Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Saturday, March 5, 2016

ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာကောင်မလေး

ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာကောင်မလေး

အသက် ၁၉ နှစ်နဲ့ ဘီလျံနာဖြစ်နေသူလေးပါ။ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်ရဲ့ အချမ်းသာဆုံး လူတွေထဲမှာက နော်ဝေးနိုင်ငံသူလေးတစ်ဦးလည်း ပါဝင်လာပါတယ်။ သူမရဲ့အသက်က အခုမှ ၁၉ နှစ်သာ ရှိပါသေးတယ်။

 

Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ ၁၉ နှစ်အရွယ် အလက်ဇန်းဒါး အန်ဒရီဆင်ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာလေး ဖြစ်လာခဲ့ပါပြီ။ သူမရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၁.၂ ဘီလီယံရှိပါတယ်။ သူမရဲ့ဖခင်က Ferd အမည်ရှိ သက်တမ်းရာချီနေတဲ့ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။


၂၀၀၇ ခုနှစ်မှာ သူမရဲ့ဖခင်က ရှယ်ယာ ၄၂ ရာခိုင်နှုန်းကို သူမကိုလွှဲပေးခဲ့ပါတယ်။ အလက်ဇန်းဒါးရဲ့ အစ်မဖြစ်သူ ဂျိုဟန်ကိုလည်းပဲ ဖခင်ကြီးက ရှယ်ယာ ၄၂ ရာခိုင်နှုန်းကို လွှဲပေးခဲ့လို့ ဂျိုဟန်ကလည်း ပိုင်ဆိုင်မှု ၁.၂ ဘီလီယံနဲ့ ကမ္ဘာ့ ဒုတိယမြောက် အသက်အငယ်ဆုံး ဘီလျံနာ ဖြစ်လာပပါတယ်။ ဂျိုဟန်ကတော့ အသက် ၂၀ ရှိပါပြီ။

 

အလက်ဇန်းဒါးဟာ ငယ်စဉ်တည်းက မြင်းစီးဝါသနာပါသူဖြစ်ပြီး မြင်းစီးပြိုင်ပွဲတွေမှာလည်း အကြိမ်ကြိမ်အနိုင်ရခဲ့သူပါ။ ဒါ့ပြင် ကားကိုလည်း တစ်ပတ်ရစ်ကားတွေပဲ စီးလေ့ရှိတာကြောင့် ငွေကြေးပိုမိုစုမိဆောင်းမိတာ ဖြစ်နိုင်ပါတယ်။


No comments: