Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Friday, March 4, 2016

အမဖြစ်သူက ညီမရဲ့အလှကို မနာလိုလို့ရက်စက်စွာသတ်လိုက်တဲ့ ဖြစ်ရပ်

ညီမရဲ့အလှကို မနာလိုတဲ့အစ်မက ရက်ရက်စက်စက် သတ်ဖြတ်

မျက်လုံးတွေဖောက်ထုတ်ခံခဲ့ရတဲ့ အပြင် ဓားနဲ့လည်း အချက်ပေါင်းများစွာ အထိုးခံခဲ့ရပါတယ်။

ညီမဖြစ်သူရဲ့ အလှတရားကို မနားလိုတာကြောင့် အစ်မဖြစ်သူက ရက်ရက်စက်စက် သတ်ဖြတ်လိုက်တဲ့ ဖြစ်ရပ်တစ်ခု ရုရှားမှာ ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသွားခဲ့သူ မော်ဒယ် စတက်ဖ်နီယာဒူဘရိုဗီနာကို ဒဏ်ရာဒဏ်ချက်ပေါင်း များစွာနဲ့ ရုရှားက စိန့်ပီတာဘာ့ဂ်မြို့က နေအိမ်တစ်အိမ်မှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

 သေဆုံးခဲ့သူ စတက်ဖနီယာဟာ သူမရဲ့ အစ်မဖြစ်သူအပါအဝင် အခြားအမျိုးသားတစ်ဦးနဲ့ မသေဆုံးခင်မှာ ပါတီလုပ်နေခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အစ်မဖြစ်သူ အယ်လီဇာဗီတာဟာ ညီမဖြစ်သူရဲ့ အလှကို မနာလိုဖြစ်နေခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သေဆုံးသွားခဲ့ရသူ စတက်ဖနီယာဟာ ၁၇ နှစ်အရွယ်သာရှိသေးပြီး မျက်လုံးတွေဖောက်ထုတ်ခံထားရတယ်လို့ ဆိုပါတယ်။ သူမရဲ့ နားတွေလည်း အဖြတ်ခံထားခဲ့ရပါတယ်။ သူမတို့နှစ်ဦးရဲ့ အဒေါ်ဖြစ်သူကတော့ သွေးတွေက ရေဖြစ်သွားပြီဆိုပြီး ဆွေမျိုးရင်းချာဖြစ်ပါလျှက်နဲ့ ဒီလိုဖြစ်ရပုံကို စိတ်မကောင်းကြီးစွာ ရည်ညွှန်းပြောဆိုပါတယ်။


No comments: