ကမ္ဘာ့အကြီးဆုံး ကြေးရုပ်တုကြီး
တရုတ်မှာ ကမ္ဘာ့အကြီးဆုံး ကြေးရုပ်တုကြီးတစ်ခု တည်ဆောက်နေပါတယ်။ အဲ့ဒီကြေးရုပ်တုကြီးဟာ နယူးယောက်က ကမ္ဘာကျော် လစ်ဘာတီရုပ်တုထက် ငါးဆ ပိုမိုကြီးမားပါတယ်။
တရုတ်စစ်သူကြီး ဂွမ်ယုရဲ့ပုံတူ ထုလုပ်ထားတာပါ။ အမြင့်အနေနဲ့ ၁၉၀ ပေ မြင့်မားပြီး အလေးချိန် တန် ၁,၂၀၀ ရှိပါတယ်။ အဆိုပါရုပ်တုကြီးကို နိုင်ငံမြောက်ပိုင်းက ရှန်ဇီပြည်နယ်မှာ ၂၀၁၀ ခုနှစ်ကတည်းက စတင်ဆောက်လုပ်နေခဲ့တာဖြစ်ပြီး ဒီနှစ်ကုန်မှာ စတင်ဖွင့်လှစ်ဖွယ်ရှိနေပါတယ်။
စစ်သူကြီး ဂွမ်ယုကို ကြွယ်ဝချမ်းသာခြင်းရဲ့နတ်မင်းအဖြစ် တရုတ်နိုင်ငံသားတွေက ယုံကြည်ကြပြီး စီးပွားရေးလုပ်ငန်းရှင်တွေ ကိုးကွယ်ကြပါတယ်
Thursday, March 3, 2016
ကမ္ဘာ့အကြီးဆုံး ကြေးရုပ်တုကြီး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment