Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Wednesday, December 2, 2015

မျက်နှာပြင်အကျယ် ၆ လက်မရှိ Huawei Mate 8 ပေါ်ထွက်

လူအများမျှော်လင့်ထားသည့်အတိုင်း Huawei ကုမ္ပဏီက ၎င်းတို့၏ အဆင့်မြင့်ဆုံး စမတ်ဖုန်းဟုခေါ်သော Mate 8 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပြီဖြစ်သည်။

ယင်းစမတ်ဖုန်းကို Huawei ကုမ္ပဏီ၏နောက်ဆုံးပေါ် kirin 950 SoC ဟုခေါ်သော ချပ်စ်ဖြင့် ထုတ်ထားခြင်းဖြစ်ပြီး octa-core CPV သုံးထားကာ Mali T 880 Mp4 GPU ကို သုံးထားသည်။

မျက်နှာပြင်မှာ ၆ လက်မကျယ်ပြီး FHD I Ps အမျိုးအစား ဖြစ်သည်။ ထို့ပြင် iS ပရိုဆက်ဆာ ပူးတွဲပါဝင်ပြီး
ပြောစကားများမှတ်မိနိုင်ကာ စွမ်းအင်သုံးစွဲမှုနည်းသော MP3 စနစ်တို့ပါဝင်ကြောင်း Huawei ကုမ္ပဏီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အာကာသယာဉ်များ တည်ဆောက်ရာတွင်သုံးသည့်  အလူမီနီယံသတ္တုဖြင့် ထုတ်လုပ်ထားသော Mate 8 စမတ်ဖုန်းများတွင်  စိန်ဖြတ်မှန်သားပြင်ပါဝင်ပြီး လက်ဗွေရာအာရုံခံကိရိယာပါဝင်သည်။

နောက်ကင်မရာမှာ ဆိုနီကုမ္ပဏီ၏နောက်ဆုံးပေါ် IMX 298 သုံးထားပြီး 16 MP ရှိကာ ရှေ့ကင်မရာမှာ 8MP ရှိသည်။

4000mAh ဘက်ထရီကိုသုံးထားပြီး မှတ်ဉာဏ် 3GB/32GB, 4GB/64GB နှင့် 4GB/128GB စသည်ဖြင့် ဝယ်ယူနိုင်သည်။ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၄၈၀၊ ၅၉၀နှင့် ၇၀၀ တို့ဖြစ်ပြီး ရွှေရှန်ပိန်ရောင်၊ငွေလရောင်၊ အာကာသမီးခိုးရောင်နှင့် အညိုရောင်တို့ဖြစ်သည်။

OS အနေဖြင့် Android 6.0 Marshmallow သုံးထားပြီး အသံဖြင့် ထိန်းချုပ်သော စနစ်၊ စွမ်းအင်ချွေတာရေးစနစ် စသည်တို့ပါဝင်ကာ လောလောဆယ်တရုတ်နိုင်ငံတွင် ဝယ်ယူရရှိနိုင်သည်။ နိုင်ငံတကာအတိုင်းအတာဖြင့် လာမည့်နှစ်ဇန်နဝါရီတွင် အသေးစိတ်ကြေညာမည်ဟု Huawei က ပြောသည်


Posted via Blogaway

No comments: