အယ်လ်နီညိုနှစ်များတွင် ကြောက်စရာကောင်းသည့်ကူးစက်ရောဂါပိုး များ ပေါ်တတ်သည်ဟုဆို
==================================================
အယ်လ်နီညိုနှစ်များတွင် ကြောက်စရာကောင်းသည့် ကူးစက်ရောဂါပိုး များ ပေါ် တတ်သည်ဟုမိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း ၏ဖေစ့်ဘုတ်စာမျက်နှာတွင် ဖေဖော်ဝါရီ၁ရက်က ရေးသားခဲ့သည်။
အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်အားကောင်းသည့် နှစ်များတွင် ကျန်း မာရေး ဆိုးဝါးမှုများ ဖြစ်သည်ကို သတိထားမိကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာ ရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ဖေစ့်ဘုတ်ပေါ်တွင် သတိပေး ရေး သား ခဲ့ပြီး ကမ္ဘာ့လူဦးရေ၏ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအ ထိ သေဆုံးစေ ခဲ့သည့် H1N1 ဖျားနာကူးစက် ရောဂါပိုးသည် ၁၉၁၈ မှ ၁၉၂၀ ပြည့်နှစ်များ တွင် ဖြစ် ပွားခဲ့ပြီး ယင်းအချိန်ကအားကောင်းသည့် အယ်လ်နီညို ဖြစ်ခဲ့သကဲ့ သို့ ၂၀၁၅ -၂၀၁၆ ခုနှစ်သည်လည်းအားကောင်းသည့်အယ်လ်နီညိုနှစ် ဖြစ် သည် ဟု ရေးသားဖော်ပြ ခဲ့ သည်။

အယ်လ်နီညို ရာသီဥတုကြောင့် ပူပြင်းခြောက်သွေ့မှုဒဏ်အဆိုးဝါးဆုံး ခံစားနေရသည့် ဘရာဇီးလ်နိုင်ငံတွင် ဇီကာဗိုင်းရပ်စ် VIKA virus အစပြု ပေါက် ဖွားခဲ့ပြီး၊ ဇီကာဗိုင်းရပ်စ် ပိုးကူးစက်မှုသည် အမေရိက တိုက် နိုင် ငံပေါင်း နှစ် ဆယ်ကျော်အတွင်း ပျံ့နှံ့ခဲ့ရာ ယခုအခါ ကမ္ဘာ့အခြား တိုက်ကြီးများ သို့ပါ ကူးစက်မည့် အလားအလာ ရှိနေကာ စိုးရိမ်ရသည့် အခြေ အနေ ဖြစ်ပေါ်နေခြင်းကြောင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)ကအရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာလိုက်သည်။
အရွယ်မရောက်သေးသော ကလေးသူငယ်များတွင် ZIKA virus ကြောင့် ဦးခေါင်းသေးရောဂါ (Microcephaly)ခံစားကြရပြီးအသက်သေ ဆုံးကြ ရကြောင်းတွေ့ ရှိရသည်ဟုလည်းWHO က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဘရာဇီးလ်နိုင်ငံတွင် ZIKA virus ကူးစက်မှုကို လူပေါင်း၄၄၀, ၀၀၀ မှ ၁, ၃၀၀, ၀၀၀ ခန့်အထိ ခံစားနေကြောင်း WHO က ခန့်မှန်းထားပြီး ၊ ၂၀၁၅-၁၆ ခုနှစ်များဟာ အားကောင်းသည့် အယ်လ် နီညိုနှစ် များ ဖြစ်၍ အယ်လ်နီညိုကြောင့် ZIKA virus စတင်ဖြစ်ပွားသော Brazil မှာ ပူပြင်းခြောက်သွေ့မှုဒဏ်ကို အဆိုးဝါးဆုံး ကြုံတွေ့နေရသည်။
သတင်း - ဇော်မင်းထွန်း
Wednesday, February 3, 2016
ကြောက်စရာကောင်းသည့်ကူးစက်ရောဂါပိုးများပေါ်တတ်သည်ဟုဆို
Subscribe to:
Post Comments (Atom)

No comments:
Post a Comment