Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Sunday, January 31, 2016

စစ်​ကိုင်းတိုင်း​ဒေသနှင့်​အထက်​ပိုင်းတချို့အ​အေးပိုမည်

အအေးလှိုင်းဖြတ်သန်းနှင့် အရှေ့မြောက်လေအေးများတိုးဝင်နေမှုကြောင့်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ဒေသအချို့တွင်နောက်သုံးရက်
အတွင်းဆက်လက်အအေးပိုမည်ဖြစ်ကြောင်းမိုးလေဝသနှင့်ဇလဗေဒ ညွှန် ကြားမှုဦးစီးဌာနက ကြေညာချက်ထုတ်ပြန်သည်။




စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊
ရခိုင်ပြည် နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဆက်လက်အအေး ပိုနိုင်ပြီး ကျန်ဒေသများတွင်မူ ဇန်နဝါရီလ၏ ပျမ်းမျှပုံမှန် ညအပူချိန်အောက် အနည်းငယ်လျော့နည်းနိုင်ကြောင်း အဆို ပါဌာနထံမှ သိရသည်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်
ညအပူချိန် ၅ ဒီဂရီစင်တီဂရိတ်မှ ၁၀ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်း
ဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် ညအပူချိန် ၁၁ဒီဂရီစင်တီဂရိတ်မှ ၁၅ ဒီဂရီစင်တီဂရိတ်နှင့် ကျန်ဒေသများတွင် ၁၆
ဒီဂရီစင်တီဂရိတ်မှ ၂၀ ဒီဂရီစင်တီဂရိတ်အတွင်းရှိနိုင်ပြီး ဖေဖော်ဝါရီလ
ပထမ ပတ်အတွင်း၌ အအေးပြန်လျော့နည်းနိုင်ကြောင်း မိုးလေဝသပညာရှင်
ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။





လာမည့်သီတင်းပတ်အတွင်း ညအပူချိန်များကျဆင်းပြီးအအေးပိုမှုသည်
သိသာစွာပြောင်းလဲခြင်းမရှိဘဲ လက်ရှိကဲ့သို့ ပုံမှန်အအေးပိုမှုသာ
ရှိနိုင်ကြောင်း၊ သို့သော် နံနက်ပိုင်းအချိန်တွင် မြူထူထပ်စွာကျဆင်းပြီး
အဝေးမြင်ကွင်းတစ်မိုင်အောက်လျော့နည်းနိုင်သည့်အတွက် ရေကြောင်းနှင့်

လေကြောင်း သွားလာမှု သတိပြုရန် လို အပ်ကြောင်းမိုးလေဝသနှင့်
ဇလေဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက
ပြောကြားသည်။


ဇန်​န၀ါရီ၃၁ရက်​ည​နေပိုင်း​ရွှေ​ဈေး

ဇန်န၀ါရီ ၃၁ ရက်နေ့ ညနေပိုင်းရွှေဈေးဒေါ်လာဈေး

ညနေ ၅:၀၀

(ဈေးနှုန်းများသည် အချိန်နဲ့အမျှအပြောင်းအလဲရှိပါသည်)

မြန်မာ့ရွှေအခေါက်ဈေး (တစ်ကျပ်သား) ၇၇၄၅၀၀ ကျပ်

ကမ္ဘာ့ရွှေဈေး (တစ်အောင်စ) ၁၁၁၇ ဒေါ်လာ

ပြင်ပဒေါ်လာရောင်းဈေး (တစ်ဒေါ်လာ) ၁၂၉၂ ကျပ်


Wednesday, January 6, 2016

လွယ်လင်ခရိုင်နမ့်စန်မြို့နယ် ရွေးကောက်ပွဲရလဒ်ပြန်စီစစ်ပေးဖို့ နေပြည်တော်သို့ SNLD သွားရောက်တောင်းဆို




သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် နမ့်စန်မြို့နယ်မှာ ကြံ့ခိုင်ရေး ပါတီ အနိုင်ရရှိသွားတာ ဟာ မဲမသမာမှုတွေကြောင့် လို့ဆိုပြီးတော့ ရွေးေ ကာက် ပွဲရလဒ်ကို ပြန်လည်စီစစ်ပေးဖို့ နေ ပြည်တော်ကို SNLD က သွားရောက်ေ တာင်း ဆိုလိုက်ပါတယ်။

“မဲရေတွက်ရာမှာ ကြိုတင်မဲတွေ မသမာမဲတွေကြောင့် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရသွားတယ်။ သူတို့ ပါတီအနိုင်ရဖို့ အစိုးရချပေး တဲ့ ဒေသဖွံ့ဖြိုးေ ရးငွေကို အသုံးပြုပြီး အမှတ်ယူသွား တယ်။ ဒါတွေကိုပြန်လည် ဆန်း စစ်ဖို့အတွက် ကျနော်တို့ ချေလွာသွားတင်တာ” - လို့ နမ့်စန်မြို့ ကျားခေါင်း ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဇော်ဝင်းက သျှမ်းသံ တော်ဆင့် ကိုပြောပါတယ်။

ဂျန္နဝါရီလ ၅ ရက်နေ့ က နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲေ က်ာမရှင်မှာ နမ့်စန် မြို့ ကျားခေါင်းပါတီက ချေလွှာသွားတင်ထားတာဖြစ်ပြီး ဂျန္နဝါရီ ၁၂ ရက်နေ့ မှာ ရှေ့နေ တွေနဲ့အတူ ရုံးထပ်မံချိန်း ဆိုထားတယ်လို့ စိုင်းဇော်ဝင်းက ပြောပါတယ်။

“လွှတ်တော်အထောက်အကူပြုရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို ပြည် ခိုင်ဖြိုး ပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဒီလုံးက သူကဘဲ လုပ်ပေး သလို ပုံစံ မျိုးနဲ့ ဝမ့်မမုန့်မွန်းအုပ်စု ကုန်းဆာရွာမှာ မီးရဖို့ သွားလုပ်ပေးတယ်။ ရွာသားတွေကိုလည်း- ကျေးဇူးဆပ် တဲ့အနေနဲ့ မဲပြန်ထဲ့ပေးရမယ်- ဆိုပြီြးေ ပာတယ်။ သူအဲလို လုပ်တာက မဲဆန္ဒနယ် ၁ ရော ၂ ရောဘဲ။ ” စိုင်းဇော်ဝင်း ကပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအပြီး မဲရေတွက်ရာမှာလည်း ကြိုတင်မဲများအဆမတန် ထပ်ဖြည့် မှုကြောင့် မဲရေတွက်မှုမှာ ကြန့်ကြာခဲ့ရပြီး ရွေးကောက်ပွဲရလဒ်မှာ လည်းအချိန်တလနီးပါး ကြာမှသာ ထုတ်ပြန်နိုင်တယ်လို့ နမ့်စန်ဒေသခံ ရွေးေ ကာက် ပွဲစောင့်ကြည့်တဲ့လူငယ်တွေ ကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ပြည်လုံးကျွတ်ရွေးကောက်ပွဲမှာ နမ့်စန်မြို့နယ်မှာ သျှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ SNDP ၊ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ပြည်ထောင်စုကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးပါတီ USDP နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစရှိပါတီကြီးတွေ ယှဉ်ပြိုင်ရာမှာ ကြံ့ခိုင်ရေးပါတီက လွှတ်တော် ၄ ရပ်လုံးမှာ မဲအများ ဆုံး နဲ့အနိုင်ရရှိခဲ့ပါတယ်။


မြောက်ကိုရီးယား အရေးကြောင့် အာရှအစုရှယ်ယာ ကျဆင်း



အာရှဒေသ အစုရှယ်ယာ ဈေးကွက် အများအပြား ဒီကနေ့ ဈေးကျ။မြောက်ကိုရီးယား နူကလီးယား စမ်းသပ်မှု လုပ်တဲ့ အပေါ် ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်ကြတဲ့ အတွက် အာရှဒေသ အစုရှယ်ယာ ဈေးကွက် အများအပြားမှာ ဒီကနေ့ ဈေးကျပါတယ်။ တရုတ်နိုင်ငံရဲ့ အစုရှယ်ယာဈေးကွက် တည်ငြိမ်အောင် လုပ်စရာရှိတာတွေ ကို ဆက်လုပ်သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် တရုတ်အစုရှယ်ယာ ဈေးကွက်ကတော့ တည်ငြိမ်သွားပါတယ်။

ဂျပန်နိုင်ငံရဲ့ စံ အစုရှယ်ယာအညွှန်းကိန်း Nikki 225 ဟာ ၁.၃% ကျပြီး တောင်ကိုရီးယားရဲ့ Kospi အညွှန်းကိန်းက ဒဿမ ၅% ကျသွားပါတယ်။ သြစတြေးလျ S&P/ASX 200 အညွှန်းကိန်းက ၁.၃% ကျပါတယ်။

ဟောင်ကောင်ကျွန်းရဲ့ Hang Seng အညွှန်းကိန်းက ဒဿမ ၈% ကျပါတယ်။ ဒါပေမဲ့ ရှန်ဟဲနဲ့ ရှင်ဇန်းက အကြီးဆုံးကုမ္ပဏီတွေ ပါဝင်တဲ့ CSI300 အညွှန်းကိန်းကတော့ ၁.၈% အတက်ပြပြီး ရှန်ဟဲ ပေါင်းစပ် အညွှန်းကိန်းက ၂.၃% တက်ပါတယ်။ အဲဒီ ရှန်ဟဲ ပေါင်းစပ်အညွှန်းကိန်းဟာ တနင်္လာနေ့က ၆.၉% ကျပြီး အင်္ဂါနေ့က ဒဿမ ၃% ဈေးကျခဲ့တာပါ။

တရုတ်နိုင်ငံမှာ ကုမ္ပဏီတခုရဲ့ အစုရှယ်ယာ ၅% ကျော်ထက် ပိုပြီးပိုင်ဆိုင်တဲ့ အစုရှယ်ယာပိုင်ရှင်တွေ သူတို့ရဲ့ အစုရှယ်ယာတွေ ကို မရောင်းဖို့ ပိတ်ပင်ကန့်သတ်ထားတာ ဒီသီတင်းပတ်မှာ သက်တမ်းကုန်တော့မှာပါ။

ဒါပေမဲ့လည်း နောက်ထပ် စည်းမျဉ်းစည်းကမ်းအသစ်တွေ ချမှတ်တဲ့အချိန်ထိ တရုတ်နိုင်ငံ အစုရှယ်ယာနဲ့ အာမခံစာချုပ်စာတမ်း လုပ်ငန်းများဆိုင်ရာ ကော်မရှင် CSRC က အခု ပိတ်ပင်ကန့်သတ်ချက်ကို ဆက်ထားသွားမယ်လို့ ရှန်ဟဲ Securities News သတင်းဌာနကပြောပါတယ်။ မူဝါဒအသစ် ဘယ်တော့ အဆင်သင့်ဖြစ်မယ်ဆိုတာကိုတော့ CSRC က အတိအကျ မပြောပါဘူး။


စိတ်ကြွဆေးအမှု ရုံးထုတ်စစ်ဆေး



 ဇေကမ္ဘာဝင်း အနီး စိတ်ကြွဆေးဖမ်းမိခဲ့အရှေ့တောင် အာရှမှာ စံချိန်တင် အများဆုံး ဖမ်းဆီး မိခဲ့တဲ့ စိတ်ကြွဆေး အမှုကို ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးမှာ ဗုဒ္ဓဟူး နေ့က ရုံးထုတ် စစ်ဆေး ခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း အနီး ရပ်ထားတဲ့ ကွန်တိန်နာ ယာဉ်ပေါ်မှာ ကျပ်ငွေ ၁၃၃ ဘီလျံကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၂၆၇ သိန်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၈ ဦး ဖမ်းဆီးထား ပါတယ်။ နောက်ထပ် တရားခံပြေး အယောက် ၂၀ ကိုတော့ ရဲက ရှာဖွေ ဖမ်းဆီး နေဆဲ ဖြစ်ပါတယ်။

တရားခံပြေး အယောက်၂၀ ကို ဖမ်းဝရမ်းအတည်ပြုခဲ့တဲ့ ရဲတွေထဲက ဒုရဲအုပ် ကျော်ဌေးလွင်ကို မြောက်ပိုင်း ခရိုင် တရားရုံးက တရားလိုအဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အမှုနဲ့ ပတ်သက်တဲ့ ဖမ်းမမိ သေးသူတွေရဲ့ လိပ်စာကို အတည်ပြုဖို့ တရားခံ ပြေးအမှုကို စစစ်တာ ဖြစ်တယ်လို့ မှုခင်း ရဲတပ်ဖွဲ့က အမှုစစ် ဒုရဲအုပ် ခင်မောင်လွင် က ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင် တရားခံတွေရဲ့ အမှုကို အရင်စစ်ဆေးပြီးမှ သံသယရှိသူ ၈ ဦးအမှုကို ဆက်လက် စစ်ဆေးမှာ ဖြစ်ပါတယ်။

သူတို့တွေကို မူးယစ်ဆေးဝါးရောင်းဝယ်တာ အားပေးကူညီတာ ပုဒ်မတွေနဲ့ စွဲချက်တင် စစ်ဆေးမယ်လို့ ဒုရဲအုပ် ခင်မောင်လွင် က ပြောပါတယ်။



Monday, January 4, 2016

ဒ်ါအောင်ဆန်းစုကြည် ၏ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့် ခွန်း (အသံဖိုင်)




BBC Burmese ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကို ရွှေဂုံတိုင် NLD ရုံးချုပ် မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားပါတယ်။ မိန့် ခွန်း အပြည့်အစုံကို အောက်ပါ အသံဖိုင်မှာ ဆက်လက် နားဆင်နိုင်ပါတယ်။


အကျဉ်းကျခံ နေရသည့် သရုပ်ဆောင်ရဲတိုက် မလွတ်မြောက်သေးဟု အင်းစိန်ဗဟို အကျဉ်းထောင်မှပြော




 အကျဉ်းကျခံနေရသည့် သရုပ်ဆောင်ရဲတိုက် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွတ်မြောက် လာသည်ဟု သတင်းများ ထွက်ပေါ်နေသည်မှာ မဟုတ်မှန်ကြောင်း အင်းစိန်ဗဟို အကျဉ်းထောင်မှ တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ပြောကြားလိုက်သည်။

အကျဉ်းကျခံနေသည့် သရုပ်ဆောင်ရဲတိုက် လွတ်မြောက်ပြီဟူသော အွန်လိုင်းစာမျက်နှာများမှ သတင်းကြောင့် ပရိသတ်များအတွက် စိတ်လှုပ်ရှားခဲ့သော်လည်း အဆိုပါ သတင်းသည် မဟုတ်မမှန်သော သတင်းဖြစ်ကြောင်း သိရသည်။

''ဒီသတင်းက မဟုတ်ပါဘူး။ ကျွန်တော်တို့တောင် မသိပါဘူး။ အွန်လိုင်းကနေ တက်တယ်ဆိုပေမဲ့ ကောလဟာလပါ..'ဟု အင်းစိန်ဗဟိုအကျဉ်းထောင်မှ တာဝန်ရှိ ၀န်ထမ်းတစ်ဦးက ပြောသည်။

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ရဲတိုက်အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးမှ ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်က မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ထားရခြင်းဖြစ်သည်။

သရုပ်ဆောင်ရဲတိုက်အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ တွင် ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၃ နာရီခန့်တွင် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကျောက်တံခါးမြို့မရဲစခန်း မှ (ပ)၄/၂၀၁၃ မူးယစ်ဆေးဝါးသုံးစွဲရန် လက် ၀ယ်ထားရှိသူ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် အရေးယူ ခဲ့ခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ် ဇူလိုင်မှ စတင်ကာ ၁၀လ နီးပါးကြာမြင့်အောင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။