Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Thursday, February 4, 2016

လူထုခေါင်းဆောင်ကို အသေသတ်မည်ဟု ဖေ့စ်ဘွတ်ပေါ်တွင် ခြိမ်းခြောက်သူအား တိုင်ကြားမှု ရှိပါက အရေးယူမည်ဟုဆို

လူထုခေါင်းဆောင်ကို အသေသတ်မည်ဟု ဖေ့စ်ဘွတ်ပေါ်တွင် ခြိမ်းခြောက်သူ
လူမှုကွန်ယက် စာမျက်နှာ (Facebook) ပေါ်တွင်ဖေဖော်ဝါရီ လ ၃ ရက်နေ့ ညပိုင်းက Ye Lwin Myint ဆိုသူ အကောင့်မှ နိုင်ငံရေး ခေါင်းဆောင် တစ်ဦးအား အသေသတ်မည်ဟု ခြိမ်းခြောက်ရေးသားခဲ့မှုကို တိုင်းကြားမှု ရှိပါက အရေုးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၊ ဒုတိုင်းမှူး ရဲမှူးကြီး က News Watch သို့ပြောသည်။
“ကျွန်တော်တို့ကတော့ မဖတ်ရသေးဘူးဗျ။ လောလောဆယ်တော့ ကျွန်တော်တို့ဆီကို မရောက်သေးဘူး။ တိုင်ကြားလို့ရှိရင် အရေးယူမလားဆိုတော့ ဒါကတော့ အရင်ကလည်း အင်တာနက် ပေါ်မှာ ရေးသားမှုတွေ ဖြစ်စဉ်တွေ ရှိခဲဖူးတယ်။ ယခင်ဖြစ်စဉ်မှာလည်း တိုင်ကြားတဲ့သူက အမှုလာဖွင့်ရင် ကျွန်တော်တို့က ဆောင်ရွက်ပေးတာပေါ့။ သူကို ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့အရေးယူမှာပေါ့ဗျာ။ ကာယကံရှင်ဘက်က တိုင်ကြားဖို့တော့ လိုတာပေါ့ဗျ။ မတိုင်ရင်တော့ မသိဘူးပေါ့။ စခန်းကို လာတိုင်ပြီလား မတိုင်ဘူးလားဆိုတာ မသိသေးဘူး။ ကျွန်တော်တို့က တခြား အလုပ်တွေနဲ့ ရှုပ်နေလို့ အဲ့ဒါတွေလည်း မဖတ်ဖြစ်ပါဘူး။” ဟု ရဲမှူးကြီးကပြောသည်။


No comments: