ဒီယုံကြည်နိုင်ဖွယ် မရှိတဲ့ ဓာတ်ပုံလေးတစ်ပုံဟာ အင်တာနက် သုံးသူတွေများ ကြားမှာ ဗိုင်းရပ်စ်ပိုး သဖွယ် ပြန့်နှံ့လို့ နေပါတယ်။
ဘယ်သူကရိုက်ထားသလဲဆိုတာကို မသိကြပါဖူး။ ဒါကလဲ သိပ်တော့ အရေးမကြီးလှပါဖူး။
အရေးကြီးတာကတော့ ကြင်နာမှုနဲ့ ချစ်ခြင်းမေတ္တာ တရားကို ဒီပုံလေးက အလေးအနက် ရောင်ပြန်ဟပ်ပြနေ တာပါပဲ။
ဘယ်ဆိုင် ဘယ်နေရာဆိုတာလဲ မပါတဲ့အတွက် ကြည့်ရှုသူများကတော့ ဓာတ်ပုံရဲ့ တည်နေရာဟာ ဂရိနိုင်ငံ၊ Lesbos ကျွန်းလေးပေါ်က ဆိုင်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ဆိုင်ပိုင်ရှင်ဟာ တိရစ္ဆာန် ချစ်တတ်သူ တစ်ယောက်ဖြစ်တာမို့ အိမ်ခြေမဲ့ ခွေးလေးတွေ ညဖက်မှာ သူ့ဆိုင်ထဲမှာ အိပ်နိုင်ဖို့အတွက် ကော်ဖီဆိုင်ကို ညတိုင်း တံခါး မပိတ်ပဲ ဖွင့်ထားပေးခဲ့ ပါသတဲ့။
ခွေးလေးတွေ နွေးနွေးထွေးထွေးနဲ့ သက်တောင့် သက်သာရှိအောင် အိပ်နိုင်ဖို့အတွက် သူဒီလို လုပ်ခဲ့တာ တနှစ်တောင် ရှိသွားပါပြီ။
ညတိုင်းခွေးလေးတွေ ဝင်လာကြပြီး ဆိုဖါတွေနဲ့ ထိုင်ခုံတွေပေါ်မှာ အိပ်ကြပြီး မနက်မှာ ပြန်ထွက်သွားကြပါတယ်။
ဆိုရှယ်နက်ဝပ်တွေပေါ်မှာ ဒီပုံလေး တက်လာပြီးနောက် ရက်အနည်းငယ် အတွင်းမှာပဲ တကမ္ဘာလုံးက နှစ်သက်မြတ်နိုး ခဲ့ကြပါတယ်။
Credit - ဖတ်မိသမျှ ကျန်းမားရေးရာ ဗဟုသုတ
ကျေးဇူးတင်ပါတယ်မိတ်ဆွေ
ကျေးဇူးတင်ပါတယ်မိတ်ဆွေ
Pages
▼
No comments:
Post a Comment