Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Wednesday, December 2, 2015

မန်မာပြည်သူ့ဖိုရမ် ၂၀၁၅ မှ ရရှိသည့်အချက်များကို မူဘောင်ရေးဆွဲပြီး အစိုးရသစ်နှင့် လွှတ်တော်သစ်သို့တင်မည်

မန်မာပြည်သူ့ဖိုရမ် ၂၀၁၅ ဆွေးနွေးပွဲမှ ရရှိလာသည့် အချက်အလက်များကို ပြည်သူ့ ရေးရာ မူဝါဒကျွမ်းကျင်သူများက မူဝါဒဆိုင်ရာ မူဘောင် (Policy Framework) တစ်ရပ်ရေးဆွဲကာ ၂၀၁၆ တွင် အစိုးရသစ်နှင့် လွှတ်တော်သစ်သို့ တင်ပြမည်ဖြစ် ကြောင်း မြန်မာပြည်သူ့ ဖိုရမ်လုပ် ငန်းအဖွဲ့မှ သတင်းရရှိသည်။

၂၀၁၃ ကတည်းက ကျင်းပ ခဲ့သည့် မြန်မာပြည်သူ့ဖိုရမ်များနှင့် ဒေသဆိုင်ရာ ပြည်သူ့ဖိုရမ်များ တွင် အများဆုံးဆွေးနွေးခဲ့ကြ သော ငြိမ်းချမ်းရေး၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး၊ သယံဇာတခွဲဝေရေး၊ တိုင်း ရင်းသားလူမျိုးစု အခွင့်အရေးများ နှင့် လူငယ်ဖွံ့ဖြိုးရေးစသည့် အဓိက အချက်ငါးချက်ကို စကား ၀ိုင်းဆွေးနွေးပွဲများဖြင့် ပြုလုပ် မည်ဖြစ်ကြာင်း အဆိုပါအဖွဲ့ အမှုဆောင်ဒါရိုက်တာဦးကျော် လင်းဦးက ပြောသည်။

‘‘ကျွန်တော်တို့ မျှော်လင့် တာက ဒီမူဝါဒတွေက ပြည်သူလူ ထုအသံတွေ၊ သဘောဆန္ဒတွေ ကို စုစည်းပြီး ဖော်ပြထားတာဖြစ် တဲ့အတွက် အစိုးရသစ်အနေနဲ့ ဒီမူဝါဒတွေအတိုင်း အကောင်အ ထည်ဖော်နိုင်မယ်ဆိုရင် ပြည်သူ တွေရဲ့ လိုအပ်ချက်တွေကို ဖြည့် ဆည်းပေးနိုင်မှာပါ’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်သူလူထု၏ အသံများ ကို အခြေခံသည့် မူဝါဒရေးရာမူ ဘောင်များကို လက်တွေ့အသုံး ချခြင်းဖြင့် အစိုးရသစ်နှင့် လွှတ် တော်သစ်များသည် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီပြု ပြင်ပြောင်းလဲမှု အောင်မြင်ရေး နှင့်    ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်ရေး တို့အတွက် အလားအလာကောင်း များ ရရှိမည်ဟု ယုံကြည်ကြောင်း ဦးကျော်လင်းဦးက ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိပြုပြင် ပြောင်းလဲမှုဖြစ်စဉ်တွင် ပြည်သူလူထုကို ဗဟိုပြုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကောင်အထည် ပေါ်လာစေရန်နှင့် အရပ်ဘက်လူ မှုအဖွဲ့အစည်းများနှင့် အစိုးရအ ဖွဲ့အစည်းများအကြား အပြန်အ လှန်နားလည်မှု၊ ယုံကြည်မှုများ တိုးပွားလာစေရန် ရည်ရွယ်၍ မြန်မာပြည်သူ့ဖိုရမ်ကို ၂၀၁၃ ကတည်းက နှစ်စဉ်ဒီဇင်ဘာတွင် ကျင်းပခဲ့သည်။

မြန်မာပြည်သူ့ဖိုရမ် ၂၀၁၅ ကို ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက် အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ International Business Center (IBC) တွင် နံနက် ၉ နာရီမှ ည နေ ၅ နာရီအထိ ကျင်းပမည် ဖြစ်သည်။

ယင်းစကားဝိုင်းဆွေးနွေးပွဲ တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ၌ ပါဝင်ခဲ့သည့် ပညာရှင်များ၊ လယ်ယာကဏ္ဍဆိုင်ရာ မြေယာ အသုံးချမှု မူဝါဒကျွမ်းကျင်ပညာ ရှင်များ၊ EITI အဖွဲ့တွင် ပါဝင် သည့် အရပ်ဘက်လူမှုအဖွဲ့အ စည်းမှ တာဝန်ရှိသူများနှင့် ပြည် သူလူထုတို့ ပါဝင်ဆွေးနွေးကြ မည် ဖြစ်သည်။

‘‘ကျွန်တော်တို့ မူဝါဒဆိုင်ရာ မူဘောင်ရေးဆွဲပြီးရင် အစိုးရသစ် ကို အရင်ဆုံးတင်ပြသွားမယ်။ ပြီး ရင် ပြည်သူတွေသိရှိအောင် ချပြသွားမယ်။ လက်ရှိအစိုးရ လက်ထက်မှာလည်း ကျွန်တော် တို့ ဆွေးနွေးတင်ပြချက်တွေကို အခြေခံပြီး လုပ်ဆောင်တာတွေ တွေ့ရပါတယ်’’ဟု ဦးကျော်လင်း ဦးက ပြောသည်။

ငြိမ်းချမ်းရေးကဏ္ဍ ဆွေးနွေးရာတွင် နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စ ရပ်များ၌ အားလုံးပူးပေါင်းကာ ဆွေးနွေးရန် လိုအပ်ကြောင်းနှင့် ပဋိပက္ခ စောင့်ကြည့်ရေးလုပ်ငန်း များကို အစိုးရသစ်အနေဖြင့် အ သက်ဝင်အောင် မည်သို့လုပ် ဆောင်မည်ကို ဆွေးနွေးးကြမည် ဖြစ်သည်။

ထို့ပြင် သယံဇာတခွဲဝေရေး နှင့် ပတ်သက်၍ အစိုးရသစ်လက် ထက်တွင် သယံဇာတခွဲဝေရေး ဆိုင်ရာ ဥပဒေတစ်ရပ်ပေါ်ပေါက် လာစေရန်၊ သယံဇာတခွဲဝေရာ တွင်လည်း တိုင်းဒေသကြီး အစိုးရက မည်မျှရရှိသည်။ ပြည်ထောင်စုအစိုးရက    မည်မျှရရှိမည်ကို ဥပဒေနှင့်အညီ ပြဋ္ဌာန်းပေးရန်  ပညာရှင်များက မြန်မာပြည်သူ့ ဖိုရမ် ၂၀၁၅ တွင် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။


Posted via Blogaway

No comments: