Pages

Wednesday, November 25, 2015

မြေပြိုနေသော်လည်း အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်မှုမရှိ

 
မြေပြိုမှုများကြုံတွေ့ခဲ့ ရသော်လည်း အိန္ဒိယ-မြန်မာရိဒ် စခန်းမှ နယ်စပ်ကုန်သွယ်မှုထိ ခိုက်မှုမရှိဘဲ တိုးမြင့်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ သတင်းရရှိ သည်။

ဇူလိုင်နှင့်သြဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေ ပြိုမှုများကြောင့် လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်ခဲ့သော် လည်း အထက်ပါရိဒ်နယ်စပ် စခန်းတွင် ကုန်သွယ်မှုသည် ယခင်နှစ် ထက် ကန်ဒေါ်လာ ၄ သန်းကျော် ပိုမိုခဲ့ကြောင်း အထက်ပါဝန်ကြီး ဌာန ထုတ်ပြန်သောစာရင်းများ အရသိရသည်။

အဆိုပါ  နယ်စပ်စခန်းမှ ယခင်ဘဏ္ဍာရေးနှစ် ပထမခုနစ် လတွင် ကုန်သွယ်မှုသည် ကန်ဒေါ်လာ ၉ သန်းကျော်သာရှိသော်လည်း ယခုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁၃ သန်းခွဲကျော်ရှိလာခဲ့သည်။

ယခုကုန်သွယ်မှုတိုးမြင့်လာခြင်းသည် မြန်မာဘက်က ယခင်နှစ်ထက် ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ခြင်းကြောင့်ဖြစ်ပြီး သွင်းကုန်မှာ ယခင်ဘဏ္ဍာရေးနှစ်ထက် အနည်းငယ်သာ တိုးမြင့်ခဲ့သည်ဟု အဆိုပါဝန်ကြီးဌာနမှ သိရသည်။

‘‘အဓိကက ကွမ်းသီးပို့တာများပါတယ်။ အိန္ဒိယဘက်က ဝယ်လိုအားများတော့ ဒီဘက်တိုးပို့ရတယ်။ တန်ဆာခအတော်မြင့် တယ်’’ဟု ကလေးမြို့မှကုန်သည် တစ်ဦးကပြောသည်။

ရိဒ်နယ်စပ်စခန်းသည်ကုန် သွယ်မှုတိုးမြင့်ခဲ့သော်လည်း တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်တွင် ကုန်သွယ်မှု အနည်းငယ်ကျဆင်းခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရသည်။ ရေကြီးစဉ်ကာလအတွင်း ကလေး-တမူးလမ်းတစ် လျှောက်တွင်တံတားများ ပျက်စီးခဲ့၍ကုန်သွယ်မှုထိခိုက်ခဲ့ကြောင်း ကုန်သည်များကဆိုသည်။

လွန်ခဲ့သည့် လေးလအတွင်း ရေကြီးမှုများကြောင့် နိုင်ငံ၏ ကုန်သွယ်မှု လျော့ကျခဲ့သော်လည်း နယ်စပ်ကုန်သွယ်စခန်းနယ်စပ်စခန်းများသာ ၁၅ ခုတွင် စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၅၀၀ ခန့် တိုးမြင့်ခဲ့သည်။ အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုတွင် ချင်းရွှေဟော်၊ တာချီလိတ်၊ မောင်တောနှင့် တမူး  ယခင်ဘဏ္ဍာနှစ်ထက် ကုန်သွယ်မှုလျော့ကျခဲ့သည်။

26.11.2015


Posted via Blogaway

No comments:

Post a Comment