Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Wednesday, November 25, 2015

Facebook ကို အရမ်းကြီးရူးသွပ်သူတွေထဲမှာတော့ မပါဘူးလို့ ဆိုတဲ့ ချစ်စနိုးဦး


Facebook သုံးဖြစ်ပုံက

သုံးဖြစ်တယ်။ account နာမည်ကလည်း Chit Snow Oo ပါပဲ။ ဒီနာမည်နဲ့ လေးငါးခုလောက်တော့ ရှိတယ်။ ဒါပေမယ့် အကယ်ဒမီ အရုပ်လေးကိုင်ထားတဲ့ ပုံနဲ့ဟာက စနိုးသုံးတဲ့ဟာပါ။ စနိုးသုံးတာ နှစ်နှစ်၊ သုံးနှစ်လောက်ပဲရှိဦးမယ်။ အရင်တုန်းကတော့ တော်ရုံတန်ရုံလူတွေဆို သိပ်မသုံးကြဘူးလေ။ နိုင်ငံခြား သွားတဲ့ သူတွေလောက်ပဲ သုံးကြတာ။ အခုနောက်ပိုင်း ကျမှ အရမ်း Hot လာတာလေ။

Facebook ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

ကောင်းကျိုးကတော့ ဘယ်သူတွေ ဘာဖြစ်နေလဲ၊ ဘာလုပ်နေကြလဲဆိုတာ သိရတယ်။ စနိုးရဲ့ account ထဲမှာ ပရိသတ်တွေ ရှိသလို သူငယ်ချင်းတွေလည်း ရှိတယ်လေ။ အဲဒီတော့ တစ်ခါတစ်လေ စနိုးက ဘယ်ရောက်နေပြီ ဆိုတာကို တင်လိုက်ရင် သူငယ်ချင်းတွေက ကိုယ့်ကို ဘယ်မှာ ဆိုတာ ဖမ်းလို့ရတာပေါ့နော်။ စနိုးကိုယ်တိုင်လည်း သိချင်ရင်ရင် facebook  ကနေ ကြည့်လို့ရတယ်။ နောက်ပြီး နိုင်ငံခြားက ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့လည်း စကားပြောလို့ရတယ်လေ။ အဲဒါလေးတွေကတော့ အကျိုးရှိတာပေါ့။ ဆိုးကျိုးတွေကို ကြားတော့ ကြားဖူးတယ်။ စနိုးကတော့ တစ်ခါမှ မဖြစ်ဘူး။ facebook သုံးတာ ကောင်းတာလေးတွေ ရှိသလို မကောင်းတာလေးတွေလည်းတွေလည်း ရှိတာကိုး။ မဟုတ်တာ တစ်ခုခု ဖြစ်သွားပြီ ဆိုရင် ချက်ချင်းကြီးကို Facebook ပေါ်မှာ Share ကြ၊ Comment  တွေ ပက်ပက်စက်စက်ပေးကြရုံနဲ့ အရမ်းပျံ့နှံ့သွားတာမျိုးပေါ့နော်။အဲဒါတွေကတော့ ဆိုးကျိုးတွေပေါ့။ လူတိုင်းက ကိုယ်ချင်းစာစိတ်ကလေး ထားတက်ရင်တော့ အကောင်းဆုံးပါပဲ။ အခုတက်တဲ့ဟာက ကိုယ့်အစ်ကို၊ ကိုယ့်အစ်မ၊ ကိုယ့်ဆွေမျိုးသားချင်းဆိုရင် ဒီလိုပြောမလားပေါ့နော်။ သူ့ရဲ့ ကံကြောင့် ဒီလိုတစ်ခု ဖြစ်လာပေမယ့်လည်း အရမ်းကြီး လက်ညှိုးသွားထိုးနေမယ့်အစား ငါ့အစ်မသာ ဖြစ်ခဲ့ရင် ဆိုတဲ့ စိတ်ကလေးတွေးတက်ရင်တော့ ဒီလိုမျိုးတွေ ဖြစ်လာစရာအကြောင်းကို မရှိပါဘူး။ မြန်မာလူမျိုး ဆိုတာ ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံး အမြင့်မြတ်ဆုံး ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဆိုတာ ဒီလို ထွက်တာတော့ မကောင်းဘူးပေါ့နော်။

Facebook ကို Crazy ဖြစ်တဲ့ သူလား

အရမ်းကြီး ကြိုက်တဲ့ အထဲမှာတော့ မပါဘူး။ သူများတွေဆို မနက်ရော ညနေရောဖွင့်၊ ပုံတွေ တောက်လျောက်တင် ၊တောက်လျှောက်တွေ Like  ၊ အဲဒီလိုမျိုးတွေရှိတယ်လေ။ စနိုးက အဲဒီလိုမျိုးထဲမှာ မပါဘူး။ မအားရင် လုံးဝ မကြည့်ဘူး။ ညဘက်ပဲ ကြည့်ဖြစ်တယ်။ Facebook ကို အရမ်း ရူးသွပ်ပြီး သုံးတဲ့ အထဲမှာ မပါဘူး။

Facebook နဲ့ ပတ်သက်ပြီး ပြောချင်တာများရှိရင်

Facebook ပေါ်လာတာကတော့ ကောင်းပါတယ်။ ဒါကြီးပေါ်လာတဲ့ Communicution  တွေ ကောင်းလာတယ် ဆိုပေမယ့် အချိန်ပြည့် ကြီးတော့ ဒါကို မလုပ်စေချင်ဘူး။ နိုင်ငံခြားမှာ သုံးတယ်ဆိုတာက အားသွားတဲ့ အချိန်တို့၊ စနေ၊ တနင်္ဂနွေတို့မှာ Relax  လုပ်တဲ့ အနေနဲ့ သုံးကြတာ။ ဒီမှာကကျတော့ ဒါကို အလုပ်ကြီး တစ်ခုလို လုပ်နေကြတာပေါ့နော်။ အဲဒါကတော့ မကောင်းဘူး။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ သွားနေတဲ့အချိန်မှာ သူငယ်ချင်းတွေ ဆုံတယ်ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် ပြောချင် ဆုံချင်လို့ ဆုံတာလေ။ Facebook ပဲ ထိုင်သုံးနေတဲ့ သူတစ်ယောက်ပါလာရင်တော့ ပြီးပြီပဲ။ ဘာပဲပြောပြော လူမှုဆက်ဆံရေးလည်း မကောင်းတော့ဘူးလေ။ အဲဒီလိုမျိုးကြီးလည်း မဖြစ်စေချင်ဘူးလေ။ ကျန်းမာရေးအတွက်လည်း စဉ်းစားရင် မကောင်းဘူးလေ။ အဲဒါကြောင့် ပရိသတ်ကြီးကို ချိန်ဆပြီး သုံးစေချင်ပါတယ်လို့ ပြောချင်ပါတယ်။


Posted via Blogaway

No comments: