Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Thursday, February 11, 2016

ခွေး​ပေါက်​​လေးကိုရန်​မမူပဲကူညီခဲ့တဲ့​မွေ​ဟောက်

ခွေးပေါက်လေးများကို ရန်မမူပဲ ကူညီပေးတဲ့ မြွှေဟောက်

အိန္ဒိယ နိုင်ငံ၊ နယ်စွန်တစ်ခုက မြို့ငယ်လေးမှာ ဖြစ်ပါတယ်။ ရေတွင်းပျက် တစ်ခုထဲကို ခွေးပေါက်စလေး နှစ်ကောင်ပြုတ်ကျသွားပါတယ်။ ယင်း နှစ်ကောင်ရဲ့ မိခင်ဟာ အပေါ်ကနေ အင်မတန်ဟောင်တာကြောင့် ဘေးပတ်ဝန်းကျင်က လူများဟာ မနေနိုင်ပဲ ကြည့်လိုက်တဲ့အခါ ခွေးပေါက်စလေး နှစ်ကောင်နဲ့ မြွှေဟောက် တစ်ကောင်ကို တွေ့ရပါတယ်။


မြွှေဟောက်ဟာဆိုရင် ခွေးပေါက် နှစ်ကောင်ကို ရန်မမူပါဘူး။ ရန်မမူတဲ့အပြင် ကြောက်ရွှံ့နေတဲ့ ခွေးတွေကို ကာကွယ်စောင့်ရှောက် ပေးတဲ့ ကိုယ်ဟန်ဖြင့် ရှိနေပါတယ်။ ရေတွင်းထဲကို လူတစ်ဦးမှ ဝင်ရောက် ဆင်းကယ်တဲ့အခါ မြွှေဟာ အခြား တစ်ဖက်ကို ရွှေ့သွားပါတယ်။ အမှန်တော့ မြွှေဟာလည်း ရေတွင်းထဲကို မမျော်လင့်ပဲ ကျနေတဲ့ အကောင်ပါပဲ။ မြွှေဟောက်ကိုလည်း တောတွင်းသို့ ပြန်လွှတ်ပေးခဲ့ ပါတယ်။


မြွှေဟောက်ဟာဆိုရင် ဗိုက်ပြည့်နေလို့ မစားသောက်တာလား၊ တကယ်ပဲ ခွေးပေါက် နှစ်ကောင်ကို စောင့်ရှောက်ပေးတာလားတော့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ ပါတယ်။ မြွှေဟောက် အနေနဲ့ကတော့ လူသားမဟုတ်တဲ့ အခြား တိရစ္ဆာန်တစ်ကောင်ကောင်ကို မစားရင်တောင် ရန်မူနိုင်ချေ ပိုများတဲ့ သတ္တဝါ ဖြစ်ပါတယ်။ ယခုလို သူ့ရဲ့ ပြုမူမှုကြောင့် ကယ်ဆယ်သူများအတွက် အံ့သြစရာ ဖြစ်ခဲ့ ပါတယ်။ အကြောင်းကြောင်းကြောင့် အားနွဲ့သွားသူကို အနိုင်မကျင့်တတ်တဲ့ စိတ်ဓာတ်မျိုး မြွှေဟောက်မှာ မြင်တွေ့ခဲ့ရ ပါတယ်။


No comments: