Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Saturday, December 5, 2015

အထက်မြန်မာပြည် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် နိုင်ငံအနှံ့ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် အနိုင်ရခဲ့ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံမှုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် နိုဝင်ဘာ ၂၈ ရက်က အောက်မြန်မာပြည် အနိုင် ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြသည်။

ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီနှင့် မွန်းလွဲ ၁ နာရီတို့တွင် အထက်မြန်မာပြည် NLD အနိုင်ရ လွှတ်တော်ကိုယ် စားလှယ်များနှင့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံမှု ကို နေပြည်တော် ပြည်ထောင်စု နယ်မြေ ပျဉ်းမနားမြို့ ‘ပေ’ခန်းမတွင် နှစ်ကြိမ်ခွဲ၍ တွေ့ဆုံရန် စီစဉ်ထားသည်။

နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့မှာ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်များနှင့်တွေ့ဆုံမည်ဖြစ်ပြီး မွန်းလွဲ ၁ နာရီတွင် ကယား၊ မကွေး၊ ကချင်နှင့် ရှမ်းပြည်နယ်တို့မှာ အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ြ ဖစ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ၄၇၅ ဦး၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်းအမတ်ဦးရေ ၈၈၆ ဦးနှင့် အပြတ်အသတ် အနိုင်ရရှိထားပြီး ဖြစ်သည်။

အစိုးရဖွဲ့ခွင့်ရရှိပါက အဂတိကင်းစင်သည့် အစိုးရတရပ်ဖြစ်စေရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ် စည်းရုံးစဉ် ပြောဆိုထားခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့်လည်း ကောင်း၊ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း၊ ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ ကြသည်။

သူရဦးရွှေမန်းနှင့် ပူးတွဲကြေညာ ချက်တစောင် ထုတ်ပြန်ထားခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံမှုတွင် သီးခြားကြေညာချက် မထုတ်ပြန်ခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်မှ တွေ့ဆုံမှုအတွက် ပြည်သူလူထု၏ဆန္ဒကို အလေးထား၍ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြကြောင်း ကြေညာချက်ထုတ် ပြန်ခဲ့သည်။


Posted via Blogaway

No comments: