Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Monday, February 29, 2016

ရထား ၁၃ စီး တိုက်မိတာတောင် မသေတဲ့ ခွေးသက်ပြင်း

ရထား ၁၃ စီး တိုက်မိတာတောင် မသေတဲ့ ခွေးသက်ပြင်း

အံ့သြဖွယ်ရာ ရှင်သန်မှုပါပဲ။ လိုကီလေးခမျာ သိပ်ကိုနာကျင်နေခဲ့ပါလိမ့်မယ်။

အသက် တစ်နှစ်နဲ့ နှစ်လသား ခွေးလေးတစ်ကောင်ကို ရထား ၁၃ စီးက တိုက်ခဲ့မယ်ဆိုရင် ဘယ်လိုမှ အသက်ရှင်စရာမရှိတော့ပါဘူး။ လိုကီကတော့ ခွေးသက်ပြင်းလေးပါ။

အိမ်မှာ အခြားခွေးတစ်ကောင်ကို တွေ့လိုက်ရလို့ စိတ်ဆိုးပြီး အိမ်ကထွက်လာတဲ့ လိုကီအတွက် နောက်ထပ် ကံဆိုးမိုးမှောင်ကျစရာ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ ထိတ်လန့်ဖွယ် ဖြစ်ရပ်ဆိုးကြီးက ဗုဒ္ဓဟူးနေ့မှာ ဖြစ်ပွားခဲ့တာပါ။


အိမ်ကနေထွက်လာပြီး ရထားလမ်းပေါ်အရောက် ရထား ၁၃ စီးက သူ့ကို တိုက်ခဲ့ကြတာဖြစ်ပါတယ်။ ပထမဆုံးရထားက တိုက်ပြီးတဲ့နောက် သူ့ကိုသေပြီအမှတ်နဲ့ ကျန်ရထားတွေက တစ်စီးပြီးတစ်စီး တိုက်ခဲ့ကြတာပါ။ ရထားဝန်ထမ်းကလည်း သူ့ကို သေပြီလို့ပဲ ထင်ခဲ့တာပါ။ ဒါပေမဲ့ လိုကီလေးက အသံလေးယဲ့ယဲ့နဲ့ အကူအညီတောင်းနေတာကိုမြင်ပြီး ကယ်တင်ခဲ့ပါတယ်။


ဆေးကုသမှု ခံယူအပြီးမှာတော့ ဖိုးသက်ပြင်းလေးက သေမင်းကိုအနိုင်ယူလိုက်ပါတယ်။ သူ့ရဲ့ ဘယ်မျက်လုံး၊ ခြေထောက်တစ်ချောင်းနဲ့ အမြီးတွေကို ဆုံးရှုံးလိုက်ရပေမယ့် ခုချိန်မှာတော့ ထူထူထောင်ထောင်ဖြစ်လာပြီး ဆော့ကစားနေပါတော့တယ်။



Thursday, February 25, 2016

ကိုယ်ဝန်ရှိနေတဲ့ ချစ်သူကောင်မလေးကို မီးရှို့သတ်ပစ်ခဲ့သူ

တာဝန်ယူရမှာစိုးလို့ ကိုယ်ဝန်ရှိနေတဲ့ ချစ်သူကောင်မလေးကို မီးရှို့သတ်ပစ်ခဲ့သူ

ဂျာမဏီနိုင်ငံမှာဖြစ်တဲ့ ရက်ရက်စက်စက် အမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် ချစ်သူကောင် မလေးရဲ့ ကိုယ်ဝန်ကို အလိုမရှိတဲ့ အတွက် ကောင်မလေးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကောင်မလေးနာမည်ကတော့ Maria Peiner ဖြစ်ပြီး အသက် ၁၉နှစ် အရွယ်ပဲ ရှိပါသေးတယ်။ ချစ်သူကောင်လေး အသက် ၂၀အရွယ် Eren Toben နဲ့ သူ့ရဲ့သူငယ်ချင်း Daniel Mueller တို့က ဈေးသွား ၀ယ် မလို ဖျားယောင်းခေါ်ယူရင်း ဘာလင်မြို့စွန်တောစပ်မှာ သတ်ဖြတ်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်တစ်နေ့မှာ ခရီးသွားသူတစ်ယောက်က ကောင်မလေးရဲ့အလောင်းကိုတွေ့ရှိပြီး ရဲစခန်းကို တိုင်ကြား ခဲ့ပါတယ်။ စစ်ဆေးကြည့်တဲ့အခါမှာတော့ ရိုက်နှက် လှီးဖြတ်ပြီး မီးရှို့သတ်ဖြတ်ခံရကြောင်းတွေ့ ရှိခဲ့ရပါ တယ်။ တရားခံနှစ်ယောက်ကို မကြာခင်မှာပဲ ဖမ်းမိခဲ့ပါတယ်။  Tobinရဲ့လက်ဗွေရာကို ဓားလက်ကိုင်ပေါ်မှာ တွေ့ရှိရာကနေ ဖမ်းမိခဲ့တာပါ။ 


Monday, February 22, 2016

မြွေပျံမမြင်​ဘူးသူများ

မြွေပျံမမြင်ဖူးသူများအတွက်

မြွေပျံအကြောင်းကိုတော့ ကျွန်တော်တို့ ကြားဖူးကြပါတယ်။ သစ်ပင်တစ်ပင်ကနေ တစ်ပင်ကို ခုန်ကူးနိုင်သလို ၊ အလွန်လျှင်မြန်တယ်လို့ သိရပါတယ်။ တချို့ဆိုရင် လေပေါ်မှာပျံနေတာတွေ့ တယ်လို့တောင် ဆိုကြပါတယ်။ အသေအချာတော့ ဘယ်သူမှ မသိပါဘူး။ အခုလည်း တရုတ်နိုင်ငံက မြွေပျံလို့ ယူဆရတဲ့ ပုံကိုတွေ့တာကြောင့် မမြင်ဖူးသေးသူများ မြင်ဖူးအောင် ပြန်လည်တင်ပေးလိုက်ပါတယ်


Sunday, February 21, 2016

အများသုံး​ရေကူးကန်​မှ​ရေကစားရင်​ကိုယ်​၀န်​ရှိသွားတဲ့မိန်းခ​လေး

အများသုံး ရေကူးကန်ထဲမှာ ရေကစားပြီး ကိုယ်ဝန်ရှိသွားတယ် ဆိုတဲ့ မိန်းကလေး ၁၆ ယောက်

ဒီသတင်းဟာ ယုံကြည်နိုင်စရာ မရှိပေမယ့် အချို.သော သတင်းစာမျက်နှာတွေမှာ ဖော်ပြလာနေပါတယ် ။


အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား အမျိုးသမီးငယ်လေးတွေဟာ ရေကူးကန်ပါတီပွဲ တစ်ခုအပြီးမှာ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာပါလို့ သတင်းငှာနတွေမှာ ဖော်ပြလာပါတယ် ။


သာမန်ရေကူးကန်ပါတီပွဲ တစ်ခုမှာ လူငယ်လေးတစ်ဦး(Tommy Coulter) လည်း တက်ရောက်ခဲ့ပြီး ၊ ရေကူးကန်ထဲမှာ အမှတ်မထင် သုတ်ထွက်ခဲ့ပြီး ၊ ဒါကပဲ ပါတီပွဲက အမျိုးသမီး တစ်ဝက်လောက်အတွက် လက်ဆောင်လို ဖြစ်သွားရတာပါတဲ့ ။


ဒီပါတီပွဲဟာ Daliah Jennings ရဲ. အသက် ၁၅ နှစ်ပြည့် မွေးနေ့ပွဲ ဖြစ်ပေမယ့် သူမကတော့ ဒီလက်ဆောင်ကို မရရှိခဲ့ဘူးလို့ နောက်ပြောင်ပြီး ပြောဆိုထားပါတယ် ။


Tommy Coulter ကတော့ ဒီပွဲမှာ သူတို့တွေအနေနဲ့ လိင်မှုကိစ္စ ဘာမှ မပြုလုပ်ခဲ့ကြဘူးလို့ အခိုင်အမာ ဆိုထားပါတယ် ။


အချို.သော မြို.သူမြို.သားတွေကတော့ ဒါဟာ ရှေးကလိင်မှုရေးရာ ပျော်ပွဲရွှင်ပွဲ ပြုလုပ်တဲ့ လူတွေ ဖြစ်တဲ့ပုံစံမျိုးနဲ့ ဆင်တယ်လို့ ဆိုကြပါတယ်။


ရေကူးကန်ထဲမှာ သုတ်လွှတ်မိပြီး ၊ ဒီကန်မှာ ဆင်းကူးမိတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ရသွားတယ်ဆိုတာကတော့ တော်တော်ကြီးကို မဖြစ်နိုင်တဲ့ ကိစ္စတစ်ရပ်ပါပဲ။


ဒီသတင်းဟာ အလိမ်အညာ သတင်းဖြစ်မလား ၊ အမှန်အကန်လား ဆိုတာကတော့ ဆက်ပြီးတက်လာဦးမယ့် သတင်းတွေကနေပဲ သိရမှာပါ 


Friday, February 19, 2016

Facebook​ကြောင့်​မိသားစုတစုလုံးသတ်​​သေ

Facebook ကြောင့် မိသားစုတစ်စုလုံး သတ်သေမှုဖြစ်ပွားခဲ့ရတဲ့ Facebook သုံးသူများ သတိပြုဆင်ခြင်ဖွယ် ရင်နင့်စရာဖြစ်ရပ်တစ်ခု

ဒီဖြစ်ရပ်လေးဟာ Facebook  ပေါ်က ဖြစ်ရပ်မှန်အဖြစ်အပျက်လေးတစ်ခုပါ။Facebook သုံးစွဲသူ သမီးပျိုလေးများ အနေနဲ့ သတိပြုဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်။ ကောင်မလေးနာမည်က Sushmita ပါ။သူမဟာ သူမရဲ့ဓာတ်ပုံတွေကို facebook ပေါ်မှာတင်ထားပါတယ်။ လူတစ်ယောက်က သူမဓာတ်ပုံတွေကိုကူးယူထားပြီး သူမနာမည်နဲ့ပဲ အကောင့်အတုတစ်ခုပြုလုပ် လိုက်ပါတယ်။ ပြီးတော့ သူမဟာ ပြည့်တန်ဆာတစ်ယောက်ဖြစ်ကြောင်း ကြေညာထားပါတယ်။သူမဟာ သိက္ခာရှိတဲ့ မိသားစုထဲက အမျိုးကောင်းသမီးတစ်ယောက်ပါ။ အဲ့ဒီလူဖြန့်လိုက်တဲ့သတင်းဟာ တစ်မြို့လုံးကိုပျံ့နှံ့သွားပါတော့တယ်။သူမမိသားစုနဲ့ သူမကိုယ်တိုင် အဲ့ဒီသတင်းကိုပြန်ကြားတဲ့အခါမှာ ဒီလို ထိတ်လန့်ဖွယ်သတင်းကို ဘယ်လိုမှ လက်သင့်မခံနိုင်ခဲ့ပါဘူး။ ဒါကြောင့် မိသားစုတစ်စုလုံး တစ်ချိန်ထဲမှာပဲ ကိုယ့်ကိုသတ်သေလိုက်ကြပါတယ်။ facebook အသုံးပြုသူ အမျိုးသမီးများအနေနဲ့ သတိထားသင့်တာကတော့  သင့်ရဲ့မူရင်းဓာတ်ပုံအစစ် တွေကို facebook ပေါ်မှာမတင်ပါနဲ့။  တကယ်လို့တင်ထားတယ်ဆိုရင်လည်း သင့်မိတ်ဆွေရင်းတွေသာ မြင်နိုင်အောင် ပြုလုပ် ထားပါ။ facebook က သယ်ဆောင်လာမယ့် အန္တရာယ်ကို သိမြင်နိုင်ကြပါစေ


Monday, February 15, 2016

တစ်လုံးကို ၂၄ ပေါင်တန်တဲ့ ငှက်ဥတွေ

တစ်လုံးကို ၂၄ ပေါင်တန် ငှက်ဥတွေ

ဈေးနှုန်းကိုမြင်တာနဲ့တင် လက်မှိုင်ချသွားရလောက်ပါတယ်။

အီမျူးငှက်ရဲ့ ဥတွေကို စားချင်ရင်တော့ တစ်လုံးကို ၂၄ ပေါင် နီးပါး (၂၃.၆၆ ပေါင်)နဲ့ ရနိုင်ပါတယ်။ ငှက်ဥတစ်လုံးဟာ သာမာန်ကြက်ဥ ၁၂ လုံးနဲ့ ညီမျှတာကြောင့် တစ်လုံးစားပြီးတာနဲ့ ဗိုက်တင်းသွားမှာပါ။

အီမျူးတွေဟာ သြစတြေးလျ ငှက်မျိုးတွေဖြစ်ပြီး ကမ္ဘာ့ ဒုတိယအကြီးဆုံး ငှက်တွေလည်း ဖြစ်ပါတယ်။ အီမျူးငှက်တွေသုံးရက်လျှင် တစ်ကြိမ် ဥအုလေ့ရှိပြီး အနက်ရောင်ရှိပါတယ်။

ငှက်ဥတွေကိုတော့ ဗြိတိန်က Waitrose ဆိုင်မှာ ရောင်းချနေတာပါ။ တစ်လုံးကို ၂၄ ပေါင်လောက် ပေးရမယ်ဆိုတော့ ဈေးနှုန်းနဲ့တင် ကြေကွဲစရာပေါ့။  ဒါ့ပြင် အီမျူးငှက်ဥတွေကို စားမယ်ဆို မိနစ် ၉၀ လောက်တော့ ချက်ပြုတ်ဖို့လည်း လိုပါသေးတယ်။


သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် အုတ်တံတိုင်း အနီးတွင် ဗုံးအတုတလုံး တွေ့ ရှိ

၁၅.၂.၂၀၁၆ ရက်နေ့ ၁၆၁၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (င/က)ရပ်ကွက်၊ သံသုမာလမ်း ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် အုတ်တံတိုင်းရှေ့ ရေမြောင်းဘေးတွင် မသင်္ကာဖွယ်အထုပ်(၁)ထုပ်
တွေ့ရှိကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးရာ ဗုံးအတုဖြစ်နေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန် ထားပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ 3Kg ရှိ ဂက်စ်အိုးအထွက် ကြေးခေါင်းထိပ်နှင့် ဖုန်းအမှတ် ၀၉၇၇၉၈၂၄၉၁၂ တယ်လီနောဆင်းကတ်ပါ Nokia အမျိုးအစား လက်ကိုင်ဖုန်းထိပ်တွင် အရှည် ၄ လက်မခန့်ရှိ အစိမ်းနှင့်အနီရောင်
ဝါယာကြိုး ၂ ချောင်းတို့အား ဆက်သွယ်ထားရှိကြောင်း တွေ့ရှိရသဖြင့် ၁၇၂၀ အချိန်တွင် ဂက်စ်အိုးကျွမ်းကျင်သူ ကြီးပွားရေးရပ်ကွက်အရန် မီးသတ်ဒုတပ်ရင်းမှူး ဦးခင်မောင်ထွန်းမှ အဆိုပါတပ်ဆင်ထားသော
ဝါယာကြိုးအားဖြုတ်ခဲ့ရာ ဂက်စ်အနည်းငယ်သာတွေ့ရှိပြီး ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် တွေ့ရှိသောပစ္စည်းများကို သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သိမ်းဆည်းထားကြောင်း သိရှိရ
ပါသည်။

၎င်းဂက်စ်အိုးမှာ ပေါက်ကွဲမှုရှိနိုင်/မရှိနိုင် သိရှိရန်အတွက် အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်မှူး ချမ်းငြိမ်းနှင့်အဖွဲ့က စစ်ဆေးခဲ့ရာ ဂက်စ်အိုးနှင့်တွဲလျက်ရှိသည့် တယ်လီဖုန်းအား ဖုန်းခေါ်ဆို လိုက်မည်
ဆိုပါက ဆက်သွယ်ထားသော ၀ါယာကြိုး ၂ စမှ ပွင့်သောမီးစသည် ဂက်စ်ကိုသာလောင်ကျွမ်းစေနိုင်ပြီး ပေါက်ကွဲမှုမရှိနိုင်ကြောင်း၊ ပေါက်ကွဲမှုဖြစ်စေနိုင်သည့် ဒီတိုနေတာယမ်းလည်း ပါရှိခြင်းမရှိ၍ ပေါက်ကွဲမှုမဖြစ်နိုင်ကြောင်းနှင့် ၀ါယာကြိုးနှင့် ဖုန်းချိတ်ဆက်ထားသည့် ဗုံးအတုသာဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူလူထုမှ ထင်ယောင်ထင်မှားဖြစ်စေရန် ဗုံးအတုပြုလုပ်ခြင်းသာ ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှု မရှိကြစေရန် အသိပေးဖော်ပြကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန် ထားပါသည်။


အရွယ်​ရင့်​​ပေမယ့်​မပြယ်​လွင့်​တဲ့ချစ်​​မေတ္တာ

အရွယ်ရင့်ပေမယ့် မပြယ်လွင့်တဲ့ချစ်မေတ္တာ

အသက် ၈၀ ကျော်သည့်တိုင် ကြင်နာယုယနေဆဲပါ။

တရုတ်နိုင်ငံက အသက် ၈၄ နှစ်အရွယ် အဘိုးအိုတစ်ယောက်ဟာ ချစ်သူများနေ့မှာ ကျရောက်တဲ့ မင်္ဂလာနှစ်ပတ်လည်အတွက် ထူးထူးခြားခြားလေး ဖန်တီးခဲ့ပါတယ်။ အဲ့တာကတော့ အဆောက်အအုံကြီးတစ်ခုလုံးကို I Love U ပုံစံ မီးတွေထွန်းပြီး ဖန်တီးလိုက်တာပါ။

သူတို့စုံတွဲဟာ လွန်ခဲ့တဲ့ ၆၇ နှစ်ကတည်းက လက်ထပ်ခဲ့တာဖြစ်ပေမယ့် မင်္ဂလာဝတ်စုံကို တစ်ကြိမ်တစ်ခါမှ မဝတ်ဖူးခဲ့ကြပါဘူး။ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်လို့ပြောဖို့လည်း အခွင့်အရေးမရခဲ့ကြပါဘူး။ ဒါကြောင့် အဘိုးအိုက သူ့ရဲ့ ၈၄ နှစ်အရွယ် ချစ်ဇနီးကို အမှတ်တရ ဖြစ်စေခဲ့ပါတယ်။

၆၇ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်မှာ ဒီလိုကျင်းပဖို့အတွက် သူတို့ရဲ့ မြေးက ဟန်ကျိုးမြို့ရှိ ဟိုတယ်တစ်ခုမှာ စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။

Sunday, February 14, 2016

ရွံ့က​နေဖုန်းအားသွင်းနည်းvideo

မိမိဖုန်းကို​တောမှာ​နေတဲ့သူများလျှပ်​စစ်​မီးမရ​သေးတဲ့မြို့နယ်​များမှာ ဒီvideo​လေးကိုကြည့်​ပီးစမ်းကြ​ပေါ့​နော်

အ​နော်​ချစ်​မိုးသူက​တော့စမ်းရ​သေးဘူးတကယ်​ရရင်​လဲ​ပြောကြ​နော်​ ကဲvideoကို​အောက်​မှာဝင်​ကြည့်​ပါ

 ✏ ✏ ဒီမှာနှိပ်​ကြည့်​ပါ✏ ✏  



လေယာဉ်​​ပေါ်က​နေတင့်​ကား​တွေချ​နေ

 ဒီမှာဝင်​ကြည့်​ပါ 

လေယာဉ်​​ပေါ်က​နေတင့်​ကားချ​နေ​သောvideo​လေးပါ


လေ​ပေါ်ပျံဝဲ တိုက်​တန်းနစ်​ ဇီးကွက်​စုံတွဲ

လေပေါ်ပျံဝဲ တိုင်းတန်းနစ် ဇီးကွက်စုံတွဲ

ဆလင်းဒီယွန်းရဲ့ 'My Heart Will Go on' ဇာတ်ဝင် သီးချင်းနဲ့အတူ ဒီ ပြကွက်က ရုပ်ရှင်ချစ် ပရိသတ်ရင်ထဲမှ စွဲကျန်ရစ်ခဲ့ပါတယ်။

တောင်အာဖရိက ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ ဇီးကွက်စုံတွဲရဲ့ ဟန်ပန်က ၁၉၉၇ ခုနှစ် တိုင်တန်းနစ် ဇာတ်ကားထဲမှ ကမ္ဘာကျော် ဇာတ်ဝင်ခန်း ပြကွက်လေးအတိုင်းပါပဲ။

လေပေါ်မှာ ပျံဝဲနေတဲ့ ဇီးကွက်စုံတွဲရဲ့ ဓာတ်ပုံက တိုင်တန်းနစ် ဇာတ်ကားထဲက မင်းသားနဲ့မင်းသမီး သင်္ဘောထိပ်ပိုင်းမှာ ရပ်နေခဲ့တဲ့ ကြည်နူးဆွတ်ပျံ့ဖွယ် ဇာတ်ဝင်ခန်းကို မြင်ယောင်မိစေမှာပါ။

ဆလင်းဒီယွန်းရဲ့ 'My Heart Will Go on' ဇာတ်ဝင် သီးချင်းနဲ့အတူ ဒီ ပြကွက်က ရုပ်ရှင်ချစ် ပရိသတ်ရင်ထဲမှ စွဲကျန်ရစ်ခဲ့ပါတယ်။


အခု တောင်အာဖရိက ကောင်းကင်ယံမှာ ပျံဝဲနေတဲ့ ဇီးကွက်စုံတွဲကို မြင်တွေ့ရတဲ့ ဓာတ်ပုံဆရာ မာ့ခ် ဒွိုင်းစ်ဒေးလ်က ချက်ချင်းပဲ တိုင်တန်းနစ် ဇာတ်ကားပြကွက်ကို သတိရသွားဟန်တူပြီး ဇီးကွက်စုံတွဲကို အမိအရ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။


Saturday, February 13, 2016

အိမ်သာသုံးစက္ကူထဲ ၀င်ပုန်းနေတဲ့ သားပိုက်ကောင်လေး

သစ်ပင်ပေါ်မှာနေတတ်တဲ့ သားပိုက်ကောင်က အိမ်သာသုံးစက္ကူ အမှိုက်ပုံးထဲမှာ လာရောက်ပုန်းခိုနေ

ပန်းခြံဝန်ထမ်းတွေက အိမ်သာသုံးစက္ကူ အမှိုက်ပုံးထဲမှာ ပုန်းခိုနေထိုင်နေတဲ့ သစ်ပင်တွေမှာသာနေတတ်တဲ့ သားပိုက်ကောင်လေးတစ်ကောင်ကို တွေ့ရှိခဲ့ကြပါတယ်။


Yarra Bend တွင် အိမ်သာသုံးစက္ကူတွေကို ဆွဲဖြဲကာ စက္ကူထည့်တဲ့ဘူးကို အိမ်လုပ်ကာနေတဲ့ သားပိုက်ကောင်လေးရဲ့ ဓါတ်ပုံကို Parks Victoria က ပြသခဲ့ပါတယ်။


အိမ်သာတွေကို သန့်ရှင်းရေးလုပ်နေတဲ့ ၀န်ထမ်းတစ်ယောက်က သားပိုက်ကောင်လေးကို တွေ့ရှိခဲ့ပြီး Cameron လို့ခေါ်တဲ့ပန်းခြံတာဝန်ရှိသူကို သားပိုက်ကောင်လေးရှိနေတာကို သတင်းပို့ခဲ့ပါတယ်။


သားပိုက်ကောင်လေးကို ဖယ်ရှားပြီးနောက်မှာ သူတို့တွေက သားပိုက်ကောင်လေးအတွက် သစ်ပင်ပေါ်မှာ အိမ်တစ်အိမ်ဆောက်ပေးခဲ့ကြပါတယ်။


Friday, February 12, 2016

မျက်​စိမ​ကောင်းလို့မျက်​မှန်​တပ်​​ပေးရတဲ့​ကြောင်​​လေး

မျက်စိမကောင်းလို့ မျက်မှန်တပ်ထားရတဲ့ အလန်းဇယား ကြောင်မလေး ဘာဂီ

မျက်စိမကောင်းလို့ နေကာမျက်မှန်တပ်တပ်ထားတဲ့ ကြောင်မလေး ဘာဂယ်က သူမရဲ့အဲ့ဒီ အလန်းစားပုံရိပ်တွေကြောင့် လူမှုကွန်ရက် ဆိုရှယ်နက်ဝက်တွေမှာ ပေါ်ပြူလာဖြစ်နေပါတယ်။


အမွှေးအမျှင်ရောင် မီးခိုးရောင်ရှိတဲ့ ဘာဂယ်လေးက မွေးကတည်း က မျက်ခွံပါလာခြင်းမရှိတာကြောင့် မျက်ရည်ဖြစ်ပေါ်ခြင်းနဲ့ မျက် လုံးအတွက် အကာအကွယ်ပေးနိုင်မှုမရှိလို့ အခုလိုနေကာမျက်မှန်နဲ့ အကာအကွယ်ယူထားရခြင်းပဲ ဖြစ်ပါတယ်။


ကယ်လီဖိုးနီးယား၊ လော့အန်းဂျလိစ်မှာ နေထိုင်တဲ့ ဘာဂယ်လေးကို သခင်ဖြစ်သူက သူမအတွက်ခွဲစိပ်ကုသမှု သုံးကြိမ်တိုင်တိုင်ပြုလုပ် ပေးခဲ့ပြီး မျက်စင်းဆေးရည်ခပ်ခြင်းတွေကိုလည်း ပုံမှန်ပြုလုပ်ပေးခဲ့ ပါတယ်။ နေရောင်ထိမခံပဲ အထိအခိုက်လုံးဝမခံနိုင်တဲ့ သူမရဲ့ မျက် လုံးတွေကို အကာအကွယ်ဆေးဝါးတွေနဲ့ မျက်စိအားကောင်းတဲ့ ဆေးဝါးတွေနဲ့ နေ့ဘက်အချိန်တွေမှာဆိုရင် အခုလို မျက်မှန်လေး တပ်ဆင်ထားကာ နေစေတာပဲဖြစ်ပါတယ်။


ချစ်စရာကောင်းတဲ့ မျက်မှန်လေးနဲ့ ဘာဂယ်လေးရဲ့ ပုံစံလေးက ချစ် စရာကောင်းနေတာမို့လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ သူမရဲ့ပုံ ရိပ်တွေပျံ့နှံလာပြီး ဖော်လိုဝါထောင်ချီပြီးတော့လည်း ရှိလာခဲ့တာ ဖြစ်ပါတယ်။


ခရီးသွားရင်းဝင်​​ငွေရ​နေတဲ့မိန်းမလှ​လေး

ခရီးသွားရင်း ဝင်ငွေများစွာ ရရှိနေတဲ့ မိန်းမလှလေး

လူအနည်းငယ်ကသာ ကိုယ်တကယ်နှစ်သက်တဲ့ အလုပ်ကို လုပ်ကိုင်ရင်း ၊ ဝင်ငွေကို ရရှိတဲ့ အခွင့်ထူးကို ပိုင်ဆိုင်ကြတာပါ ။ ဒီထဲမှာ များသောအားဖြင့် ဂီတပညာရှင် ၊ အားကစားသမားတို့လို လူတွေကသာ ဝါသနာနဲ့ဝမ်းရေး ထပ်တူကျပြီး ဝင်ငွေအမြောက်အများ ရရှိကြတာပါ ၊ အခုဖော်ပြပေးမယ့် ချစ်စရာ မိန်းကလေးကတော့ ဝါသနာပါတဲ့ ခရီးသွားခြင်းကို ပြုလုပ်ရင်း ဝင်ငွေအမြောက်အများ ရရှိသူပါ ၊ တကယ့်ကို ရှားမှရှားတဲ့ လူတွေထဲက တစ်ဦးပါပဲ ။ 


သူမရဲ.အမည်ကတော့ Kiersten Rich ဖြစ်ပြီး သူမဟာ သူမရဲ. အလုပ်အကိုင်မှာ မပျော်ပါဘူး ၊ နောက်ဆုံးမှာတော့ သူမဟာ အလုပ်ကနေထွက်ပြီး နှစ်သက်တဲ့ ကမ္ဘာအနှံခ၇ီးသွားခြင်းကို လုပ်ဆောင်ခဲ့ပါတယ် ။ သူမရဲ. စွန့်စားခန်း ခရီးရှည်ကတော့ ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့ပြီး အခုချိန်ထိ သူမရဲ. ဘဝကို ခရီးစဉ်တွေမှာ မြုပ်နှံထားပါတယ်။


Rich ဟာ သူမရဲ. ခရီးစဉ်မှာ ဒီဇိုင်းလန်းလန်း အဝတ်အစားတွေဝတ်ဆင်ပြီး ၊ လှပတဲ့နေရာ အပြင်အဆင် တွေမှာ နေထိုင်လေ့ ရှိပါတယ် ၊ သူမဟာ ခရီးကို လူကုံထံတစ်ယောက်လို သွားလာပြီး အသုံးပြုတဲ့ ပစ္စည်းတွေကလည်း တန်ဖိုးမသေးလှပါဘူး။ 


Californian က ချစ်စဖွယ် မိန်းမပျိုလေးဟာ ခရီးသွားဝါသနာပါတဲ့ အင်တာနက် အသုံးပြုသူတွေကြား နာမည်ကျော်လာခဲ့ပါတယ်။


သူမဟာ သူမရဲ. ခရီးစဉ်တွေကို ဘလော့ဂ်ပြုလုပ် မှတ်တမ်းတင်ခြင်းကနေ စခဲ့ပါတယ်။ လက်ရှိမှာတော့ သူမဟာ များစွာသော ဝင်ငွေတွေကို ရရှိနေပါပြီ။

သူမဟာ ချမ်းသာလာပြီး ၊ လက်ရှိမှာ Blog-writer ဆုကို လက်ခံရရှိထားသလို instagram မှာ followers ပေါင်း 112K တောင် ရှိပါတယ်။


သူမဟာ လွန်ခဲ့တဲ့ ငါးနှစ်က အလုပ်ထွက်ခဲ့တာ ဖြစ်ပြီး ၊ ခုချိန်မှာတော့ နိုင်ငံပေါင်း ငါးဆယ်နီးပါးကို သွားရောက်ပြီးကြောင်း သူမရဲ. ပတ်စပို့က သက်သေခံနေပါတယ်။


သူမရဲ. ခရီးသွား ဘလော့ဂ် ဖြစ်တဲ့ The Blonde Abroad ဟာလည်း follwers တစ်သိန်းနှစ်သောင်းတောင် ရှိနေပြီး အောင်မြင်မှု ရနေပါတယ် ။ 


ဒါပေမဲ့လည်း သူမရဲ. အစပိုင်း နှစ်နှစ်လောက်မှာတော့ ခရီးသွားဖို့ ငွေကို သူမဟာ သူမ ရှာဖွေသုံးစွဲခဲ့ရပါတယ် ။ အဲ့ဒီအချိန်တွေတုန်းက သူမဘလော့ဂ်ကို ဖတ်မယ်လူတောင် မရှိလောက်ဘူးလို့ပဲ သူမထင်ခဲ့ပါတယ် ။ 


အခုချိန်မှာတော့ သူမရဲ.ဘလော့ဂ်ဟာ စီးပွားရေးလုပ်ငန်းတစ်ခု အသွင်ရှိနေပြီး သူမဟာလည်း စာရေးခြင်းနဲ့ ဝင်ငွေရှာဖွေပါတယ်။ နောက်ပြီး Social media guru နဲ့ Pinterest expert အဖြစ်လည်း ခရီးသွားနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေအတွက် လုပ်ကိုင်ပေးနေပါတယ်။


သူမရဲ. ဝင်ငွေကို ကုန်ပစ္စည်းတွေ ကြေငြာပေးခြင်း နဲ့ အချို.ကိုတော့ Tourism board နဲ့ ခရီးသွားကုမဏီတွေက ထောက်ပံ့ပေးပါတယ်။


သင်ရော သူမကို အားကျသလား ? သင်ဝါသနာပါရာ တစ်ခုခုကို လုပ်ကိုင်လို့ ဝင်ငွေမရတော့မှာ စိုးရိမ်သလား ? မစိုးရိမ်ပါနဲ့ သင်ဝါသနာပါတာကိုသာလုပ်ပါ ၊ သေချာပေါက် အောင်မြင်ရမယ်ဆိုတာက အသေအချာပါပဲ။


Thursday, February 11, 2016

ခွေး​ပေါက်​​လေးကိုရန်​မမူပဲကူညီခဲ့တဲ့​မွေ​ဟောက်

ခွေးပေါက်လေးများကို ရန်မမူပဲ ကူညီပေးတဲ့ မြွှေဟောက်

အိန္ဒိယ နိုင်ငံ၊ နယ်စွန်တစ်ခုက မြို့ငယ်လေးမှာ ဖြစ်ပါတယ်။ ရေတွင်းပျက် တစ်ခုထဲကို ခွေးပေါက်စလေး နှစ်ကောင်ပြုတ်ကျသွားပါတယ်။ ယင်း နှစ်ကောင်ရဲ့ မိခင်ဟာ အပေါ်ကနေ အင်မတန်ဟောင်တာကြောင့် ဘေးပတ်ဝန်းကျင်က လူများဟာ မနေနိုင်ပဲ ကြည့်လိုက်တဲ့အခါ ခွေးပေါက်စလေး နှစ်ကောင်နဲ့ မြွှေဟောက် တစ်ကောင်ကို တွေ့ရပါတယ်။


မြွှေဟောက်ဟာဆိုရင် ခွေးပေါက် နှစ်ကောင်ကို ရန်မမူပါဘူး။ ရန်မမူတဲ့အပြင် ကြောက်ရွှံ့နေတဲ့ ခွေးတွေကို ကာကွယ်စောင့်ရှောက် ပေးတဲ့ ကိုယ်ဟန်ဖြင့် ရှိနေပါတယ်။ ရေတွင်းထဲကို လူတစ်ဦးမှ ဝင်ရောက် ဆင်းကယ်တဲ့အခါ မြွှေဟာ အခြား တစ်ဖက်ကို ရွှေ့သွားပါတယ်။ အမှန်တော့ မြွှေဟာလည်း ရေတွင်းထဲကို မမျော်လင့်ပဲ ကျနေတဲ့ အကောင်ပါပဲ။ မြွှေဟောက်ကိုလည်း တောတွင်းသို့ ပြန်လွှတ်ပေးခဲ့ ပါတယ်။


မြွှေဟောက်ဟာဆိုရင် ဗိုက်ပြည့်နေလို့ မစားသောက်တာလား၊ တကယ်ပဲ ခွေးပေါက် နှစ်ကောင်ကို စောင့်ရှောက်ပေးတာလားတော့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ ပါတယ်။ မြွှေဟောက် အနေနဲ့ကတော့ လူသားမဟုတ်တဲ့ အခြား တိရစ္ဆာန်တစ်ကောင်ကောင်ကို မစားရင်တောင် ရန်မူနိုင်ချေ ပိုများတဲ့ သတ္တဝါ ဖြစ်ပါတယ်။ ယခုလို သူ့ရဲ့ ပြုမူမှုကြောင့် ကယ်ဆယ်သူများအတွက် အံ့သြစရာ ဖြစ်ခဲ့ ပါတယ်။ အကြောင်းကြောင်းကြောင့် အားနွဲ့သွားသူကို အနိုင်မကျင့်တတ်တဲ့ စိတ်ဓာတ်မျိုး မြွှေဟောက်မှာ မြင်တွေ့ခဲ့ရ ပါတယ်။


ကင်းမြီးကောက် အကိုက်ခံရလို့ အစာအိမ်ထုတ်လိုက်ရသူ

ကင်းမြီးကောက်အကိုက်ခံရသောကြောင့် အစာအိမ်ထုတ်လိုက်ရသည့် ကင်းမြီးကောက်အလှမွေးသူ

အင်္ဂလန်နိုင်ငံသားတစ်ဦးဖြစ်သူ ဒင်းန်အမ်းစထရောင်းဆိုသူသည် ကင်းမြီးကောက်များ စုဆောင်းမွေးမြူလေ့ရှိသူတစ်ဦး ဖြစ်သည်။ ၂၀၁၂ ခုနှစ်အီစတာပွဲတော်အတွင်း လန်ဒန်အရှေ့ ပိုင်း

ရှိ အိမ်မွေးတိရ စ္ဆာန်အရောင်းဆိုင်တစ်ခုမှ ကင်းမြီးကောက်တစ်ကောင် ၀ယ်ယူခဲ့ပြီး ဆူးဟု နာမည်ပေးကာ မွေးမြူထားခဲ့သည်။


တစ်နေ့တွင်မူ အမ်းစထရောင်းသည် ဆူးကို အစာကျွေးနေစဉ် လက်ကိုအကိုက်ခံလိုက်ရသည်

ဟုဆိုသည်။ယင်းသို့အကိုက်ခံရပြီး တစ်မိနစ်ခန့်အကြာတွင် အမ်းစထရောင်းသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။


အမ်းစထရောင်း၏ နေအိမ်တွင် သန့်ရှင်းရေးလုပ်သူက အဆိုပါဖြစ်ရပ်ကို တွေ့မြင်ပြီး အရေးပေါ်လူနာတင်ကားခေါ်ယူကာ လန်ဒန်အရှေ့ ပိုင်းရှိ ၀ှစ်စ်ခရော့စ် ဆေးရုံသို့ ပို့ဆောင်ခဲ့

သည်။


ဆရာဝန်များကအမ်းစထရောင်းကိုသွေးသွင်းပေးခဲ့ရသည်။“ကျွန်တော့်ရဲ့ကိုယ်ခန္ဓာညာဘက်တစ်ခြမ်း

 လေဖြတ်သလိုဖြစ်သွားတယ်။ ဖြစ်စက သေပြီလို့ထင်ပြီး တော်တော်တုန်လှုပ်သွားပါတယ်။ ဆေးရုံရောက်ပြီး တစ်နာရီလောက်ကြာတော့ သက်သာလာတယ်။ ဆူးကတော့ ဒီလိုဖြစ်ပြီးနောက်ပိုင်း အသတ်ခံလိုက်ရပြီ

ထင်ပါတယ်။ ”ဟု အမ်းစထရောင်းက ပြောကြားသည်။


နောက်တစ်နေ့တွင် အမ်းစထရောင်းကို ဆေးရုံဆင်းခွင့်ပြုလိုက်သည်။

သို့ရာတွင် ရက်သတ္တပတ်အတန်ကြာသည့်အခါ အပြင်းအထန်နာကျင်မှုများ ခံစားလာရသောကြောင့် ဆေးရုံတွင်ပြန်လည်ပြသရာ ကင်းမြီးကောက်အဆိပ်ကြောင့် အမ်းစထရောင်း၏ ပန်ကရိယနှင့် အစာအိမ်တို့ပျက်ဆီးသွားကြောင်း တွေ့ရှိခဲ့ကြသည်။


ထို့ကြောင့် အမ်းစထရောင်း၏ အစာအိမ်၊ သည်းခြေအိတ်၊ ပန်ကရိယ၏ တစ်ဝက်နှင့် အူအ

စိတ်အပိုင်းအချို့ ဖြတ်တောက်ဖယ်ရှား လိုက်ရသည်။အမ်းစထရောင်းသည် ယခုအခါ ၀မ်းဗိုက်ကို

 ဖောက်၍ အစာဟောင်းစွန့်သည့်အိတ် ချိတ်ဆွဲတပ်ဆင်ထားရသော်လည်း ကင်းမြီးကောက်များကိုမူ ချစ်မြတ်နိုးဆဲဖြစ်ကြောင်းနှင့် ဆက်လက်ဝယ်ယူမွေးမြူသွားဦးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။