Pages

Tuesday, February 9, 2016

အိမ်​မရှိသည့်​အတွက်​လမ်း​ဘေးမှာစာလုပ်​ရတဲ့က​လေး

အိမ်မရှိသည့်အတွက် လမ်းဘေးမှာ စာလုပ်ရင်း ကျောင်းတက်တဲ့ကလေး

ဖိလစ်ပိုင်နိုင်ငံမှ အသက် ၉ နှစ်အရွယ် ကလေးဟာ အိမ်မရှိသောကြောင့် 

လမ်းဘေးမှာပဲ စာလုပ်ရင်း ကျောင်းတက်ခဲ့တယ်လို့ သိရပါတယ်။ ကလေးရဲ့ 

အဖေဟာ သူအသက် ၃ နှစ် ကတည်းက ထောင်ထဲမှာ အကျဉ်းကျခံရင်း

သေဆုံးသွားပြီး အမေနဲ့ အတူနေထိုင်ရတယ်လို့ သိရပါတယ်။

ယခုသူ့အမေနဲ့ အတူ နေထိုင်တဲ့ တဲကုတ်လေးဟာ မီးမရှိသောကြောင့် ကလေးငယ်ဟာ ကျောင်းစာများကို လမ်းဘေးစားသောက်ဆိုင်များ၏ မီးအလင်းရောင် အောက်မှာ လုပ်ရပါတယ်။ အဲလိုစာများကို လုပ်ပြီးမှသာ 

သူ့အမေနဲ့အတူ နေထိုင်တဲ့ တဲကုတ်လေးကို ပြန်တယ်လို့ ဆိုပါတယ်။ သူတို့အိမ်ဟာ လွန်ခဲ့သော ၅ နှစ်ကတည်းက မီးလောင်တဲ့ အထဲကို ပါသွားခဲ့ခြင်း ဖြစ်ပါတယ်။

ကလေးငယ်ရဲ့ ရည်ရွယ်ချက်တော့ ဆရာဝန် (သို့) ရဲ တစ်ယောက်ဖြစ် ချင်တယ်လို့ ဆိုပါတယ်။ ကလေးငယ်ဟာ ကျောင်းစာမှာလည်း ထူးချွန် တစ်ယောက်

ဖြစ်ပြီးတော့ နေ့တိုင်း ကျောင်းတက်မှန်တဲ့ ကလေးငယ် တစ်ယောက်လည်း

ဖြစ်ပါတယ်။


No comments:

Post a Comment