Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Wednesday, December 2, 2015

အာဏာလွှဲပြောင်းမှုကာလ အထောက်အကူဖြစ်စေရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ထောက်ပံ့မည့်ကာလ တစ်နှစ်ထပ်မံတိုးမြှင့်

 မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအာဏာ   လွှဲပြောင်းမှု ကာလအတွင်း   ထိခိုက်နစ်နာ လွယ်သော ပြည်သူများအား စားနပ်ရိက္ခာအထောက်အပံ့များ ထောက်ပံ့ရန် သက်တမ်း  ၂နှစ်ထပ်မံတိုးမြှင့်ခဲ့ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က သတင်းထုတ်ပြန် သည်။

ထိခိုက်နစ်နာလွယ်သော ပြည်သူများထံ စားနပ်ရိက္ခာ ထောက်ပံ့ပေးရေး စီမံကိန်းကို ယခုနှစ်ကုန်တွင် ရပ်နားရန်စီစဉ် ထားသော်လည်း မကြာမီရွေး ကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်များနှင့် ၂၀၁၆ နှစ် ဦးတွင် အစိုးရသစ်ဖြစ်လာမည့် အတိုက်အခံပါတီ အထောက်အ ကူဖြစ်စေရန် စီမံကိန်း ၂၀၁၇ အထိ သက်တမ်းတိုးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု WFP သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘လွန်ခဲ့တဲ့ နှစ်များအတွင်း မြန်မာက သိသာထင်ရှားတိုးတက် မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ ပေမဲ့လည်း လုပ်ဆောင်စရာတွေ ကျန်နေပါသေးတယ်။ ဒီအရေး ပါတဲ့   အကူးအပြောင်း ကာလ ရှည်အတွင်းမှာ မြန်မာပြည်သူ တွေကို ဆက်လက်အကူအညီ ပေးသွားဖို့က အရေးကြီးပါတယ်’’ ဟု မြန်မာနိုင်ငံ ဌာနေကိုယ်စား လှယ် Dom Scalpelli က ပြော  ကြားသည်။

ယခုတိုးမြှင့်လိုက်သော စီမံ ကိန်းသည် ၂ နှစ်စာအတွက် စား နပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့ မှုကို လူဦးရေ ၂ ဒသမ ၉ သန်း အား ထောက်ပံ့ပေးနိုင်မည့် ငွေ ကြေးပမာဏရရှိထားသည်။ လာမည့် ၂ နှစ်အတွင်း စားနပ် ရိက္ခာအပြင် ရောင်းဝယ်ဖောက် ကားနိုင်သော ဒေသများ၌ ငွေ ကြေးပါ ထောက်ပံ့မည်ဖြစ်သည်။

ထို့အပြင် WFP သည် လာ မည့်  ၂ နှစ်အတွင်း မြန်မာနိုင်ငံ တွင် ဆင်းရဲနွမ်းပါးမှု၊ စားနပ် ရိက္ခာမလုံလောက်မှုနှင့် အာဟာရ ချို့တဲ့မှုကို ဆက်လက်လုပ်ဆောင်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိသည့်အနက် ၂၆ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု အခြေအနေပြ မျဉ်းအောက်၌ ရောက်ရှိနေပြီး ကလေးသူငယ် ၃၅ ရာခိုင်နှုန်းသည့် ရေရှည်အာ ဟာရချို့တဲ့မှုကြောင့် ကြီးထွား မှုနှုန်းတန့်သည့် အရပ်ပုခြင်းကို ခံစားနေရသည်။

၂၀၁၅ တွင် ဖြစ်ပွားခဲ့သောရေကြီးနှုန်းနှင့် မြေပြိုမှုများကြောင့်လူပေါင်း ၄၄၀,၀၀၀ ခန့်သည်  စားနပ်ရိက္ခာ လိုအပ်လျက်ရှိ သည်။ ထို့အပြင် သမ္မတဦးသိန်း စိန်၏သက်တမ်း ၂၀၁၁ -၂၀၁၂ တွင် ပြည်တွင်း၌ ဖြစ်ပွားခဲ့သော ပဋိ ပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ လူပေါင်း တစ်သိန်း ခုနစ်သောင်းကျော်သည် ယနေ့ အချိန်ထိ စားနပ်ရိက္ခာလိုအပ် လျက်ရှိသည်။


Posted via Blogaway

No comments: