ချစ်သူများနေ့အမီ ချစ်သက်လက်ဆောင်များ ဈေးကွက်သို့ ၀င်လာလျက်ရှိရာ ကမ္ဘာ့ဈေးအကြီးဆုံး နှင်းဆီပန်းစည်းများ၏ သတင်းမှာ ကျော်ကြားလျက်ရှိသည်။
အဆိုပါနှင်းဆီများကို အေရီနာကုမ္ပဏီက အီကွေဒေါနိုင်ငံတွင် စိုက်ပျိုးတင်သွင်းခြင်းဖြစ်ပြီး
နှင်းဆီပန်းများမှာ ငါးပေခန့် ရိုးတံရှည်လျားသောကြောင့် ကမ္ဘာ့အရှည်လျားဆုံးနှင်းဆီများ
လည်း ဖြစ်သည်။
နှင်းဆီရိုးတံမှာ သာမန်နှင်းဆီပန်းများထက် သာလွန်ထူးကဲစွာရှည်လျားသောကြောင့် ပွင့်ဖူးချိန်အလွန်ကြာမြင့်သည်အထိ စောင့်ဆိုင်းရကြောင်း အဆိုပါကုမ္ပဏီက ပြောကြားသည်။
အီကွေဒေါသည် ကမ္ဘာ့တတိယအကြီးမားဆုံး ပန်းထုတ်လုပ်တင်ပို့သည့်နိုင်ငံဖြစ်ပြီး ၇၃ ရာခိုင်နှုန်းမှာ နှင်းဆီပန်း ဖြစ်သည်။
ချစ်သူများနေ့အတွက် အေရီနာကုမ္ပဏီက အဆိုပါနှင်းဆီပန်းစည်းများ ထုတ်လုပ်ရောင်းချရာတွင်
နှင်းဆီပန်း ၁၀၀၀ ပါတစ်စည်းလျှင် စတာလင်ပေါင် ၉၀၀၀ (မြန်မာငွေ သိန်း ၁၅၀ ကျော်) ဖြင့် ရောင်းချမည်ဖြစ်သည်။
အဆိုပါငွေသည် မာစီဒီး အက်စ်အယ်လ် ၅၀၀ အမျိုးအစား second hand ကားတစ်စင်း
ဝယ်ယူနိုင်သည့် ပမာဏလည်း ဖြစ်သည်။အကယ်၍ သင့်အနေဖြင့် ဈေးနှုန်းပိုမိုသက်သာသည့် ပန်းစည်းဝယ်ယူလိုသည်ဆိုပါက အပွင့် ၁၅၀ ပါတစ်စည်းလျှင် စတာလင်ပေါင် ၂၀၀၀ (မြန်မာငွေ ၃၄ သိန်းကျော်)၊ အပွင့် ၅၀ ပါတစ်စည်းလျှင် စတာလင်ပေါင် ၇၅၀ (မြန်မာငွေ ၁၂ သိန်းကျော်)၊ ၂၄ ပွင့်ပါ တစ်စည်းလျှင် စတာလင်ပေါင် ၅၀၀ (မြန်မာငွေ ၈ သိန်းခွဲခန့်)ဖြင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။
သင့်ချစ်သူကို ချစ်သူများနေ့တွင် မည်သည့်နှင်းဆီပန်းစည်း ၀ယ်ယူပေးလိုပါသနည်း။
သို့မဟုတ် မည်သည့်လက်ဆောင်ပေးအပ်ရန် စဉ်းစားထားပါသနည်း။
Thursday, February 11, 2016
ကမ္ဘာ့ဈေးအကြီးဆုံးနှင်းဆီပန်းစည်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment