Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Thursday, February 4, 2016

တစ်နေ့ကို ဆေးလိပ် အလိပ် ၃၀ သောက်တဲ့အဘွားအို

၉၅ နှစ်တိတိ တစ်နေ့ကို ဆေးလိပ် အလိပ် ၃၀ သောက်ခဲ့တဲ့ အသက် ၁၁၂ နှစ်အရွယ် အဖွားအို

အသက် ၁၁၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ သူမရဲ့ အသက်ရှည်စေတဲ့ လျှို့ ဝှက်ချက်ဟာ ဆေးလိပ်သောက်တာပဲ ဖြစ်တယ်လို့ ထူးဆန်းစွာ ထုတ်ဖော်ပြောပြလိုက်ပါတယ်။ ပိုပြီးထူးဆန်းတာက သူမဟာ လွန်ခဲ့တဲ့ ၉၅ နှစ်လုံးလုံး တစ်နေ့ကို စီးကရက် အလိပ် ၃၀ ခန့် နေ့စဉ်သောက်ခဲ့တယ်လို့ ဆိုလာတာပါပဲ။


Batuli Lamichhane ဆိုသူအမျိုးသမီးဟာ ၁၉၀၃ ခုနှစ် မတ်လမှာ မွေးဖွားခဲ့ပါတယ်။ သူမဟာ အသက် ၁၇ နှစ်အရွယ်ကတည်းက ဆေးလိပ်စသောက်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ သူမ အခိုင်အမာဆိုခဲ့တာက သူမရဲ့ နေ့စဉ် ၀ါသနာကတော့ ရွာထဲမှာရှိတဲ့ သူမလိုအသက်ရှည်သူတွေနဲ့ သူမရဲ့ ကလေးတွေကို ကူညီပေးရတာပဲဖြစ်ပါတယ်တဲ့။


"ကျွန်မ အသက်ဘယ်လောက်ကြီးတယ်ဆိုတာ ကျွန်မတစ်ကယ် ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ကျွန်မဟာ အသက်ကြီးပြီး အချိန်မစီး တဲ့သူတစ်ယောက် ဖြစ်နေပါတယ်။ ကျွန်မရဲ့  သက်တမ်းတစ်လျှောက်မှာ အဖြစ်အပျက်များစွာကို မြင်တွေ့ခဲ့ရပါတယ်။" လို့ဆိုပါတယ်။


ဒါပေမယ့် သူမရဲ့  အသက်အရွယ်ကို ပဓာန မထားပဲ သူမဟာ ဆေးလိပ်သမ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူမဟာတစ်နေ့ကို အများဆုံး ဆေးလိပ် အလိပ် ၃၀ လောက်ထိ သောက်နိုင်တယ်လို့ လည်း ဆိုထားပါတယ်။ "ကျွန်မဟာ နှစ်ပေါင်း ၉၅ နှစ်ကျော်လောက် ဆေးလိပ်သောက်လာခဲ့ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် မှားယွင်းမှု မရှိခဲ့ပါဘူး" လို့ သူမက ပြောပါတယ်။


ဒါပေမယ့်လည်း Batuli ဟာ ဆေးလိပ်သောက်တဲ့အခါမှာ စီးပွားဖြစ်ဆေးလိပ်တွေကို ရှောင်ကြဉ်ဖို့တော့ အကြံပေးလိုက်ပါတယ်။ သူမအနေနဲ့ သောက်စေချင်တာကတော့ ဆေးပြင်းလိပ်ဆိုတဲ့ ဆေးရွက်ကြီးကို ကွမ်းရွက်နဲ့ပတ်ထားတဲ့ ရိုးရာဆေးလိပ်တွေပဲ ဖြစ်ပါတယ်။


သူမရဲ့  ခင်ပွန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၈ ခုခန့်ကတည်းက သူမကို စွန့်ခွာသွားခဲ့ပြီး သူမရဲ့  အကြီးဆုံးသားဟာ အသက် ၈၅ နှစ်ရှိနေပြီလို့ သိရပါတယ်။ ကျန်တဲ့ သူမရဲ့  သားသမီး ၄ ယောက်ကတော့ ကွယ်လွန်သွားကြပြီလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက အင်အားပြင်းတဲ့ နီပေါ ငလျင်မှာ သူမရဲ့  အိမ်ခေါင်မိုးလည်းပါသွားခဲ့ပါတယ်။ဒါပေမယ့် သူမဟာ ဆွေမျိုးတစ်ယောက်အိမ်မှာနေထိုင်ဖို့တော့ ငြင်းဆန်ခဲ့ပြီး လက်ရှိမှာတော့ ဒေသခံ ဟိန္ဒူ ဘုရားကျောင်းတစ်ခုက လှုဒါန်းထားတဲ့ တဲအိမ်ငယ်လေးမှာ နေထိုင်နေတယ်လို့လည်း သိရပါတယ်။

Credit - Thit Htoo Lwin

ထူးခြားဆန်းပြားမှ မဖတ်ရသေးတဲ့ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို ပြန်လည် ဖတ်ရှုလိုတယ်ဆိုရင် ရာဇ၀င် ကြည့်ရန်မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။



No comments: