ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်း၏ (၁၂)နှစ် မြောက်နှစ်ပတ်လည်အဖြစ် လာမည့် ဒီဇင်ဘာ ၂ ရက်တွင် ကျိုက် ထီးရိုးဘုရားဖူး ဧည့်သည်များအား ကင်မွန်းစခန်းမှ တောင်ပေါ်အထိ ကားဖြင့် အခမဲ့ ပို့ဆောင်ပေးမည် ဟု သတင်းရရှိသည်။
‘‘ဂိတ်စဖွင့်ချိန် မနက် ၆ နာရီ ကနေ ညနေ ၆ နာရီအတွင်း တောင်တက်ကားတွေ အားလုံးကို ဘုရားဖူး ခရီးသည်တွေ အတက်အဆင်း အခမဲ့ စီးနင်းနိုင်ကြမှာပါ။ ဒါ့အပြင် လာရောက် ဘုရားဖူးတဲ့သူတွေ အတွက်ကိုလည်း စတုဒိသာပွဲတွေ ပြင်ဆင်ပေး ထားပါတယ်’’ဟု ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်း ဒုဥက္ကဋ္ဌ ဦး ကြည်ဝင်းက ပြောသည်။
ကျိုက်ထီးရိုး တောင်တက်အသင်း နှစ်ပတ်လည်နေ့ကို နှစ်စဉ် ဒီဇင်ဘာ ပထမပတ်အတွင်း တစ်ရက်ကျင်းပခဲ့ကာ ယခုနှစ်အတွက် ဒီဇင်ဘာ ၂ ရက်ကို ရွေးချယ်ထား ပြီး ယင်းအလှူပွဲအတွက် တောင်တက်ကား အသင်းက တာဝန်ယူ ကုသိုလ်ပြုခြင်းဖြစ်သည်။
ယင်းအလှူသည် တစ်နှစ်တစ်ခါပြုလုပ်သည့် အလှူပွဲဖြစ်ကာ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ကော်မတီ အဖွဲ့ဝင်များစုပေါင်း လုပ်ဆောင်ကြ၍ အားတက်သရော ဝမ်းသာ ကြည်နူးမှုဖြစ်ရကြောင်း ကျိုက်ထီး ရိုးတောင်တက် မော်တော်ယာဉ် အသင်းဝင်တစ်ဦးက ပြောသည်။
လက်ရှိတွင် ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ် အသင်း၌ တောင်တက်ကားစီးရေ စု စုပေါင်း ၁၅၀ ဖြင့် ပုံမှန်ရက်များ၌ ဘုရားဖူးခရီးသည် ၅၀၀ ဦးခန့်နှင့် အခါကြီးရက်ကြီးနေ့များတွင် ဘုရားဖူးခရီးသည် တစ်သိန်းခန့်ကို တောင်အတက်အဆင်း ဝန်ဆောင်မှုပေးလျက်ရှိသည်။
အဆိုပါနေ့ရက်တွင် ကျိုက်ထီးရိုးကင်မွန်းစခန်း တောင်တက် ကားဂိတ်၌လည်း နိဗ္ဗာန်ဈေးပွဲတော် ကျင်းပပေးမည်ဖြစ်၍ မည်သူမဆို လာရောက်နိုင်ကြောင်း တောင်တက်ကားအသင်းက ကြေ ညာထားသည်။
‘‘ကျိုက်ထီးရိုး ဘုရားသွားဖူးတဲ့ ဘုရားဖူးတွေအတွက် အခုလို အခမဲ့ပို့ဆောင်ပေးတာ အရမ်းကောင်းပါတယ်။ မနှစ်ကလည်း စတုဒိသာပွဲတော်တွေနဲ့ ဘုရားဖူးတွေ အပြည့်အကျပ်တွေ့ရတယ်။ တောင်တက်ကားတွေလည်း
အတက်အဆင်း အခေါက်ရေ အတော်များများ ပို့ပေးရတယ်။ နှစ် တိုင်းလည်း အခုအလှူတွေ လုပ်နိုင်စေချင်ပါတယ်’’ဟု ယမန်နှစ်က ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ် အသင်းနှစ်ပတ်လည်နေ့၌ ဘုရားဖူးသွားခဲ့သူ တစ်ဦးက ပြောသည်။
အတက်အဆင်း အခေါက်ရေ အတော်များများ ပို့ပေးရတယ်။ နှစ် တိုင်းလည်း အခုအလှူတွေ လုပ်နိုင်စေချင်ပါတယ်’’ဟု ယမန်နှစ်က ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ် အသင်းနှစ်ပတ်လည်နေ့၌ ဘုရားဖူးသွားခဲ့သူ တစ်ဦးက ပြောသည်။
Posted via Blogaway

No comments:
Post a Comment