaway

No comments:

Post a Comment