မန်မာနိုင်ငံက လာအိုထံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရန်ကမ်းလှမ်းထားကြောင်း လာအိုအစိုးရတာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့သည်။
မြန်မာအစိုးရက လာအိုနှင့်နယ်စပ်မှ လျှပ်စစ်ဓာတ်အား သွယ်တန်းဝယ်ယူရန် အဆိုပြုလာခြင်းဟု လာအိုလျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်နက်စ် ဗီရာဖောင် ဗီရာဖွန်းက ဗီယန်ကျင်းတိုင်းမ်စ် သတင်းစာသို့ ပြောကြားခဲ့သည်။ “လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက ဒီပရောဂျက်ကို မြန်မာအစိုးရဘက်က အဆိုတင်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။
ဗီရာဖွန်းက “အခုလောလောဆယ်တော့ ကျွန်တော်တို့က အခုပရောဂျက်နဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာဆန်းစစ်မှုတွေ လုပ်နေဆဲပါ။ ဓာတ်အားလိုင်းတွေ ဘယ်လိုသွယ်တန်းမှာလဲ၊ နောက်ပြီး ဘယ်လိုကဏ္ဍမျိုးမှာ ဓာတ်အားအသုံးပြုမှာလဲ ဆိုတာတွေပေါ့” ဟုလည်း မှတ်ချက်ပေးခဲ့သည်။
လာအိုအစိုးရ အာဏာရပါတီ၏ စွမ်းအင်နှင့် သတ္တုတွင်းများဆိုင်ရာ ပါတီအတွင်းရေးမှူး ဒေါက်တာ ခမာနီ အင်သီရတ်သ်ကလည်း ယခုနှစ်အတွင်း လာအိုသည် မြန်မာနိုင်ငံထံသို့ လျှပ်စစ်ဓာတ်အား စတင်၍ တင်ပို့ရောင်းချသွားမည်ဟု မကြာသေးမီက ပြောကြားထားသည်။
ဗီရာဖွန်က အစောပိုင်းကာလများတွင် လာအို၏ လူအန်နမ်သာ ဒေသနှင့် နယ်နိမိတ်ဆက်စပ်နေသည့် မြန်မာပိုင် နယ်ခြားကျေးရွာငယ်အချို့တွင်သာ လျှပ်စစ်ဓာတ်အား စတင်ရရှိဦးမည်ဟုလည်း ဆိုသည်။ လာအိုသည် လျှပ်စစ်ဓာတ်အားပေး စက်ရုံအသစ်များကို တိုးမြှင့်တည်ဆောက်လျက်ရှိရာ မကြာသေးမီက တည်ဆောက်ပြီးစီးခဲ့သည့် ဇီခါမန် အမှတ် ၁ ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားများကိုလည်း ဗီယက်နမ်သို့ တင်ပို့ရောင်းချသွားမည်ဟု သိရှိရသည်။
Thursday, February 4, 2016
လာအိုထံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရန် မြန်မာကမ်းလှမ်းထား
Subscribe to:
Post Comments (Atom)

No comments:
Post a Comment