Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Monday, February 8, 2016

ခြင်​​ထောင်​တလုံးနဲ့​လျှောက်​လည်​သူ

ကာနေဗယ်လ်ပွဲတော်မှာ ခြင်ထောင်တစ်လုံးနဲ့ လျှောက်လည်သူ

ဘရာဇီးလ်ရဲ့ နာမည်အကျော်ကြားဆုံး ကာနေဗယ်လ်ပွဲတော်ကတော့ သောကြာနေ့ကတည်းက စတင်နေပါပြီ။ ဘရာဇီးနိုင်ငံသားတွေအားလုံး ပါဝင်ဆင်နွှဲကြသလို ပြည်ပက ခရီးသွားတွေကလည်း တကူးတက လာရောက်ဆင်နွှဲကြတဲ့ပွဲတော်ပါ။


ဒီနှစ် ကာနေဗယ်လ်ကတော့ ဇီကာကြောင့် စိုးရိမ်စရာတွေ ရှိနေခဲ့ပါတယ်။ သို့ပေမယ့်လည်း ဘရာဇီးအကအဖွဲ့တွေနဲ့ ဖျော်ဖြေရေးသမားတွေကတော့ ခြင်ကိုက်ခံရလို့ ဇီကာဗိုင်းရပ်စ် ကူးစက်မှာကို အမှုမထားဘဲ သေးငယ်တဲ့အဝတ်အစားလေးတွေဝတ်ပြီး ဖျော်ဖြေနေကြတာပါ။

အလှပြယာဉ်ကြီးတွေ၊ အကအဖွဲ့တွေက ဇီကာကို အရေးမစိုက်ပေမယ့် ခရီးသွားတစ်ဦးကတော့ သူ့ကိုယ်သူ အပြည့်အဝ ကာကွယ်ထားပါတယ်။ ခြင်ကိုက်ခံရမယ့်ဘေးက ကင်းဝေးအောင် တစ်ကိုယ်လုံးကို ခြင်ထောင်ထဲ ထည့်ထားခဲ့တာဖြစ်ပါတယ်။ ခေါင်းအစ အခြေအဆုံး အဖြူရောင် ဇာခြင်ထောင်တစ်လုံးနဲ့ ဖုံးလွှမ်းထားတဲ့ အဲ့ဒီအမျိုးသားကတော့ ဘရာဇီးအကမယ်တွေထက်တောင် ပိုပြီး လူစိတ်ဝင်စားတာခံခဲ့ရပါသေးတယ်။


တစ်ချို့တွေကတော့ လက်ညှိုးထိုး လှောင်ပြောင်ကြပေမယ့် သူကတော့ ထီးတစ်လက်ပေါ် ဇာအုပ်မိုးထားတဲ့ ခြင်ထောင်တစ်လုံးနဲ့ လျှောက်လည်နေခဲ့တာပါ။

Credit : duwun

ထူးခြားဆန်းပြားမှ မဖတ်ရသေးတဲ့ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကို ပြန်လည် ဖတ်ရှုလိုတယ်ဆိုရင် ရာဇ၀င် ကြည့်ရန်မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။








No comments: