လမ်းဘေးမှာ ရှုးရှုးပေါက်ရင် အင်တာနက်ပေါ် အတင်ခံရမယ်
ချက်ပြည်သူသမ္မတနိုင်ငံက လမ်းဘေးမှာ အပေါ့မသွားဖို့ လုပ်ထားတဲ့ စနစ်က စည်းကမ်းဖောက်မယ့် သူတွေကို ထိတ်လန့်နေစေပါတယ်။
မြို့ပြအာဏာပိုင်တွေ အနေနဲ့ မြို့ပြန်စိမ်းလန်းစိုပြေမှု ရှိအောင် စည်းကမ်းအမျိုးမျိုးထုတ်တက်ကြပါတယ်။ ကြုံတဲ့နေရာ အမှိုက်မပစ်ရ၊ လမ်းဘေးအပေါ့မသွားရ၊ စသဖြင့် ရှိပါတယ်။
လူသွားလမ်းဘေးမှာ အပေါ့သွားလေ့ရှိတက်သူတွေအတွက် ချက်ဇ်နိုင်ငံရဲ့ စည်ပင်သာယာ ကော်မတီက အထူးစီမံချက် တစ်ခုလုပ်ထားပါတယ်။ အဲဒါကတော့ လမ်းဘေးမှာ အပေါ့သွားတက်သူတွေကို လုံခြုံရေး ကင်မရာကတဆင့် မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။ အဲဒီဗီဒီယို မှတ်တမ်းကို တကမ္ဘာလုံး ဝင်ကြည့်လို့ ရတဲ့ အင်တာနက်ပေါ်က Youtue ပေါ် တင်လိုက်မှာ ဖြစ်ပါတယ်။
ပြစ်ဒဏ်ပေးဖို့ထက် လမ်းဘေးအပေါ့သွာသူတွေအနေနဲ့ သူ့လုပ်ရပ်ကို ပြန်ပြီး အရှက်ရစေဖို့ ရည်ရွယ်တာပါ။ လမ်းဘေးအပေါ့သွားဖို့ စိတ်ကူးနေသိတွေ ဒါကို သိအောင်လည်း ဆိုင်းဘုတ်တွေ ထောင်ထားပါတယ်။


Thursday, February 4, 2016
လမ်းဘေးမှာ ရှုးရှုးပေါက်ရင် အင်တာနက်ပေါ် အတင်ခံရမယ်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment