ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့မှာ ကိုယ့်ရဲ့ချစ်သူကို ဘာပေးရမလဲ စဉ်စားရခက်နေတဲ့ အမျိုးသမီးတွေအတွက် အကောင်းဆုံး လက်ဆောင်ပစ္စည်း (၅) မျိုးကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ Daniel Lewis အနက်ရောင် သားရေခေါက်ပိုက်ဆံအိတ်
DANIEL LEWIS အမှတ်တံဆိပ်ဟာ သားရေအစစ်နဲ့ ပြုလုပ်ထားတဲ့ ခါးပတ်နဲ့ ပိုက်ဆံအိတ်စတဲ့ အမျိုးသားအသုံးအဆောင် ပစ္စည်းတွေကို ထုတ်လုပ်ဖြန့်ချိနေတဲ့ အီတလီနိုင်ငံက ထိပ်သီး Brand တစ်ခုဖြစ်ပါတယ်။ သားရေအစစ်နဲ့ ပြုလုပ်ထားတာကြောင့် ခိုင်ခံ့မှုရှိပြီး တာရှည်ခံတဲ့အပြင် သူ့ရဲ့ထူးခြားတဲ့နူးညံ့မှုကြောင့် ဆွဲဆောင်မှုလည်း ရှိလှပါတယ်။

၂။ Seiko SNDX09P1 အမျိုးသားဝတ် လက်ပတ်နာရီ
Seiko အမှတ်တံဆိပ် အမျိုးသားဝတ် လက်ပတ်နာရီတွေကို ၁၈၈၁ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး အရည်အသွေးအားဖြင့် ယုံကြည်စိတ်ချရပြီး အဆင့်မြင့်တဲ့ နည်းပညာဆန်းသစ်တီထွင်မှုတွေကြောင့် နာမည်ကျော်ကြားတဲ့ Brand တစ်ခုဖြစ်ပါတယ်။
Seiko အမှတ်တံဆိပ် SNDX09P1 အမျိုးသားဝတ် လက်ပတ်နာရီဆိုရင် အားကစားသမားတွေနဲ့ ပိုမိုသင့်လျော်ပြီး နာရီအိမ်နဲ့ ကြိုးတို့မှာ စတီးလ်နဲ့ပြုလုပ်ထားပြီး ဒိုင်ခွက်က အနက်ရောင်ဖြစ်ပါတယ်။ နာရီမျက်နှာပြင်ကိုလည်း အခြစ်ရာ အစင်းရာတွေ အလွယ်တကူ မဖြစ်နိုင်တဲ့ Hardlex ကို အသုံးပြုထားကာ ရေမီတာ ၅၀ အနက်ထိ ရေစိမ်ခံနိုင်အောင် ဖန်တီးပြုလုပ်ထားပြီး အချိန်ရေတွက်မှတ်သားနိုင်မဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။

၃။ Wainford X96 Smart အနက်ရောင် လက်ပတ်နာရီ
Wainford အမှတ်တံဆိပ် Smart Watch များဟာ လှပတဲ့ ဒီဇိုင်းသွင်ပြင်ရှိတဲ့အတွက် အမျိုးသားတွေကို စမတ်ကျစေမှာပါ။
သူ့ရဲ့ Display ဟာဆိုရင် ၁.၅၄ လက်မရှိပြီး Touch screen ဖြစ်တာကြောင့် လွယ်ကူစွာအသုံးပြုနိုင်ပါတယ်။ CPU အတွက် MTK 6260 ကို အသုံးပြုထားတဲ့အပြင် 32MB ပမာဏရှိ RAM နဲ့ 128MB ပမာဏရှိသည့် Memory ကိုလည်း ထည့်သွင်းပေးထားပါတယ်။
2G Sim Card ကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး MP4၊ MP3၊ Bluetooth၊ GPS၊ FM နှင့် Camera တို့လည်းပါရှိပါတယ်။

၎။ Remax အမှတ်တံဆိပ် Vanguard Power Bank
Remax အမှတ်တံဆိပ် Vanguard power bank အမျိုးအစားဟာဆိုရင် 5000 mAh ပမာဏရှိတဲ့ စွမ်းအင်ကို သိုလှောင်ပေးထားနိုင်တာမို့ တက်ဘ်လက်နဲ့ မိုဘိုင်းလ်ဖုန်းတွေအတွက် ဘက္ထရီအားကုန်သွားမှာကို စိတ်ပူနေစရာ မလိုတော့ပါဘူး။
ဘယ်နေရာမျိုးမှာမဆို အလွယ်တကူ သယ်ဆောင်သွားလို့လည်းရပါတယ်။ ပုံမှန်ထက်ပိုတဲ့ စွမ်းဆောင်ရည်တွေပါဝင်ပြီး ဒီဇိုင်းဆန်းသစ်လှပတဲ့ Remax အမှတ်တံဆိပ်ကို အသုံးပြုရင်း ဖုန်းနဲ့ တက်ဘ်လက်တွေကို အားသွင်းလိုက်ပါ။

၅။ သီချင်းလေးနဲ့ လန်းနိုင်မယ့် Jabra Bluetooth Speaker
သူဟာ သယ်ဆောင်ရတာ လွယ်ကူတဲ့ Bluetooth Speaker အမျိုးအစားဖြစ်ပါတယ်။ ၁၀ မီတာအကွာအဝေးထိ ဖမ်းယူနိုင်တဲ့ လိုင်းစွမ်းအားနဲ့အတူ ဘက္ထရီမှာလည်း အရည်အသွေးပြည့်မီအောင် ဖန်တီးထားတာမို့ အနဲဆုံ ၈ နာရီကြာအောင် အသုံးပြုနိုင်ပါတယ်။
Credit – Duwun
Tuesday, February 9, 2016
ဖော်ဖ၀ါရီ၁၄မှာပေးသင့်သောအရာများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment