Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Sunday, February 7, 2016

မီးလောင်ခဲ့သော နမ်းဆန်းမြို့အခြေအနေ

အိမ်ခြေ ၂၀၉အိမ်ပျက်စီးမီးလောင်ပီး
အိမ်ထောင်စု ၂၈၅စု မီးဘေးဒုက္ခရောက်နေကြပါတယ်.

အခုလောလောဆယ် ဆန်၊ဆီ၊ဆား၊ရေသန့် များ
အဝတ်အထည်၊စောင် အကုန်အဆင်ပြေနေပီး မလိုအပ်သေးပါဘူးခင်ဗျာ.

နိုင်ငံတော်သမ္မကြီးက မနေ့က ဆန်အိတ် ၁၀၀၀နှင့် ငွေသား သိန်း၁၀၀၀ကျပ် လှူဒါန်းသွားပီး

ယနေ့တွင် KBZ Bank foundationမှ
ဆန်အိတ်များ ရေသန့်များ ဆီဗူးများနှင့်
တစ်အိမ်ထောင်စုလျှင် ၅သိန်းကျပ်နှုံးဖြင့်
စုစုပေါင်း ၁၄၂၅သိန်းကျပ် လှူဒါန်းသွားပါတယ်.





ဝေဋုကျော်ဖောင်ဒေးရှင်း၊ UNအဖွဲ့အစည်းများ၊ NGOအဖွဲ့အစည်းများ၊တစ်ခြားအမြို့မြို့အနယ်နယ်မှအရပ်ဘက် ပရဟိတလူမှုရေးအဖွဲ့အစည်းများစွာလည်းလာရောက်လှူဒါန်းကူညီနေပါတယ်ခင်ဗျာ.

ပြန်လည်ထူထောင်ရေးအတွက် အိမ်တွေပြန်ဆောက်ဖို့နဲ့လုပ်ငန်းတွေပြန်လည်လုပ်နိုင်ဖို့အတွက် ငွေသားလှူဒါန်းပေးရင် အဆင်ပြေဆုံးလို့ ဦးဆောင်ကူညီနေသည့်တာဝန်ရှိလူကြီးများနှင့်ဆရာတော်ဘုရားကမိန့်ကြားပါတယ်.

ကျောင်းနေအရွယ်ကလေးတွေအတွက်ကတော့ ဘယ်လိုစီစဉ်ပေးမလဲဆိုတာသေချာမသိသေးပါဘူးခင်ဗျာ.

နောက်ထပ်လာရောက်ကူညီလှူဒါန်းကြမည့် အဖွဲ့အစည်းများအနေနှင့် ငွေသား၊ နေ့တိုင်းချက်ပြုတ်စားသောက်နေရတဲ့ ဟင်းစာ ကုန်စိမ်းများ၊ ပြန်လည်ထူထောင်ရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းနိုင်ကြလျှင်အကောင်းဆုံးပါလို့ အကြံပေးချင်ပါတယ်ခင်ဗျာ…။

Credit - လူပျော်(ခေတ္တနမ့်ဆန်)

ပရဟိတကွန်ယက်ကတင်ဆက်ပေးနေတဲ့အကြောင်းအရာကောင်းတွေကို ပြန်လည်မျှဝေဖြင့် ကူညီနိုင်ပါတယ်။


No comments: