Pages

Wednesday, November 25, 2015

စိုက်ပျိုးနေဆဲ မတ်ပဲများကို အိန္ဒိယက ကြိုပွိုင့်စနစ်ဖြင့် ဈေးကောင်းပေးဝယ်ယူနေ

လက်ရှိ စိုက်ပျိုးနေဆဲ မတ်ပဲများကို တစ်တန်လျှင် ကန် ဒေါ်လာ ၁,၂၀၀ မှ ၁,၅၀၀ အထိ ဈေးပေးကာ အိန္ဒိယ ၀ယ်လက် များက ကြိုပွိုင့်စနစ်ဖြင့် ၀ယ်ယူ နေကြောင်း မြန်မာနိုင်ငံပဲနှင့်နှမ်း ကုန်သည်များအသင်းမှ သတင်း ရရှိသည်။

 ‘‘အရင်နှစ်တွေကလည်း လာဝယ်တာရှိတယ်။ ဒီလောက် ဈေးမရဘူး။ မတ်ပဲတစ်တန်ကို ကန်ဒေါ်လာ ၇၀၀ လောက်ပဲရ တာ။ ဒီနှစ်ဈေးက နှစ်ဆလောက် ရတာပေါ့’’ဟု မြန်မာနိုင်ငံပဲနှင့် နှမ်းလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က ပြော သည်။

ပြည်ပသို့ တင်ပို့ရန် ချုပ်ဆို ထားသည့် စာချုပ်လက်ကျန်ပဲအချို့ကိုသာ တင်ပို့လျက်ရှိပြီး မတ်ပဲ တစ်တန်လျှင် ကျပ် ၂၂ သိန်းမှ ၂၅ သိန်းအထိ ဈေးရရှိ နေကာ အဆိုပါဈေးသည် ပဲဈေး ကွက်တွင် အမြင့်ဆုံးရသည့် ဈေး နှုန်းဖြစ်ကြောင်း ပဲကုန်သည်များ က ပြောသည်။

၂၀၁၆ ဇန်န၀ါရီတွင် မြန်မာ မတ်ပဲအသစ်များ ဈေးကွက်တွင်း သို့ ရောက်ရှိမည်ဖြစ်ပြီး တစ်တန် လျှင် လက်ရှိရရှိနေသည့် ဈေး ထက်မြင့်တက်လာနိုင်ကြောင်း ပဲ ကုန်သည်များက ပြောသည်။

မြန်မာပဲများကို အဓိက၀ယ် ယူနေသည့် အိန္ဒိယနိုင်ငံတွင် ပဲ စိုက်ခင်းများပျက်စီးသွားခြင်း ကြောင့် ယခုကဲ့သို့ မတ်ပဲဈေးမြင့် တက်နေခြင်းဖြစ်သည်။ အိန္ဒိယ နိုင်ငံဘက်ကလည်း လာမည့်နှစ် တွင် ပဲပိုမိုတင်ပို့ရန် မြန်မာနိုင်ငံ အား ကမ်းလှမ်းထားသည်။

လက်ရှိအချိန်ထိပြည်ပနိုင်ငံ မှားမှ ၀ယ်ယူမှုများသည် တစ် ဆင့်ခံ နိုင်ငံများမှ ချိတ်ဆက်ဝယ် ယူခြင်းဖြစ်ပြီး အစိုးရသစ်လက် ထက်တွင် တိုက်ရိုက်ဝယ်ယူမှုများ ရှိလာနိုင်ကာ ဈေးပိုမိုရရှိနိုင် ကြောင်း ပဲကုန်သည်များက သုံး သပ်သည်။

      ယခုဘဏ္ဍာနှစ်အစမှ အောက်တိုဘာအထိ ပဲမျိုးစုံတန်ချိန် တစ်သန်းကျော်တင်ပို့ထားပြီး  ယခင်နှစ်ထက် ပိုမိုတင်ပို့နိုင်မည်ဟု ပဲကုန်သည်များက ပြောသည်။


Posted via Blogaway

No comments:

Post a Comment