Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Friday, February 5, 2016

လက်​​ဆောင်​ပစ္စည်းများဆိုင်​ကိုေ၇ာက်​လာတဲ့ဖျံ​လေး


အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်အတွင်း ထူးဆန်းစွာရောက်ရှိလာသော ပင်လယ်ဖျံ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်အတွင်းသို့ ပင်လယ်ဖျံကလေးတစ်ကောင် ထူးဆန်းစွာ ရောက်ရှိလာကြောင်း အမေရိကန်အခြေစိုက်သတင်းမီဒီယာများ၏ ဖေဖော်ဝါရီ ၄ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။


ပင်လယ်အတွင်းတွင် နေထိုင်ရသည်မှာ ငြီးငွေ့လာသောကြောင့် ဈေးဝယ်ထွက်လာခြင်းလည်း ဖြစ်နိုင်ပါသည်။


အဆိုပါပင်လယ်ဖျံကလေးရောက်ရှိလာပုံကို ယင်းအမှတ်တရပစ္စည်းအရောင်းဆိုင်က

စာမျက်နှာတွင်အမှတ်တရ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။


“ဆန်နီဂျင်မ်ပင်လယ်လှိုဏ်ဂူထဲကနေ ပင်လယ်ဖျံကလေးတစ်ကောင်ဟာ ခြေလှမ်း ၁၄၅ လှမ်းစာလောက် ခရီးကိုဖြတ်ပြီး The Cave စတိုးဆိုင်ထဲကို ဒီနေ့ရောက်လာပါတယ်။


ဆိုင်ထဲမှာ ၁၀ မိနစ်လောက် လျှောက်ကြည့်ပါတယ်။ သူ့ကြည့်ရတာ စိတ်ရှုပ်နေပုံပါပဲ။ ကျွန်တော်တို့သူ့ကို ဆိုင်နောက်တံခါးကနေ ပင်လယ်ထဲပြန်ပို့ပေးခဲ့ပါတယ်”ဟု ရေးသားဖော်ပြထားသည်။


အဆိုပါဖျံကလေးသည် ဆိုင်အရောင်းကောင်တာတွင် မတ်တပ်ရပ်ကာကြည့်ရှုနေပုံကိုလည်း တွေ့ရသည်။

Credit: ဖိုးသူတော်

ထူးခြားဆန်းပြားမှ မဖတ်ရသေးတဲ့ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို ပြန်လည် ဖတ်ရှုလိုတယ်ဆိုရင် ရာဇ၀င် ကြည့်ရန်မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။



No comments: