Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Thursday, November 26, 2015

ဒ်ါအောင်ဆန်းစုကြည်ပုံကို မဖွယ်မရာပြင်ပြီး ဖြန့်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ကို ရဲကပြန်ဖမ်း


ရွေးကောက်ပွဲမတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ညစ်ညမ်းပုံအဖြစ် ပြင်ဆင်ပြီး Facebook လူမှုကွန်ရက်ပေါ်မှာ ဖြန့်ခဲ့တဲ့အတွက် တရားစွဲခံရပြီး အာမ,ခံနဲ့ ပြန်လွတ်နေတဲ့ ဧရာဝတီတိုင်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ဦးသန်းထွန်းကို ကန်ကြီးထောင့် ရဲတပ်ဖွဲ့က ပြန်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဦးသန်းထွန်းကို အီလက်ထရောနစ် ဥပဒေနဲ့ တရားစွဲသင့်တယ်... ဆိုပြီး ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးမြတ်ဟိန်းက မှတ်ချက်ပေးခဲ့တဲ့အတွက် ပြန်ဖမ်းလိုက်တာလို့ ကန်ကြီးထောင့် ရဲအရာရှိတဦးကို ကိုးကားပြီး ပြည်တွင်းထုတ် ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က ကန်ကြီးထောင့်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အောင်နိုင်ရေးခေါင်းဆောင် ဦးသန်းထွန်းဟာ Thu Thu အမည်နဲ့ Facebook အကောင့်မှာ ဒေါ်အောင်ဆန်းစုကြည် မျက်နှာပုံကို အဝတ်အစားမဲ့ခန္ဓာကိုယ်မှာ ဖြတ်ညှပ်ပြုပြင်ပြီး ညစ်ညစ်ညမ်းညမ်း ရေးထားတဲ့ပုံကို တင်ခဲ့တာပါ။ ဒီကိစ္စအတွက် အခမဲ့ပညာ ဒါနကွန်ရက်က ဦးစည်သူအောင်က တရားလိုလုပ်ပြီး တရားစွဲခဲ့ပေမယ့် ရွေးကောက်ပွဲမတိုင်ခင် နိုဝင်ဘာလ ၂ ရက်နေ့မှာ ရဲစခန်းက အာမ,ခံနဲ့ ပြန်လွတ်ပေးခဲ့ပါတယ်။ အခုအခါ ဦးသန်းထွန်းကို ပုသိမ်ထောင်ကို ပို့လိုက်ပြီး အမှုကိုလည်း တရားရုံးကို လွှဲပြောင်းလိုက်တယ်လို့ ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။


Posted via Blogaway

No comments: