ဒူးရင်းသီး ၁၀ ပေါင်ကို တစ်ထိုင်တည်းစားသူ ကံကောင်းလို့အသက်ရှင်
စားတာကလည်း ငယ်ငယ်ရွယ်ရွယ် မိန်းကလေးပါ။
တရုတ်နိုင်ငံသူလေးတစ်ယောက် ဒူးရင်းသီးတွေ အရမ်းစားလို့ ဒုက္ခရောက်ခဲ့ရပါတယ်။ ဒူးရင်းသီး ၁၀ ပေါင်လောက်ကို တစ်ထိုင်တည်း စားနေလိုက်တာ နှာခေါင်းထဲက သွေးထွက်လာတဲ့အထိပါပဲ။
တနင်္လာနေ့တုန်းက အန်းဟိုင်ပြည်နယ်က ရထားဘူတာရုံတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ ရထားရဲက အမျိုးသမီးခရီးသည်တစ်ဦးရဲ့ အိတ်ထဲကနေ အနံ့တွေထွက်နေလို့ စစ်ဆေးလိုက်ရာမှာ ခရီးဆောင်အိတ်နဲ့အပြည့်ထည့်ထားတဲ့ ဒူးရင်းသီးတွေကို တွေ့လိုက်ရပါတယ်။ ဒူးရင်းသီးအပါအဝင် အနံ့ပြင်းတဲ့အရာတွေကို ရထားပေါ် သယ်ဆောင်ခွင့်မရှိဘူးလို့ ရဲဝန်ထမ်းက သူမကို တားမြစ်ခဲ့ပါတယ်။
စိတ်ကြီးလွန်းတဲ့ အမျိုးသမီးက ဒူးရင်းသီးတွေကို မစွန့်ပစ်နိုင်တာကြောင့် ပါလာတဲ့ ဒူးရင်းသီး ၁၀ ပေါင်ကို တစ်ထိုင်တည်း စားပစ်လိုက်ရာနေ ခုလိုဖြစ်သွားရတာပါ။ သူမရဲ့အခြေအနေကြောင့် ဆေးရုံကို တင်ပို့လိုက်ရတယ်လို့လည်း သိရပါတယ်။ ဒီအကြောင်းအရာဟာ တရုတ်လူမှုကွန်ရက် Weibo ပေါ်မှာ ပျံ့နှံ့လာခဲ့ပေမယ့် အဆိုပါအမျိုးသမီးရဲ့ နာမည်နဲ့ပုံတွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
ကျေးဇူးတင်ပါတယ်မိတ်ဆွေ
ကျေးဇူးတင်ပါတယ်မိတ်ဆွေ
Pages
▼
No comments:
Post a Comment