အွန်လိုင်းပေါ်တွင် ပျံ့ နှံ့ကျော်ကြားနေသော ဘောင်းဘီအကျပ်ဝတ်ကြောင်ကလေးများ
ယခုတလောတွင် အွန်လိုင်းအသုံးပြုသူတို့က ၎င်းတို့၏ကြောင်ကလေးများကို လူတစ်ယောက်ဘောင်းဘီဝတ်ထားသကဲ့သို့ ဘောင်းဘီအကျပ်များ ၀တ်ဆင်ပေးထားသည့်ပုံများ ပြန့်နှံ့လျက်ရှိသည်။
အဆိုပါပုံများကို တွေ့မြင်ရသူတို့ကလည်း ၎င်းတို့၏ ကြောင်ကလေးများကို ဘောင်းဘီကျပ်များ ၀တ်ဆင်ပေးကာ အွန်လိုင်းပေါ်တင်လာကြပြန်သည်။ ဘောင်းဘီကျပ်များဝတ်ဆင်ပေးရာတွင် အများဆုံးအသုံးပြုကြသည့် တံဆိပ်မှာ Gucci ဖြစ်သည်။
အချို့ ပုံများတွင် ဘောင်းဘီသာမကပဲ ၎င်းတို့၏ကြောင်ကလေးများကို လမ်းလျှောက်ဖိနပ်ပင် ၀တ်ဆင်ပေးထားသည်ကိုလည်း တွေ့ရသည်။
ဆွီဒင်နိုင်ငံသူ ဘလော့ဂါဖြစ်သော ကက်ဂျာဝပ်ဖ်က သူမ၏ကြောင်ကလေးကို ဘောင်းဘီကျပ်မျိုးစုံ ၀တ်ဆင်ပေးကာ လူမှုကွန်ယက် Tumblr တွင် တင်ထားသော ရုပ်ပုံများမှာ များစွာလူကြိုက်များလျက်ရှိသည်။
ချစ်သောကြောင်ကလေးကိုလည်း ဘောင်းဘီအကျပ်များဝတ်ဆင်ကြည့်ပေးနိုင်ပါသည်။
Credit: ဖိုးသူတော်
ထူးခြားဆန်းပြားမှ မဖတ်ရသေးတဲ့ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို ပြန်လည် ဖတ်ရှုလိုတယ်ဆိုရင် ရာဇ၀င် ကြည့်ရန်မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။


Saturday, February 6, 2016
အွန်လိုင်းပေါ်တွင် ပျံ့ နှံ့ကျော်ကြားနေသောကြောင် ခြေစွပ်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment