Pages

Thursday, February 4, 2016

အမျိုးသား​တွေအမြဲတမ်းစမတ်​ကျ​စေဖို့


အမျိုးသားတွေ အမြဲတမ်းစမတ်ကျနေစေမယ့် ဖက်ရှင်


စနစ်တကျ ဝတ်စားဆင်ယင်တတ်ခြင်းဆိုတာ ကောလိပ်ဘဝကနေ အများနဲ့ ပူးပေါင်းနေထိုင် လုပ်ဆောင်ရတဲ့ ဝန်းကျင်ထဲ ဝင်ရောက်ပြီဆိုရင် ကျွန်ုပ်တို့

အများစု နားလည်သဘောဖို့ လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ 

အခုဆို ရှပ်အကျီင်္တွေဟာ ယခင်က တီရှပ်တွေနည်းတူ ဖြစ်လာပါတယ်။ မိမိပုံ

ပန်းနဲ့ ပတ်သက်တာမှန်သမျှ ခုအချိန်မှာ သတိထားရပါလိမ့်မယ်။ မိမိလုပ်ငန်း

ခွင်အပြင် မိမိရဲ့ အဝတ်အစားများနဲ့ ပြင်ဆင်မှုတွေကို ကြည့်တတ်ရမှာလည်း 

ဖြစ်ပါတယ်။


ကောလိပ်ကနေ ရုံးလုပ်ငန်းခွင်ထဲသို့ ချင်းနင်းဝင်ရောက်လာသူ အားလုံးနဲ့ ရုံးတက်ဝတ်စားဆင်ယင်မှု ပိုမိုတိုးတက်ကောင်းမွန်အောင် အကြံပြုချက်နည်းငယ် လိုအပ်နေသူတွေအတွက် ရုံးသို့ နေစဉ် ဘယ်လို ဝတ်စားဆင်ယင်လာသင့်ဆိုတဲ့ အကြံပြုချက်တွေ ဖော်ပြပေးလိုက်ပါတယ်။


၁။ သာမန်အင်္ကျီတွေထက် ကော်လာကြယ်သီးတွေပါတဲ့ ရှပ်အကျီင်္တွေ ကြည့်ရတာ ပိုမိုကြော့ရှင်း ရည်မွန်ပါတယ်။


၂။ အောက်က ဝတ်စားဆင်ယင်မှုပုံစံလေးက တစ်တစ်နေ့တစ်ချိန်ချိန် 

အကောင်းဆုံး ရုံးမှာ သပ်ရပ်စွာ ဝတ်စားဆင်ယင်ခြင်းဆု ရရှိစေမယ့် ပုံစံလေးပါ။


၃။ ကိုယ်နဲ့ သင့်တော်ပုံကျတဲ့ ဘယ်ဝတ်စားမှုမျိုးမဆို အမှန်တကယ် ကြည့်

ကောင်းစေပါလိမ့်မယ်။


၎။ ဆံပင်ကို ရုပ်ရည်ပေပွနေစေတဲ့ အဆင့်ထိ မထားသင့်ပါဘူး။


၅။ ထားပါကလည်း သေသေသပ်သပ် ပုံသွင်းနိုင်အောင် ခေါင်းလိမ်းဆီ 

ကောင်းကောင်းလေး အသုံးပြုပါ။


၆။ မုတ်ဆိတ်မွေးတွေထားဖို့ စိတ်ဆုံးဖြတ်ထားပါက ဖြီးလိမ်း ပြင်ဆင်ထားသင့်ပါတယ်။


၇။ မိမိရုပ်အသွင် စိတ်ဝင်စားဖွယ်ဖြစ်စေဖို့ ပြင်ဆင်ချက်တွေ ပြုလုပ်ပါ။


၈။ အနည်းဆုံး ရှိုးဖိနပ် အနက်တစ်စုံနဲ့ အညိုတစ်စုံစီ ထားပါ။


၉။ အမြဲတမ်း ခါးပတ်နဲ့ လိုက်ဖက်မှုရှိပါစေ။


Credit - Trend Myanmar


သူငယ်ချင်းတွေကိုလည်း ပြန် Share ပေးခဲ့ပါဦးနော် ...



No comments:

Post a Comment