Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Thursday, February 11, 2016

ကင်းမြီးကောက် အကိုက်ခံရလို့ အစာအိမ်ထုတ်လိုက်ရသူ

ကင်းမြီးကောက်အကိုက်ခံရသောကြောင့် အစာအိမ်ထုတ်လိုက်ရသည့် ကင်းမြီးကောက်အလှမွေးသူ

အင်္ဂလန်နိုင်ငံသားတစ်ဦးဖြစ်သူ ဒင်းန်အမ်းစထရောင်းဆိုသူသည် ကင်းမြီးကောက်များ စုဆောင်းမွေးမြူလေ့ရှိသူတစ်ဦး ဖြစ်သည်။ ၂၀၁၂ ခုနှစ်အီစတာပွဲတော်အတွင်း လန်ဒန်အရှေ့ ပိုင်း

ရှိ အိမ်မွေးတိရ စ္ဆာန်အရောင်းဆိုင်တစ်ခုမှ ကင်းမြီးကောက်တစ်ကောင် ၀ယ်ယူခဲ့ပြီး ဆူးဟု နာမည်ပေးကာ မွေးမြူထားခဲ့သည်။


တစ်နေ့တွင်မူ အမ်းစထရောင်းသည် ဆူးကို အစာကျွေးနေစဉ် လက်ကိုအကိုက်ခံလိုက်ရသည်

ဟုဆိုသည်။ယင်းသို့အကိုက်ခံရပြီး တစ်မိနစ်ခန့်အကြာတွင် အမ်းစထရောင်းသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။


အမ်းစထရောင်း၏ နေအိမ်တွင် သန့်ရှင်းရေးလုပ်သူက အဆိုပါဖြစ်ရပ်ကို တွေ့မြင်ပြီး အရေးပေါ်လူနာတင်ကားခေါ်ယူကာ လန်ဒန်အရှေ့ ပိုင်းရှိ ၀ှစ်စ်ခရော့စ် ဆေးရုံသို့ ပို့ဆောင်ခဲ့

သည်။


ဆရာဝန်များကအမ်းစထရောင်းကိုသွေးသွင်းပေးခဲ့ရသည်။“ကျွန်တော့်ရဲ့ကိုယ်ခန္ဓာညာဘက်တစ်ခြမ်း

 လေဖြတ်သလိုဖြစ်သွားတယ်။ ဖြစ်စက သေပြီလို့ထင်ပြီး တော်တော်တုန်လှုပ်သွားပါတယ်။ ဆေးရုံရောက်ပြီး တစ်နာရီလောက်ကြာတော့ သက်သာလာတယ်။ ဆူးကတော့ ဒီလိုဖြစ်ပြီးနောက်ပိုင်း အသတ်ခံလိုက်ရပြီ

ထင်ပါတယ်။ ”ဟု အမ်းစထရောင်းက ပြောကြားသည်။


နောက်တစ်နေ့တွင် အမ်းစထရောင်းကို ဆေးရုံဆင်းခွင့်ပြုလိုက်သည်။

သို့ရာတွင် ရက်သတ္တပတ်အတန်ကြာသည့်အခါ အပြင်းအထန်နာကျင်မှုများ ခံစားလာရသောကြောင့် ဆေးရုံတွင်ပြန်လည်ပြသရာ ကင်းမြီးကောက်အဆိပ်ကြောင့် အမ်းစထရောင်း၏ ပန်ကရိယနှင့် အစာအိမ်တို့ပျက်ဆီးသွားကြောင်း တွေ့ရှိခဲ့ကြသည်။


ထို့ကြောင့် အမ်းစထရောင်း၏ အစာအိမ်၊ သည်းခြေအိတ်၊ ပန်ကရိယ၏ တစ်ဝက်နှင့် အူအ

စိတ်အပိုင်းအချို့ ဖြတ်တောက်ဖယ်ရှား လိုက်ရသည်။အမ်းစထရောင်းသည် ယခုအခါ ၀မ်းဗိုက်ကို

 ဖောက်၍ အစာဟောင်းစွန့်သည့်အိတ် ချိတ်ဆွဲတပ်ဆင်ထားရသော်လည်း ကင်းမြီးကောက်များကိုမူ ချစ်မြတ်နိုးဆဲဖြစ်ကြောင်းနှင့် ဆက်လက်ဝယ်ယူမွေးမြူသွားဦးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။


No comments: