ကနေဒါနိုင်ငံ တောင်တန်းဒေသ များမှ ထွက်ရှိသည့် လေသန့်ဘူးများကို ဝယ်ယူရှူ နေ ရသော ပေကျင်းမြို့တွင် လေထု ညစ်ညမ်းမှု ထပ်မံမြင့်တက်လာခြင်းကြောင့် ဒီဇင်ဘာ ၁၈ ရက် နံနက်တွင် ဒုတိယအကြိမ် အနီရောင်အဆင့် သတိပေးချက်ကို တာဝန်ရှိသူ များက ထုတ်ပြန် ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။
ပထမအကြိမ် သတိပေးချက်ကို ပြီးခဲ့သည့် ရက်သတ္တပတ် က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး လေးရက် ကြာမြင့်မည့် ယခု ဒုတိယအကြိမ် သတိပေးချက် သည် ဒီဇင်ဘာ ၁၉ ရက် နံနက်မှစတင် အသက်ဝင်မည် ဖြစ်သည်။
ပေကျင်းမြို့တွင် လက်ရှိဖြစ်ပေါ် နေသည့် လေထု ညစ်ညမ်းမှု အခြေအနေများ အရ တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခန့် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန် သင့်ကြောင်း ပေကျင်းမြို့တော်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး ဗျူရိုမှ အင်ဂျင်နီယာချုပ် ယုကျန်ဟွာ က ပြောကြား ထားသည်။
ပေကျင်းမြို့တွင် လေထု ညစ်ညမ်းမှု သတိပေးချက်နှင့် ပတ်သက်၍ အရောင် လေးရောင် ခွဲခြားသတ်မှတ်မှု ကို ၂ဝ၁၃ ခုနှစ်၌စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပထမဆုံး အကြိမ် အနီရောင်အဆင့် သတိပေးမှုကို ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လေထု ညစ်ညမ်းမှုများ မြင့်တက် လာခြင်းကြောင့် ကနေဒါနိုင်ငံမှ စွန့်ဦးတီထွင် ကုမ္ပဏီ တစ်ခုသည် တောင်တန်းဒေသ များမှ သန့်ရှင်း လတ်ဆတ်သော လေများကို ဘူးအတွင်း ထည့်သွင်းကာ တရုတ်နိုင်ငံသို့ ရောင်းချမှုအား ပြီးခဲ့သည့် နှစ်လခန့်က စတင်ခဲ့ခြင်း ဖြစ်သည်။
ယင်း ကနေဒါ ကုမ္ပဏီသည် ၇ ဒသမ ၇ လီတာပါရှိ လေသန့်ဘူး တစ်ဘူးလျှင် ယွမ် ၁ဝဝ နှုန်းဖြင့် ရောင်းချနေခြင်း ဖြစ်ပြီး တရုတ်နိုင်ငံမှ ဖြန့်ချိ ရောင်းချသည့် သတ္တုဆား သို့မဟုတ် ဓာတ်ငွေ့ ပျော်ဝင်နေသည့် စမ်းရေဘူးများ၏ ဈေးနှုန်းထက် အဆ ၅ဝ ပိုမို ဈေးကြီးကြောင်း သိရသည်။
Posted via Blogaway

No comments:
Post a Comment