Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Thursday, March 24, 2016

ကလေးကစားစရာ ကားနဲ့ တိုက်မိပြီး လျော်ပေးမှ ထမယ်ဆိုတဲ့လူ

ကလေးကစားစရာ ကားနဲ့ တိုက်မိပြီး လျော်ပေးမှ ထမယ်ဆိုတဲ့လူ

ကားတိုက်မှုဟာ တရုတ်အွန်လိုင်းမှာ ပြန့်နှံ့သွားခဲ့ပါတယ်။ထူးဆန်းတဲ့ ကားတိုက်မှုတစ်ခု တရုတ်နိုင်ငံ ဟူနန်ပြည်နယ် Changde မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ ပုံပါအတိုင်း ကလေးကစားစရာ ကားတစ်စီးဟာ အမျိုးသမီးတစ်ဦးကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ဒီလို တိုက်မိတဲ့အခါမှာ အမျိုးသမီးဟာ အလျော်မပေးမခြင်း မထတော့ဘူးဆိုပြီး ကားရှေ့မှာ ထိုင်နေပါတယ်။

ကားမောင်းလာတဲ့ ကလေးရဲ့မိဘတွေနဲ့ အဆိုပါအမျိုးသမီးဟာ လျော်ကြေးအတွက် စကားတွေ များကြပါတယ်။ အသက် ၅ နှစ်အရွယ် ကားမောင်းသမားဖြစ်သူကတော့ အမေဖြစ်သူရဲ့လက်ကိုဆုပ်ပြီး သူ့ရဲ့လုပ်ရပ်အတွက် ရှက်ရွံ့စွာ ကြည့်နေခဲ့ပါတယ်။ အဆိုပါ ကားတိုက်မှုဟာ တရုတ်အွန်လိုင်းမှာ ပြန့်နှံ့သွားခဲ့ပြီး ကလေးကစားစရာကားဖြစ်ပေမဲ့ တိုက်ခံရသူဟာ အသက်ကြီးနေပြီဖြစ်တာကြောင့် တစ်ခုခုဖြစ်သွားနိုင်တယ်လို့လည်း  မှတ်ချက်ပေးသူတွေ ရှိခဲ့ကြပါတယ်။


No comments: