Pages

Thursday, February 4, 2016

ပန်းသီးဝိုင်​ပြုလုပ်​နည်း


ပန်းသီးဝိုင်ပြုလုပ်နည်း


အမျိုးသမီးတွေဟာ တစ်နေ့ကို ၀ိုင်တစ်ခွက်တော့ သောက်သင့်တယ်လို့ 

ဆိုကြပါတယ် ... အခုနည်းလမ်းပေးမယ့် ပန်းသီးဝိုင်ကလည်း ဆေးဖက်ဝင်အနေနဲ့ သောက်နိုင်ဖို့ပါ ... 

ဒီဝိုင်က မမူးပေမယ့် ချိုမြမြအရသာရယ်၊ နှစ်သက်ဖွယ်ကောင်းတဲ့ ဝိုင်အနံ့ရယ်၊ ခပ်ထွေထွေ ခံစားရတာ ရယ်ကြောင့် အားလုံး နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင် 





- ဒီဝိုင်လေးလုပ်နည်းရဲ့ အချိုးအဆကတော့ အလေးချိန်အရ အသီး နှစ်ဆ၊ 

သကြား တစ်ဆ နဲ့ ရေပူကတော့ အမြဲတမ်း အသီးမြုပ်အောင် ထည့်ရပါမယ်။ 

- ဥပမာ အသီးအလေးချိန် 600 g ဆိုလျှင် သကြားအလေးချိန် 300 g ထည့်ရ

ပါမယ် .

- အချဉ်ဓါတ်များသော အသီးကို သုံးနိုင်လျှင် ပိုပြီးကောင်းသည့်အတွက် ချဉ်

သည့်အသီးများဖြင့် လုပ်ပေးပါ။


ပန်းသီးဝိုင် လုပ်ရန် ပါဝင်ပစ္စည်းများ


1. ပန်းသီး – 600 g

2. သကြား – 300 g

3. ပွက်ပွက်ဆူနေသော ရေနွေး

4. သန့်ပြန့်ပြီး အတော်လေး လေလုံသော ဖန်ဗူး

5. သန့်ပြန့်ပြီး အတော်လေး လေလုံသော ဖန်ပုလင်း





- အရင်ဆုံး အညှာဖြုတ်ကာ ပြောင်စင်အောင်ဆေးပြီး ရေကိုတတ်နိုင်သမျှ 

ခြောက်အောင်လုပ် ထားသော ပန်းသီးများကို ခက်ရင်းဖြင့် ၄၊ ၅ ချက်ထိုး

ဖောက်ကာ သန့်ပြန့်သော ဖန်ဗူးထဲ ထည့်ပါ။

- (ပွက်ပွက်ဆူနေသော ရေနွေးလောင်းထည့်ချိန်မှာ ပုလင်းအေးနေလျှင် ကွဲသွားနိုင်သဖြင့် ပုလင်းနွေးနေအောင် ရေနွေး (ရေပူ မဟုတ်) ကို ထည့်ပြီးမှ ပြန်သွန်ပစ်ကာ ပန်းသီးကိုထည့်ပေးပါ။)

- သကြားထည့်ပါ။

- ပွက်ပွက်ဆူနေသော ရေပူကို ပုလင်းအပြည့်မထည့်ပဲ ၁ လက်မခန့်ချန်ကာ အသီးမြုပ်ရုံ ဖြည်းဖြည်းချင်းလောင်းထည့်ပြီးနောက်၊ ချက်ချင်းအဖုံးကို ပိတ်ပေးကာ အခန်းအပူရှိန်ဖြင့် နေရောင် တိုက်ရိုက်မရသော နေရာမှာ ရက် ၅၀ ထားပါ။ (ရက် ၅၀ မပြည့်မချင်း အဖုံးကို လုံးဝမဖွင့်ပါနှင့်။)

- စပြီး အချဉ်ပေါက်လာ(ဘက်တီရီးယားတွေပေါက်လာ) ပြီဆိုရင် gas များ

ထွက်လာတဲ့အတွက် (ပုလင်းထဲမှာဖြစ်လာတဲ့ လေကြောင့်) အဖုံးအရမ်းလုံနေရင် ကန်ပြီးပွင့်ထွက်သွားတတ်ပါတယ်။ ပွင့်ထွက်မှာစိုးတဲ့အတွက် အဖုံးသိပ်

လုံရင်လည်း အပြင်က လေဝင်ပြီး မှိုတက်လာပါတယ်။

(အပြင်မှ လေ မဝင်နိုင်ပေမယ့်၊ အတွင်းမှ လေ အပြင်ကို အနည်းငယ် တိုး

ထွက်နိုင်ရုံလေးဖြတဲ့ ပုလင်းမျိုးကို အသုံးပြုစေချင်ပါတယ်)

- ဒီလိုဗူးကို ဝယ်လို့မရ ရင်တော့ အလယ်လက် ၃ ချောင်းရဲ့ ထိပ်နေရာတွေမှာ အပ်ဖြင့် အပေါက်လေး တစ်ပေါက်စီဖောက်ထားသော သန့်ပြန့်သော တစ်ခါသုံး ရာဘာလက်အိတ်ကို ပြောင်းပြန်လှန်ပြီး အဖုံးနေရာမှာစွပ်ပါ။ (ပုလင်း

အတွင်းမှ လေများ ထွက်လာစရာနေရာရှိအောင် အပေါက်ဖောက်ခြင်းဖြစ်ပြီး၊ လက်အိတ်အတွင်းဖက်တွင် powder မှုန့်များ ပါသည့်အတွက် ပြောင်းပြန်လှန်

ပြီးမှ သုံးခြင်းဖြစ်ပါတယ်။)

- ပြီးလျှင် စွပ်ထားသော နေရာမှ လေ မဝင်အောင် ပလာစတာဖြင့် ပတ်စီးပေးထားပါ။

တစ်ခါတစ်ရံ အပြင်မှ လေ မဝင်နိုင်ပေမယ့်၊ အတွင်းမှ လေ အပြင်ကို အနည်း

ငယ် တိုးထွက်နိုင်ရုံလေးဖြစ်နေသည့်အတွက် လေကန်အားကြောင့် အရည်

အနည်းငယ် စိမ့်ထွက်လာတတ်သဖြင့် ပုလင်း အောက်မှာ လက်သုတ်ပဝါလေး ခံပေးထားလျှင် ပိုကောင်းပါတယ်။

- (ထိုကဲ့သို့ အရည်အနည်းငယ် စိမ့်ထွက်လာလျှင် ပုလင်းအပြင်ဖက်ကို ရေစို

အဝတ်လေးဖြင့် သုတ်ပေးပါ။)

- ရက်အနည်းငယ်ကြာလာလျှင် အရည်များ နောက်လာပြီး၊ ၁၅ ရက်ခန့် ကြာ

လျှင်တော့ သကြား အားလုံးနီးပါး ပျော်သွားပါတယ်။

- (ပုလင်းထဲလေခိုနေသည့် နေရာများရှိလျှင်၊ အသီးအချို့ အရည်ပေါ် အနည်း

ငယ်ပေါ်လာလျှင် တစ်နေ့တစ်ခါခန့် ပုလင်းကို အနည်းငယ် ဟိုဖက်၊ ဒီဖက်

စောင်းပြီး အရည်ပြန့်အောင် လုပ်ပေးနိုင်ပါတယ်။)

- ရက် ၅၀ ပြည့်လို့ အဖုံးဖွင့်တဲ့နေ့မှာ အပေါ်မှာပေါ်နေတဲ့ အသီးအချို့ပါ။ 

မှိုလုံးဝမတက်ပါဘူး။

- ရက် ၅၀ ပြည့်ပြီးနောက် အသီးများကို ဆယ်ထုတ်၊ အရည်တွေကို ရေစစ်ဖြင့် စစ်ကာ အရမ်းသန့်ပြန့်သော ပုလင်းတစ်လုံးထဲထည့်ပြီးလျှင်တော့ ပန်းသီးဝိုင်

လေး စသောက်လို့ရပါပြီ။ (ဝိုင်ကို ပုလင်းပြည့်အောင် မထည့်ရပါ။)

- ပုလင်းထဲပြောင်းထည့် အဖုံးဖုံးကာ နောက်ထပ် ၇ ရက်ခန့် အခန်းအပူရှိန်မှာပဲ ထပ်ထားပြီးမှ သောက်လျှင်တော့ ပိုပြီးကောင်းပါတယ်။

- ပန်းသီးထဲမှ ဝိုင်များကို အရည်ညစ်ယူနိုင်သလို၊ အသီးအတိုင်းလည်းစားလို့

ရပါတယ်။

- အကယ်၍ အသီးကိုအရည်ညစ်ယူပါက ရေစစ်ဖြင့် စစ်ပြီးနောက် ပုလင်းထဲ

ရောထည့်မသိမ်းပဲ သီးသန့် ထားစေချင်ပါတယ်။ (လက်ဖြင့်ညစ်ထားသော

ကြောင့်ဖြစ်ပါတယ်)


Credit - Chaw Su's Food Friends





သူငယ်ချင်းတွေကိုလည်း ပြန် Share ပေးခဲ့ဖို့ မမေ့ပါနဲ့နော် ...


No comments:

Post a Comment