ရပ်ကွက်အတွင်းရှိ ဆိတ်များအား လိုက်လံအဓမ္မပြုကျင့်သူကို ရဲတပ်ဖွဲ့ကဖမ်းဆီး
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ကာရီဗီလီတွင်နေထိုင်သော ရှာရွန် ခရုဇ်ပီစီနာဆိုသည့် အမျိုးသမီးတစ်ဦးသည် သူမ၏ ဆိတ်သုံးကောင်ကို လူတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ဖွယ်ရှိကြောင်း
ယူဆသဖြင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သည်ဟု ဆိုသည်။
ခရုဇ်က အဆိုပါဆိတ်များကို လွန်ခဲ့သော ငါးနှစ်က ၀ယ်ယူထားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ခံစားနေရသည့်ဝေဒနာကို ကုသရန်အတွက် ဆိတ်နို့ရရှိရန်ဖြစ်သည်ဟုဆိုသည်။
ယခင်နှစ် နွေရာသီအတွင်းကပင် အဆိုပါအမျိုးသားသည် သူမ၏ ဆိတ်များကို အဓမ္မပြုခဲ့ဖွယ်ရာရှိသည်ဟု ယုံကြည်ကြောင်း ခရုဇ်က ပြောကြားသည်။
ယင်းအမျိုးသားသည် ၂၀၁၄ ခုနှစ်အတွင်းကလည်း တိရ စ္ဆာန်များကို အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသူဖြစ်သည်။
ဖလောရီဒါပြည်နယ်တွင် မူလက တိရ စ္ဆာန်များကို အဓမ္မပြုကျင့်မှုမှာ ပြစ်မှုမမြောက်ချေ။
၂၀၁၁ ခုနှစ်တွင်မူ တိရ စ္ဆာန်များကို အဓမ္မပြုကျင့်မှုကို ပြစ်မှုမြောက်ကြောင်း ပြဌာန်းလိုက်ခြင်း ဖြစ်သည်။
အဆိုပါအမျိုးသားနေထိုင်ရာ နေအိမ်၏ မိုင်အနည်းငယ်ဝန်းကျင်အတွင်း နေထိုင်သူအားလုံး ၎င်းတို့၏ ဆိတ်များကို အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ခရုဇ်က ပြောကြားသည်။
ယခုအခါ ခရုဇ်၏ ဆိတ်များကို ဒီအင်အေစစ်ဆေးထားပြီး ရလဒ်ကို စောင့်ဆိုင်းဆဲဖြစ်သည်။
Credit: ဖိုးသူတော်
ထူးခြားဆန်းပြားမှ မဖတ်ရသေးတဲ့ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို ပြန်လည် ဖတ်ရှုလိုတယ်ဆိုရင် ရာဇ၀င် ကြည့်ရန်မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။


Friday, February 5, 2016
ဆိတ်တွေကိုတောင်အလွတ်မပေးတဲ့သူ အဖမ်းခံရပြီလေ..
Subscribe to:
Post Comments (Atom)

No comments:
Post a Comment