Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Saturday, December 5, 2015

ရဲတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးခဲ့ရသည့် အမှုမှ ပြစ်မှုကျူးလွန်သူကို တရားရုံးမှ သေဒဏ်ချမှတ်

၂.၉.၂၀၁၅ ရက်နေ့ ၁၁၃၀ အချိန်ခန့်တွင် သန်လျင်မြို့မရဲစခန်းမှ  ရဲအုပ် အောင်နိုင်၊ ရဲတပ်ကြပ် သူရလွင်တို့ ပါဝင်သည့်အဖွဲ့သည် တရားခံပြေးဖြစ်သူ တင်မြင့်(ခ)အေးလွင်မှာ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ (၁၈)ကုန်းထိပ်ရှိ တည်းခိုခန်းတွင်ရောက်ရှိနေကြောင်းသတင်းအရ သွားရောက် ဖမ်းဆီးစဉ် တင်မြင့်(ခ)အေးလွင်မှ ပြန်လည်ခုခံခဲ့သဖြင့် ရဲအုပ် အောင်နိုင်နှင့် ရဲတပ်ကြပ် သူရလွင်တို့မှာ ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ကျူးလွန်ခဲ့သူ တင်မြင့်အား ဖမ်းဆီးရမိခဲ့ပြီး သန်လျင်မြို့မ ရဲစခန်း(ပ)၅၆၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂/၃၃၂ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့ပါသည်။

အမှုအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဥပဒေအကြံပြုချက်နှင့်အညီ  ၂၉.၉.၂၀၁၅ ရက်နေ့တွင် တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ ခဲ့ရာ ပြစ်မှုကြီးအမှတ် ၅၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂/၃၃၂ ဖြင့် လက်ခံ စစ်ဆေးခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ၄.၁၂.၂၀၁၅ ရက်နေ့တွင် တောင်ပိုင်း ခရိုင်တရားရုံးမှ တရားခံ တင်မြင့်(ခ) အေးလွင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၀၂(၁)(ခ)အရ သေဒဏ်(မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေ) အမိန့်ချမှတ်ခဲ့ပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၃၂ အရ အလုပ်နှင့် ထောင်ဒဏ်(၃)နှစ်ကျခံစေရန်နှင့် ပြစ်ဒဏ်(၂)ရပ်အား သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Posted via Blogaway

No comments: