Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Monday, December 7, 2015

မန္တလေး-ပန်ဒိုရာ အဆီချလုပ်ငန်းမှ အမျိုးသမီးတဦးအား နှိပ်စက်ခြင်းမှာ မဟုတ်မှန်ဟု ရှင်းလင်း

မန္တလေးမြို့ ၆၃ လမ်း၊၂၇ ×၂၈ လမ်းမှ ပန်ဒိုရာ အဆီချလုပ်ငန်းပိုင်ရှင်နှင့် အလုပ်သမား (၇)ယောက်က မဇာလီဝင်းအား နှိပ်စက်သည်ဟုဆိုကာ ၄င်းတို့အမှုဖွင့်ခံရပြီး ယင်းကဲ့သို့ မပြုလုပ်ကြောင်း ပန်ဒိုရာဘက်မှ ဒီဇင်ဘာ ၅-ရက် နံနက်ပိုင်းတွင် ပြန်လည်ရှင်းလင်းသည်။

ပိုင်ရှင်ကိုယ်တိုင် ရှင်းလင်းခြင်းမရှိဘဲ အမှုတွဲတွင် ပါဝင်သည့် အလုပ်သမား (၇) ဦးတို့က ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

“မဇာလီဝင်းကို လစာ အပြည့်အဝ ထုတ်ပေးတယ်။ ကျွန်မတို့ဘက်က နိပ်စက်တာ မရှိပါဘူး။အလုပ်သမားအချင်းချင်း ငွေချေးပြီး ပြန်မပေးတာ၊ ရွှေဆွဲကြိုး ခိုးယူတာရှိတယ်။ပြန်မပေးချင်လို့ သူဖာသာသူ တိုက်ပေါ်ကခုန်ချလို့ ဒဏ်ရာရတာပါ”ဟု ပန်ဒိုရာ အဆီချ လုပ်ငန်းမှ အလုပ်သမားတဦးက ပြောသည်။
ပန်ဒိုရာပိုင်ရှင်ဇနီးမောင်နှံနှင့်၎င်းတို့၏ အလုပ်သမား ၇ ဦးကို မဇာလီဝင်း က အမှတ် ၃-ရဲစခန်း၌ အမှုဖွင့်ထားပြီး (ပ) ၃၂၄/၂၀၁၅ နာကျဉ်စေမှုပုဒ်မ ၃၂၅/၁၁၄ အရ ရဲစခန်းမှ စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

မဇာလီဝင်းသည် ၂၀၁၃ အောက်တိုဘာက ပန်ဒိုရာသို့ အဆီချလုပ်ငန်း လုပ်ကိုင်ရန် ရောက်ရှိခဲ့သော်လည်း ခွေးစာကျွေးခြင်း၊ ကလေးထိန်းခြင်းစသည့် အိမ်လုပ်ငန်းများ လုပ်ကိုင်ခဲ့ရပြီး ခွေးအိမ်ထဲတွင် အိပ်ခိုင်းခြင်း၊ အချိန်မှန် ထမင်းမကျွေးခြင်းနှင့် ရွှေဆွဲကြိုး ခိုးသည်ဟုဆိုကာ ရိုက်နှက်ခြင်းတို့ကြောင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

“ကလေးထိမ်းရတော့ ညဘက် မအိပ်ရလို့ နေ့ခင်းဘက်မှာ အိပ်ချင်တယ်။ အိပ်ငိုက်ရင် ရိုက်တယ်။ သွားတွေကိုလည်း ပိုက်နဲ့ ရိုက်တယ်။ ကျွန်မမှာ ဖိနပ်မရှိတာ ကြာပြီ။ အပြင်ထွက်ဖို့ သူများဖိနပ် ငှားစီးရင် ရှိခိုးပြီးမှ ငှားစီးခွင့်ပေးတယ်”ဟု မဇာလီဝင်းက ပြောသည်။

ပန်ဒိုရာမှ ခက်ရခက်ဆစ် ထွက်ပြေးခဲ့ဖူးသူ အမျိုးသမီးတဦးက ဒီဇင်ဘာ ၃ ရက်နေ့က ရှင်းလင်းပွဲတွင် ပြောကြားရာ၌ နည်းအမျိုးမျိုးဖြင့် နှိပ်စက် မှုများရှိကြောင်း ပြောဆိုခဲ့ပြီး၊ အလားတူ ပြဿနာမျိုး ယခင်က ရှိခဲ့ဖူးကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

သက်ဆိုင်ရာရဲစခန်းမှ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မဇာလီဝင်းကို စစ်ဆေးခဲ့ပြီးဖြစ်၍ ဆက်လက် စစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်၍ ဥပဒေအကြံပြုချက်များနှင့် တွေ့ရှိချက်များအရ ပုဒ်မ ပြောင်းလဲနိုင်ကြောင်း ရဲစခန်းမှ သိရသည်။


Posted via Blogaway

No comments: