ဥက္ကာပျံမှန်ပြီးသေတဲ့ ပထမဆုံးလူသားလား
ပုတ်ကျလာတဲ့အရာကြောင့် ကျယ်လောင်တဲ့ အသံကြီးတစ်ခုကြီးထွက်ပေါ်ခဲ့ပြီး ချိုင့်ခွက်ကြီးတစ်ခုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံက လူတစ်ဦးဟာ ကမ္ဘာပေါ်မှာ ဥက္ကာပျံမှန်ပြီးသေတဲ့ ပထမဆုံးလူသားဖြစ်လာနိုင်ပါတယ်။ CNN ရဲ့ဖော်ပြချက်အရ အသက် ၄၀ အရွယ် အဆိုပါလူဟာ ကောင်းကင်က ပြုတ်ကျလာတဲ့ အရာတစ်ခုကြောင့် ဖေဖော်ဝါရီ ၆ ရက်နေ့က သေဆုံးခဲ့တာဖြစ်ပြီး ပြုတ်ကျလာတဲ့အရာဟာ ဥက္ကာပျံလားဆိုတာကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်း Tamil Nadu ပြည်နယ်က အင်ဂျင်နီယာကော်လိပ်ကျောင်းတစ်ကျောင်းနားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကမာရတ်လို့အမည်ရတဲ့ အဆိုပါလူဟာ ကျောင်းက ဘတ်စ်ကားမောင်းသမားဖြစ်ပါတယ်။ ပြုတ်ကျလာတဲ့အရာကြောင့် ကျယ်လောင်တဲ့ အသံကြီးတစ်ခုကြီးထွက်ပေါ်ခဲ့ပြီး ချိုင့်ခွက်ကြီးတစ်ခုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံ အာကာသရူပဗေဒ အင်စတီကျူ့က အဆိုပါကိစ္စကိုကိုင်တွယ်နေပြီး အာကာသယာဉ်အပိုင်းအစလား၊ ဥက္ကာပျံလားဆိုတာကို စစ်ဆေးနေပါတယ်။
Tuesday, February 9, 2016
ဥက္ကာပျံမှန်ပြီးသေတဲ့ပထမဆုံးလူသား
Subscribe to:
Post Comments (Atom)

No comments:
Post a Comment