ဘောင်းဘီ မဝတ်တက်လို့ ၉၁၁ ကို ဖုန်းခေါ်တဲ့ ကလေးငယ်
ဒုက္ခရောက်ပြီး အကူအညီလိုရင် ၉၁၁ ကိုဖုန်းခေါ်ရမယ်ဆိုတဲ့အသိဟာ ၂ နှစ်အရွယ်သမီးငယ်လေးဆီမှာ ရှိနေပါတယ်။
ကာရိုလိုင်းနားပြည်နယ်တောင်ပိုင်းမှာ နေထိုင်တဲ့ ကလေးမတစ်ဦးရဲ့ အလန့်တကြား လုပ်ရပ်ကြောင့် ရဲအရာရှိတွေ ဒေါသထွက်ရမလို၊ ရယ်ရမလို ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေဒုက္ခရောက်တဲ့အခါ ၉၁၁ ဆိုတဲ့ အရေးပေါ် ဖုန်းနံပတ်ကို ခေါ်ရမယ်ဆိုတဲ့အသိဟာ ၂ နှစ်အရွယ်သမီးငယ်လေးမှာတောင် ရှိနေတာ တွေ့ရပါတယ်။
ဂရင်းဗီးလ်စီရင်စုမှာ နေထိုင်တဲ့ ၂ နှစ်အရွယ်သမီးငယ်လေးဟာ ဘောင်ဘီတစ်ထည်ကို ကြိုးစားဝတ်ပေမယ့် ဝတ်လို့မရပဲ သူအခက်တွေ့နေခဲ့ရပါတယ်။ အဲဒါကြောင့် ဒုက္ခရောက်နေလို့ အကူအညီပေးပါဆိုပြီး ၉၁၁ အရေးပေါ် ဖုန်းနံပတ်ကို ဖုန်းဆက်လိုက်ပါတယ်။ အရေးပေါ်ဌာနက ရုံးချုပ်က ကလေးမလေးအိမ်ရဲ့ အနီးဆုံးနေရာမှာ ပတ္တရောင်လှည့်နေတဲ့ မာသာလုန်းထံကို အကြောင်းကြားလိုက်ပါတယ်။
ရဲအရှိရောက်သွားချိန်ကျမှပဲ ကလေးငယ်မလေး ဖုန်းခေါ်ရတဲ့အကြောင်းအရင်းကို သိသွားခဲ့ပါတယ်။ ဒါပေမယ့် ရဲအရာရှိ မာသလုန်းက စိတ်မဆိုးခဲ့ပါဘူး။ ကလေးငယ်လေးကို ဘောင်ဘီအဆင်ပြေပြေဝတ်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အမှန်မှာတော့ ကလေးငယ်ရဲ့ မိဘတွေက အရေးကြုံလာတဲ့အခါ ၉၁၁ ကို ဘယ်လိုဖုန်းခေါ်ပြီး အကူအညီ တောင်းရမလဲဆိုတာကို သင်ပေးထားတာ ဖြစ်ပါတယ်။ ဒါကို မိဘတွေ လစ်တဲ့အချိန်မှာ သူမက အသုံးချလိုက်တာပါ။
ကျေးဇူးတင်ပါတယ်မိတ်ဆွေ
ကျေးဇူးတင်ပါတယ်မိတ်ဆွေ
Pages
▼
No comments:
Post a Comment